တစ်နေ့တစ်နေ့ စာရေးဖို့ ပုံရဖို့ အာရုံထည့်ထားရတာက အချိန်ရသလိုသာပဲဗျာ။ ဒီကနေ့တော့ ...

in #appics4 years ago

... မစားရတာ ကြာပြီဖြစ်တဲ့ ထန်းဖူးထုပ်
ဝယ်စားဖြစ်ခဲ့ပါတယ်။
ထန်းဖူးထုပ် ဆိုတာက ထန်းရွက်ဖူး အရွက်ဖြင့်
ကောက်ညှင်းဆန် ကို ပြုတ်ပေါင်းထားတဲ့ စားစရာပါ။

ကောက်ညှင်း ကြိုက်သူ ဖြစ်လေတော့ ထန်းဖူးထုပ် ခေါ်
ကောက်ညှင်းထုပ် ကို အရမ်း ကြိုက်ပါတယ်ဗျ။
မြို့ပေါ်မှာတော့ ရောင်းတဲ့အသည် မတွေ့ဖြစ်လို့
ဝယ်မစား ဖြစ်ခဲ့ပါဘူး။ ခု ရွာ ရောက်နေတုန်း ဆိုတော့
တောဓလေ့ရိုးရာမုန့် အဖြစ် ရောင်းတဲ့အသည် တွေ့တော့
ဝယ်စားပစ်လိုက်ပါတယ်။

တစ်ထုပ်မှ မြန်မာငွေ တစ်ရာကျပ် သာ ကျသင့်ပေမယ့်
အများကြီးတော့ မစားဖြစ်ပါဘူး။ ကြိုက်ပေမယ့် ရင်ပြည့်
ရင်ကယ် ဖြစ်မှာလည်း စိုးရ မဟုတ်လား။
ကောက်ညှင်း က ရိုးရိုး ဆန်ထမင်း လောက် အစာမကြေတတ်
ဘူးလေဗျာ။

ကဲ ဘော်ဒါတို့ စားလှည့်ဦးဗျာ။

@golden.future

8378502d3b9d93facf3a0d5d13a2cf76

Powered by APPICS - visit us at appics.com