About Two Foolish
#အရူးနှစ်ယောက်အကြောင်း
ဒီတစ်ရပ်ကွက်လုံးက အရူးဟု သတ်မှတ်ခံထားရသူကို ကျနော်တွေ့  တော့ အံ့အားသင့်မိသည်....
ဘေးမှာပါလာသော ကျနော့် မိတ်ဆွေကိုထပ်မေးမိသည်
''ဒီလူအရူးဆိုတာ သေချာလို့ လား''
မိတ်ဆွေက ရွံရှာသာအကြည့်ဖြင့် ထိုသူကို ကြည့်၍
''ဒီလူကိုမှ အရူးလို့  မခေါ်ရင် ကမ္ဘာပေါ်မှာ အရူးမရှိတော့ဘူး
သွက်သွက်ခါအောင်ရူးနေတာ''
''ခင်ဗျားကသာ သွက်သွက်ခါအောင် ရူးနေတယ်ပြောတာ
သူ့ ကြည့်တော့လည်း အေးအေးဆေးဆေးပါလား''
''ခင်ဗျားမယုံရင် စကားသွားပြောကြည့်ပေါ့
ဂြိုလ်သားစကားတွေပြောလိမ့်မယ်''
''အင်း စကားသွားပြောဖို့  စိတ်ဝင်စားတယ်
ခင်ဗျားလိုက်ဦးမလား''
''အာ... အရူးနဲ့ စကားပြောစရာလား
ကိုယ်ပါရူးသွားမှာပေါ့''
ကျနော်တစ်ယောက်တည်း အရူးဆိုသူထံထွက်လာခဲ့သည်...
ကျနော်သူ့ နားမရောက်ခင်မှာ
''မောင်ရင်က စာဖတ်လား''
''ဖတ်ပါတယ်ခင်ဗျ''
''စာဖတ်ဖို့ တိုက်တွန်းရင်ရော စိတ်ဆိုးတတ်လား''
''ဟာ စိတ်ဆိုးစရာလားဗျာ
ဘာလို့ အဲ့လိုမေးတာလဲ''
''စာဖတ်ဖို့ တိုက်တွန်းတာ အရူးတွေရဲ့ အလုပ်လေ... ဒီလိုစာဖတ်ဖို့  တိုက်တွန်းတာကို ဒီရပ်ကွက်ကလူတွေက စိတ်ဆိုးပြီး ကျုပ်ကို အရူးလို့  သတ်မှတ်ထားကြတာ''
''စာဆိုတာ ဖတ်သင့်တာပဲလေ
ဘာလို့ များ စာဖတ်ဖို့  တိုက်တွန်းတာကို သူတို့ က စိတ်ဆိုးရတာလဲ''
''ဒီရပ်ကွက်က လူတွေဟာ စာအုပ်ကြောက်ရောဂါသည်တွေ ချည်းပဲ...
သူတို့ ကို သူတို့ တော့ ဒီရောဂါရှိမှန်းမသိဘူး...
ဒါကြောင့်လည်း စာဖတ်တဲ့သူတွေကို ''စာအုပ်ကြိုက်ရောဂါသည်''လို့ သူတို့  ကပြန်စွပ်စွဲတယ်
ကျုပ်အိမ်က စာအုပ်စင်ကိုမြင်ပြီး
သွက်သွက်ခါအောင် ရူးနေရှာပြီလို့  သူတို့ က ထင်ကြတယ်လေ''
''ဗျာ ဒီရပ်ကွက်က အထူးအဆန်းပါလား''
''ဒါမောင်ရင့်ရပ်ကွက်မဟုတ်ဘူးလား''
''ကျနော်မနေဖြစ်တာကြာပြီ
အခုမှ ပြန်လာလည်တာ
ခင်ဗျားရဲ့ စာအုပ်စင်ကြီးကို ကျနော် မြင်ဖူးချင်တယ်''
သူ့ အိမ်ရှိရာကို ကျနော်လိုက်သွားမိသည်
အတော်အတန်ကျယ်ဝန်းသည့်ခြံ...
သီးပင်စားပင်ခြံရံလို့  မြို့ ပြစော်မနံတဲ့ ခြံ....
သင့်တင့်လှပတဲ့ တိုက်အိမ်ငယ်လေးထဲမှာ ခမ်းနားတဲ့ စာအုပ်စင်ကြီးတစ်ခု....
သူက စာအုပ်စင်ကို လက်အုပ်လေးချီပြီးကြည့်သည်
သူ့ မျက်ဝန်းထဲတွင် မြတ်နိုးလေးစားရိပ်များ သန်းနေသည်
''ထိုင်ဦးမောင်ရင်
သစ်ပင်တစ်ပင်ကို ရေလောင်းတဲ့အခါ
ကျုပ်ရင်ထဲမှာ သိပ်ချမ်းမြေ့ရတယ်
ကမ္ဘာကြီးအတွက် လူသားတွေအတွက်
ကျုပ်သစ်ပင်စိုက်ပျိုးရတာကို သိပ်ကျေနပ်တယ်
အဲ့ဒိထက်ပိုပြီး လူသားသစ်ပင်တွေကို
စိုက်ပျိုးပေးတဲ့အခါ ပိုစိတ်ချမ်းမြေ့ရတယ်''
''ဗျာ ဘာအဓိပ္ပာယ်လဲ''
''အခုကစပြီး မောင်ရင့်နှလုံးသားကို ရေလောင်းပေါင်းသင်လုပ်ရတော့မယ်...
စာဖတ်ဖို့  တိုက်တွန်းရတော့မယ်လေ'
''တိုက်တွန်းစရာမလိုပါဘူး ကျနော်လည်း စာဖတ်ချင်စိတ်ရှိပါတယ်''
''ဟုတ်လား ဘယ်လိုဖတ်ချင်တာလဲ ဘယ်လောက်ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့  ဖတ်ချင်တာလဲ''
ဒီမေးခွန်းကြောင့် ကိုယ့်ရင်ထဲ ကိုယ်ပြန်ငုံ့ ကြည့်မိသည်
ဟုတ်ပါရဲ့ ... ပြင်းအားနည်းတဲ့ ခပ်ပျော့ပျော့ ဆန္ဒတွေနဲ့ 
အပျင်းပြေဖတ်မယ်ဆိုတဲ့ အတွေးတွေနဲ့ ....
''စာကို အသက်နဲ့ ရင်းပြီး နာကျင်မှုနဲ့  ရင်းပြီး ဖတ်သွားတဲ့သူတွေအကြောင်း ပြောပြမယ်
အေဗရာဟင်လင်ကွန်း လက်ထက်မတိုင်ခင်မှာ လူဖြူ တွေဟာ လူမဲတွေကို ကျွန်အဖြစ်ဖိနှိပ်ထားတယ်... လူမည်းတွေကို စာမတတ်အောင်ထားတယ်
စာဖတ်တဲ့ လူမည်းတွေကိုဆို နှိပ်စက်တယ်...
လူဖြူ သခင်တွေဟာ လူမည်းကျေးကျွန်တွေ စာတတ်သွား မှကို သိပ်စိုးရိမ်ကြတယ်လေ
ဒေါ့ခ်ဒေါင်ဒီဆိုတဲ့ လူမည်းတစ်ယောက်က ရင်ဖွင့်တယ်
''ခင်ဗျားစာရေးနေတာ စာဖတ်နေတာကို ခင်ဗျားသခင် တွေ့  သွားရင် ပထမအကြိမ် နွားသားရေပြားနဲ့  အရိုက်ခံရမယ်
ဒုတိယအကြိမ် ကျာပွတ်နဲ့  အရိုက်ခံရမယ်
တတိယအကြိမ် လက်ညှိုးအဖြတ်ခံရမယ်''တဲ့
စာဖတ်တယ်ဆိုတာ ကျွန်တွေအလုပ်မဟုတ်ဘူး
လို့  လူဖြူ သခင်တွေက သတ်မှတ်တယ်
အေး... စာအုပ်တွေဖတ်ရင်လည်း ကျွန်စိတ်ပျောက်သွားမယ်ဆိုတာ သူတို့ က တွေးကြောက်တယ်
ကျွန်အချင်းချင်းစာပြန်သင်ပေးတာ မြင်လို့ ကတော့ အမေရိကန်တောင်ပိုင်းမှာ သေဒဏ်ပါပေးပစ်တာ
ကျွန်စနစ်တိုက်ဖျက်ရေးမှာပါခဲ့တဲ့ လူမည်းကျွန်အကြောင်း ပြောပြမယ်
သူ့ နာမည်က ဖရက်ဒရစ် ဒေါက်ဂလပ်(စ်) (Frederick Douglass)
သူကဘယ်လိုစာတတ်လာလဲဆိုတော့ သဘောကောင်းတဲ့ သူ့  သခင်မကို
အရဲစွန့် တောင်းဆိုပြီး စာတတ်အောင်သင်ခဲ့ရတာ
သူ့ သခင်ကတော့ ကျွန်တစ်ယောက်စာတတ်သွားမှာ မလိုလားလို့  တားမြစ်တယ်
ဒီလိုအခက်အခဲတွေကြားထဲက စာတွေဖတ်ရင်း နဲ့  ကျွန်စိတ်ပျောက်လာတယ်
ကျွန်အဖြစ်ကနေ သူ့ ကိုယ်သူ ရွေးနှုတ်နိုင်လောက်တဲ့အထိ သူကြိုးစားတယ်
ကျွန်ဘဝကိုလွတ်တော့
ကျွန်စနစ်ဆန့် ကျင်ရေး သတင်းစာကို ၁၃နှစ်ကြာရေးတယ်
သမ္မတလင်ကွန်းလက်ထက်မှာ လူမဲရေးရာ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာတယ်...
အဲ့ဒိခေတ်က
လူမည်းထဲမှာ အမြင့်ဆုံးရာထူးပေါ့
အဖိအနှိပ်ခံဘဝမှာကတည်းက စာတတ်လိုစိတ်ရှိခဲ့တယ်
စာတတ်သွားတော့ စာဖတ်လိုစိတ်ရှိခဲ့တယ်...
ဒီရပ်ကွက်ကလူတွေက စာတော့တတ်ကြပါရဲ့
စာဖတ်လိုစိတ် မရှိကြတော့ဘူး'''
အရူးဆိုသူရဲ့စကားတွေမှာ ကျနော်မျောပါနေမိတယ်
''ဒီမှာကြည့်''
စာအုပ်စင်ထဲမှ စာအုပ်လေးတစ်အုပ်ကို ဆွဲထုတ်၍ပြသည်
စာအုပ်နာမည်က
''Uncle Tom's Cabin''တဲ့
''အမေရိကန် ပြည်တွင်းစစ်ကို ဖြစ်စေတဲ့စာအုပ်ပေါ့... စာရေးဆရာမ ဟဲရိယက်ဘီးချာစတိုး(Harriet Beecher Stowe 1811-1896)
ရေးခဲ့တဲ့စာအုပ်
ဒါကျွန်စနစ်ကို တိုက်ဖျက်ခဲ့တဲ့စာအုပ်ပဲ....
၁၈၅၂ခုနှစ်မှာရေးခဲ့တာ...
ဒီစာအုပ်ကိုဖတ်ပြီး အမေရိကန်ပြည်သူတွေရဲ့ရင်မှာ ကျွန်စနစ်ကို မုန်းတီးလာတာ...
ဒါရသပြင်းအားပဲ... စာအုပ်ကပေးတဲ့ ရသပြင်းအား...
အမေရိကန်ပြည်တွင်းစစ်ဆိုတာ
ထက် ကျေးကျွန်တွေဘက်က ရပ်တည်ပြီး ကျွန်စနစ်တိုက်ဖျက်လိုသူ မြောက်ပိုင်းသားတွေနဲ့  ကျွန်စနစ်ကို မစွန့် လွှတ်လိုသူ တောင်ပိုင်းသားတွေရဲ့ စစ်ပွဲ...
မတရားမှုကို တော်လှန်တဲ့ပွဲ... အေဗရာဟင်လင်ကွန်းရယ်လို့  နာမည်ကျော်စေခဲ့တဲ့ မတရားမှု တိုက်ဖျက်ပွဲ...
စာအုပ်ကို ဖတ်ပြီး အမေရိကန် တစ်ပြည်လုံး ပွက်လောထခဲ့တယ်
၁၈၅၂ခုနှစ်မှာ စာအုပ်ထုတ်သူတွေနဲ့  စာဖတ်သူတွေနဲ့ 
အမေရိကန်စာပေလောကဟာ ခေတ်ကောင်းနေပြီ... ၁၇၇၆ခုနှစ်မှ အမေရိကန်ရယ်လို့ ဖြစ်လာတဲ့နိုင်ငံဟာ စာပေကို တန်ဖိုးထားတတ်နေပြီ
တွေးကြည့်စမ်းကွာ... ၁၈၅၂ဆို ဒီဘက်ရပ်ကွက်မှာ ပုဂံမင်းခေတ်
ဒုတိယကျူးကျော်စစ်ကို ခံနေရတဲ့အချိန်.....
တို့ နိုင်ငံမှာ စာအုပ်တစ်အုပ်ကြောင့် တစ်တိုင်းပြည်လုံး နိုးကြားထကြွလာတာ
ရှိလို့ လား...
ပိုကောင်းတဲ့မြန်မာဖြစ်လာဖို့  ရင်ဘက်ထဲကို ဦးနှောက်ထဲကို
အသိပညာတွေ ကိုယ်ချင်းစာတရားတွေထည့်ပေးဖို့  အကောင်းဆုံးနည်းက စာဖတ်ခြင်းပဲ
ဒါကိုမှ ဒီရပ်ကွက်သားတွေ စာမဖတ်တဲ့ စာဖတ်ဖို့  တိုက်တွန်းမိတဲ့ကျုပ်ဟာ အရူးလို့  သတ်မှတ်ခံရတယ်''
မချိတင်ကဲ အားမလိုအားမရဟန်များဖြင့် သက်ပြင်းတစ်ခုကို လေးလေးပင်ပင် ချလိုက်သည်
''စာတွေကိုဆာတယ်
စာတွေကို ဆာစေ့ချင်တယ် မောင်ရင်ရယ်
ဒါကျုပ်ရင်ထဲက ဆန္ဒပါ
လန်ဒန်မှာ စာကြည့်တိုက်တစ်ခုရှိတယ်
၁၇၅၃လောက်က တည်ထောင်ခဲ့တာ ဒီရပ်ကွက်မှာဆို အလောင်းမင်းတရား နန်းတတ်ပြီး တစ်နှစ်အကြာလောက်မှာပေါ့..
ဗြိတိသျှပြတိုက်စာကြည့်တိုက်(British Museum Library)တဲ့
ဒီစာကြည့်တိုက်ကို အသုံးချပြီး အောင်မြင်လာခဲ့တဲ့သူတွေဟာ ကမ္ဘာမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ကြသူတွေပေါ့
ကျုပ်တို့ နဲ့  နားမစိမ်းတဲ့ပုဂ္ဂိုလ်တွေကို ပြောရရင် ချားလ်(စ်)ဒစ်ကင်း(စ်)
(Charles Dickens) ဆာဝေါ်လ်တာ စကော့(Sir Walter Scott) ချား(စ်)ဒါဝင်(Charles Darwin)
ဘားနာ့ဒ် ရှော(George Bernard Shaw)
တို့ ပါတယ်
ဗြိတိန်ပြင်ပကဆို ကွန်မြူ နစ်ဝါဒရဲ့ ဖခင်ကြီးဖြစ်တဲ့
ဂျူးလူမျိုး ဂျာမနီနိုင်ငံသား ကားလ်မာ့က်(စ်)
နဲ့  ရုရှား ကွန်မြူ နစ်ခေါင်းဆောင်
လီနင်တို့ ပါတယ်....
ပြည်သူတွေစာပေအဆင့်အတန်းမြင့်မှ စာရေးဆရာတွေလည်း လိုက်မြင့်လာတာ... စာရေးဆရာတွေမြင့်မှလည်း ပြည်သူတွေလိုက်မြင့်လာတာ...
အပြန်အလှန်ချိတ်ဆက်တယ်...
အခုတော့ကွာ''
''ဟူး ''ကနဲ သက်ပြင်းတစ်ချက်ကို ပြိုင်တူချလိုက်မိသည်
ခုတော့ ကျနော်လည်း
သူ့ စာအုပ်စင်ကြီးကို မြတ်နိုးစွာကြည့်တတ်နေပြီ....
မြန်မာ့စာပေဟာ မြန်မာ့စာပေအဆင့်သာမက ကမ္ဘာ့  စာပေအဆင့်အထိရောက်ဖို့  ဘယ်သူတွေလိုအပ်ချက်ရှိနေတာလဲ
ကျနော်တို့ စာဖတ်သူတွေလား
မြန်မာပြည်သား စာရေးဆရာတွေလား
ဒါမှမဟုတ် နှစ်ဖက်စလုံးလား....
ကျန်စစ်မင်းကို ပြည်ပသားတွေသိဖို့ 
တစ်ဦးတည်းသော ဘုရင်မကြီး ရှင်စောပုအကြောင်းကို ပြည်ပသားတွေ သိဖို့ ... မြန်မာ့စာပေအဆင့်အတန်း
မြန်မာ့ရုပ်ရှင်အဆင့်အတန်း ဒီထက်မြင့်မှရမယ် ဒီထပ်မြှင့်မှရမယ်
ကိုယ်တိုင်က လဲနေဆဲမို့  တပါးသူကိုလည်း ထူဖို့  ကျနော်မတတ်နိုင်ဘူး
အတူတူ ''ထ''ကြရအောင်လို့ ပဲ
ဒီရပ်ကွက်ကလူတွေကို ပြောပြချင်မိတယ်...
အရူးကြီးဆီကအပြန်မှာ မိတ်ဆွေဖြစ်သူနဲ့  ပြန်ဆုံတယ်
''သူ့ စာအုပ်စင်ကြီးကို သိပ်သဘောကျတယ်ဗျာ''
''ကဲ ကျုပ်မပြောဘူးလား အရူးနဲ့  စကားသွားပြောမှတော့ ခင်ဗျားလည်း ရူးလာပြီမဟုတ်လား''
ဒီနောက်ပိုင်းမှာ အရင်အရူးတစ်ယောက်အပြင် နောက်တိုးအရူးပေါက်စတစ်ယောက်ကိုပါ ရပ်ကွက်သားတွေဟာ အထင်သေးစွာ ကြည့်တတ်လာကြတယ်
writer by@babymoon
Do you want me to resteem your blog post to over 32,800 followers and many viewers to get more upvotes? For more info. go here: https://steemit.com/@a-0-0
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.facebook.com/groups/1104909182886636/?ref=nf_target&fref=nf
Congratulations @babymoon! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP