iPhone 2018

in #apple6 years ago

Apple ဟာ ဒီနှစ်မှာ iPhone အသစ် ၃ မျိုးကို မိတ်ဆက်သွားမယ်ဆိုတာကို လူတိုင်သိပြီးဖြစ်မှာပါ။ အခုအချိန်မှာတော့ အဆိုပါ iPhone အသစ် ၃ မျိုး ထဲက ဈေးအပေါဆုံးဖြစ်မယ့် 6.1″ LCD Display နဲ့ iPhone ရဲ့ ဒီဇိုင်းပုံတွေထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။.IMG_20180626_194622.jpg

အခု 6.1″ Display တပ်ဆင်ထားတဲ့ iPhone အသစ်ဟာဆိုရင် ယခင် iPhone X ထက််ပိုပြီး ကြီးမားတယ်လို့ ပြောလို့ရပြီးတော့ ဖုန်းရဲ့အရှေ့ပိုင်းအောက်ဖက်မှာ ဘောင်အနည်းငယ်ပိုပြီးထူနေတာကို တွေ့ရပါတယ်။ ဖုန်းရဲ့ အရှေ့ဖက် အပေါ်မှာတော့ Face ID စနစ်ပါဝင်တဲ့ Notch ပါဝင်မှာပါ။
IMG_20180626_194631.jpg
နောက်ကျောဘက်မှာကတော့ Dual Camera ကို သုံးထားတာ မတွေ့ရပဲ Single Camera ကိုပဲ အသုံးပြုထားတာကို တွေ့ရပါတယ်။ အဲ့ဒီအတွက် Apple ကနေ Screen မှာတင် LCD Display သုံးပြီး ဈေးနှုန်းသက်သာအောင် လုပ်တာတင်မဟုတ်ပဲ Camera မှာပါ လျော့ထားမယ့်ပုံပါပဲ။

ကျန်တဲ့အချက်တွေကတော့ မနှစ်က iPhone X လိုမျိုးပဲ Glass Body ကြောင့် Wireless Charging တွေပါဝင်လာမှာဖြစ်ပါတယ်။ Apple ကတော့ အခု LCD Display နဲ့ iPhone ကို ဒေါ်လာ ၆၅၀ ဝန်းကျင်နဲ့ ရောင်းချသွားဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။