ကန်စွန်းရွက်

in #writing6 years ago

မီးဖိုချောင်ကနေ အာဟာရဓာတ်ကြွယ်ဝစွာရနိုင်တဲ့ အရွက်တစ်မျိုးကတော့ ကန်စွန်းရွက်ပဲဖြစ်ပါတယ်။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ စီ၊ ဘီဝမ်း၊ဖောလစ်အက်ဆစ်၊ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဆာဖာ၊ ပိုတက်စီယမ်၊ကာရိုတင်း၊ ဖော့စ်ဖရပ်စ်၊အိုင်အိုဒင်းနဲ့သံဓာတ်တို့ပါဝင်တဲ့အပြင်အင်တီအောက်ဆီးဒင့်လည်း များစွာပါဝင်တာကို တွေ့ရပါတယ်။

ကန်စွန်းရွက်ကိုကြော်စား၊ ချက်စား၊ သုပ်စားတာတို့အပြင် ဆေးဝါးအဖြစ်နဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဘယ်လို ဘယ်လိုကောင်းကျိုးအာနိသင်တွေ ရနိုင်သလဲဆိုတော့ –
ကန်စွန်းရွက်ကို မကြာခဏစားသုံးပေးရင် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြီး ခွန်အားဗလကိုတိုးတက်စေကာ အပူဒဏ်၊အအေးဒဏ်တွေကို ခံနိုင်စေပါတယ်။ သွေးကြောထဲက အဆီတွေကိုဖယ်ရှားပေးနိုင်တဲ့အပြင် သွေးတိုးနေတဲ့သူတွေစားသုံးပေးရင်သွေးဖိအားကို လျော့ကျစေပြီး သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတွင်းရှိ သကြားဓာတ်ကိုလည်း
ကျန်းမာရေးကဏ္ဍမှာလည်း ကန်စွန်းရွက်ဟာ ဆေးဝါးဓာတ်စာအဖြစ် အသုံးဝင်ပါတယ်။ အထိုင်များပြီး အလုပ်လုပ်ရတဲ့သူတွေဟာကွန်ပြူတာသုံးရသူတွေဟာကန်စွန်းရွက်ကိုဆေးဝါးအနေနဲ့ နေ့စဉ်စားသုံးပေးသင့်ပါတယ်။ မကြာခဏ ဇတ်ကြောတက်၊ ကိုယ်လက်လေးလံပြီးဖျားချင်သလိုဖြစ်နေရင် ကန်စွန်းရွက်ကို ကြိတ်ညှစ်ကာရလာတဲ့အရည်ကို ဆားအနည်းငယ်နဲ့ရောကာ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်
စားပွဲတင်ဇွန်းတစ်ဇွန်းစား သောက်ပေးနိုင်ပါတယ်။
အစားမှားလို့ အဆိပ်အတောက် ဖြစ်ပြီဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ ကန်ဇွန်းရွက်ကို ထုထောင်းပြီး အရည်နဲ့အဖတ်ကိုသောက်သုံးပေးရင်အဆိပ်အတောက်တွေကိုချက်ချင်းပြေစေပါတယ်။ ရေနွေးပူလောင်တာ၊ ဆီပူလောင်တာ၊ အပူဟပ်တာတွေအတွက်လည်းကန်စွန်းရွက်ကိုလိမ်းပေးနိုင်ပါတယ်။
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ရာသီလာစဉ်မှာ နာကြင်ကိုက်ခဲတာတွေကို လျော့ပါးစေပြီး ရာသီမမှန်ခြင်း၊ သွေးပုပ်ကျန်ခြင်းတို့ကိုသက်သာစေပါတယ်။အသားအရေကို ကောင်းမွန်စေပြီး အရေပြားရောဂါတွေအတွက်လည်း အသုံးဝင်ပါတယ်။ ခေါင်းကိုက်၊ သွားကိုက်၊အသံဝင်၊အသံပျက်ရောဂါတွေအတွက်လည်းသက်သာစေသလိုကိုယ်အလေးချိန်လျော့ချလိုသူများ အခြားအစာတွေနေရာမှာ အစားထိုးလို့ကန်စွန်းရွက်ကိုများများစားသုံးပေးသင့်ပါတယ်။
ကဲ…… ဆေးဖက်လည်းဝင်၊ အလွယ်တကူလည်းရနိုင်တဲ့ ကန်စွန်းရွက်ရဲ့ အသုံးဝင်ပုံတွေ ကောင်းကျိုးတွေကို လေ့လာပြီးပြီဆိုရင်တော့ နေ့စဉ်စားသုံးမှုမှာ ကန်စွန်းရွက်ကို မပါမဖြစ်ထည့်သွင်းစားသုံးကြပါစို့ရဲ့။ထိန်းချုပ်ပေးနိုင်စွမ်းလည်း ရှိတာမို့ သွေးချို၊ ဆီးချိုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကန်စွန်းရွက်မှာ ပရိုတင်းဓာတ်တွေအမြောက်အမြားပါဝင်ပြီး ကယ်လ်စီယမ်၊ ကာရိုတင်းဓာတ်တွေ အလျှံပယ်ပါဝင်ကာ အမျှင်ဓာတ်တွေလည်း ပါဝင်တာမို့အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စွာ အလုပ်လုပ်စေပါတယ်။ ဝမ်းချုပ်ခြင်း၊ အစားမှားလို့ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊
အစားအသောက်ပျက်ခြင်းနဲ့ အူလမ်းကြောင်းမကောင်းလို့ ဖြစ်စေတတ်တဲ့ ဝမ်းကိုက်ခြင်း၊ သွေးဝမ်းသွားခြင်းတို့ကို ကောင်းမွန်စေပါတယ်။
ကန်စွန်းရွက်ဟာအိပ်စက်မှုကိုလှုံ့ဆော်ပါတယ်။ခဏခဏနိုးပြီးအိပ်မပျော်တဲ့ဝေဒနာတွေ ပျောက်ကင်းနိုင်ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေကာ အိပ်ရာကနိုးရင်လည်း ရွှင်ရွှင်လန်းလန်းဖြစ်စေပါတယ်။Screenshot_20181209-100215.jpg