ဗုဒ္ဓဟူး
ဇေယျတု သဗ္ဗမင်္ဂလံ။ အချင်းယူဇနာ ၅၀လုံးဝန်းယူဇနာ ၁၅၀ အတွင်းကားရွှေ အပကား ဖလ် အတိပြီးသော ရောင်ခြည်တထောင်ဆောင်သော”ဘာနုရာဇာ”မည်သောတနင်္ဂနွေဂြိုလ်မင်းသည်တပေါင်းဖြစ်သော မိန်ရာသီ ရေဝတီနက္ခတ်စတုထ္ထပါဒ် အဝသာန်နဝင်း မှတန်ခူးဖြစ်သော မိဿ ရာသီ အဝနီဿ န
က္ခတ်ပထမပါဒ် အာဒိနဝင်းထက်သို့ တွက်စစ် ကောဇာနှစ်သင်္ချာကား၁၃၇၉ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၄ရက်ခရစ်နှစ် ၂၀၁၈ခုနှစ် ဧပြီလ ၁၄ရက် စနေနေ့မြန်မာစံတော်ချိန်နံနက်စက် ၁၁နာရီ ၉မိနစ် ၅စက္ကန့်မြန်မာပဟိုရ် နံနက်၁ချက်တီး ကျော် ၅နာရီ ၂ပါဒ် ၁၁ဗီဇနာ ၅၉ခရာအချိန် မေထုန်ရာသီလဂ်၊မိန်ရာသီစန်း တနင်္လာဟောရတ် ၊ စနေကြင်း အင်္ဂါနဝင်း၊ စနေဒွါဒသင်း ၊ဗုဒ္ဓဟူးတိံသင်း ၊နက္ခတ် ၆လုံး၊ပါဒ်ပြည့် ၊ ၉ဃဋီ ၊ ၅၀,ဝိဃဋီ ၊ ၃အနုဃဋီပြည့်ထက်လဂ်စီးလျက်၊
ထိုနာရီ၏က္ကုဋ္ဌဘဝါးသော်ကား ၊ ၁ဘဝါး ၊ ၁၃လက်သစ်၊၃မုယောတွင်ဗိသျှတိကရိုဏ်း နှင့် ယှဉ်လျက် ၊ ဘာနုရာဇာမည်သောတနင်္ဂနွေဂြိုလ်မင်းသည် အောက်မဲညိုပွင့်အဆင်းနှင့်တူသော အဝတ်တန်ဆာကိုဝတ်ဆင်လျက်ဘီလူးစီး၍၊
Dear friend, you do not appear to be following @artzone. Follow @artzone to get a valuable upvote on your quality post!
Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!