Huawei Mate 20 Pro

in #huawei6 years ago

Huawei Mate 20 Pro မှာမျက်နှာပြင် 6.9 လက်မဖြစ်လာမှာဖြစ်ပြီး Samsung ထုတ် OLED သုံးလာမည် ”

Huawei ဟာ စမတ်ဖုန်းသမိုင်းမှာ ကျောဘက်ကင်မရာသုံးလုံးပါဝင်တဲ့ ပထမဆုံးဖုန်း Huawei P20 Pro အပါအ၀င် P20 နှင့် P20 Lite (nova 3e) တို့ကို ရောင်းချနေပြီဖြစ်ပါတယ်။ Huawei ဟာ P စီးရီးကြေညာပြီးတဲ့နောက် ယခုနှစ်နှောင်းပိုင်းမှာကြေညာလာမယ့် အရွယ်အစားကြီးအဆင့်မြင့် စမတ်ဖုန်း Mate စီးရီးအတွက် အာရုံစိုက်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ယနေ့ The Bell က ဖော်ပြထားတဲ့သတင်းအရ Huawei Mate 20 Pro က မျက်နှာပြင် 6.9 လက်မအထိ ကြီးမားလာမှာဖြစ်ပြီး Samsung Display ထုတ် OLED ရုပ်ထွက် အသုံးပြုလာမှာဖြစ်ကြောင်း သိရပါတယ်။

Samsung ဟာ Huawei Mate 20 Pro မှာ အသုံးပြုလာမယ့် OLED များကို စမ်းသပ်ထုတ်လုပ်မှုများ ပြုလုပ်ထားပြီးဖြစ်ကာ တတိယသုံးလပတ်(ဇူလိုင်မှ စက်တင်ဘာ)အတွင်းမှာ အပြီးသတ်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Huawei Mate 20 Pro မှာ OLED ရုပ်ထွက်အသုံးပြုလာမှာ ဖြစ်တာကြောင့် ဈေးနှုန်းကလည်း မြင့်မားလာဖို့ ရှိပါတယ်။ ယမန်နှစ် iPhone X မှာအသုံးပြုခဲ့တဲ့ OLED က ဒေါ်လာ 100 အထက်မှာရှိခဲ့ပါတယ်။ ဒါ့အပြင် မီဒီယာအချို့ကလည်း Huawei ဟာ မျက်နှာပြင် 6.9 လက်မရှိ OLED ကို Mate 20 မှာသုံးလာဖို့ မရှိသေးဘဲလာမယ့် 2019 ခုနှစ် ပထမသုံးလအတွင်းမှာ ကြေညာလာမယ့် P20 မှာမှ သုံးလာမယ်လို့လည်း ရေးသားနေကြပါတယ်။

Huawei ဟာ Mate 20 နှင့် Mate 20 Pro တို့ကိုလာမယ့် အောက်တိုဘာလ၀န်းကျင်မှာ ကြေညာလာဖို့ ရှိပါတယ်။ တစ်ခုရှိတာကတော့ Huawei ဟာ Mate 20 ကို ပုံမှန်အတိုင်းမျက်နှာပြင် 6.1 လက်မသုံးကာ Pro ဗားရှင်းကို 6.9 လက်မသုံးလာနိုင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ Huawei ဟာ ပုံမှန်ဗားရှင်းမှာ LCD သုံးပြီး Pro ဗားရှင်းမှာ OLED သုံးနိုင်ပါတယ်။35166909_1745631218858030_7626841824308494336_n.jpg