အကြောင်းကငါနဲ့ငါ့ရဲ့မှန်တစ်ချပ်
အရင်ကဟာတွေက ငါ့ရဲ့အတွက်ကတော့ ပြီးဆုံးခြင်းပေါ့။ခိုင်မြဲသောမဖောက်မပျက်သည့်အရာဆိုတာ ငါ့အတွက်ကတော့ ကြည့်သောမှန်တစ်ချက်လိုပါပဲ။မင်းဘက်ကကြည့်ရင် မြင်နိုင်စွမ်းရှိနိုင်သလား….?
အချစ်ကအကြောင်းပြချက်မရှိဘူး။ခေါင်းစဉ်တွေမတပ်ပါနဲ့။ငါသိတဲ့အချစ်ဆိုတာ နားလည်မှုနဲ့ တည်ဆောက်ယူရမယ့်အရာပါ။တချို့တွေအတွက်ကတော့ အချစ်ဆိုတာကိုကအကြောင်းပြချက် ဖြစ်ချင်ဖြစ်မှာပေါ့။ငါဟာလူထဲက လူတယောက်ပါပဲ။ယောကျာ်း တယောက်မှာလည်း သ၀န်တိုခွင့်တော့ရှိတယ်မလား။မချုပ်ချယ်ရက်ပါဘူး။မင်းစိတ်နဲ့မင်းကိုယ် မင်းဆန္ဒအတိုင်းပါ။မြင်နေတာတွေကို ငါသတိပေးချင်တာပါ။ကိုယ့်ဘက်ကရိုးသားပေမယ့် တခြားတဘက်ကမရိုးသားတဲ့အခါ နားလည်မှုဆိုတာ အတိုင်းအတာရှိလာလိမ့်မယ်။
တည်ဆောက်ခဲ့သမျှ ချည်နှောင်ခဲ့သမျှ ရစ်ပတ်နွယ်ခဲ့သမျှ မနာကျင်ပါရစေနဲ့ကွယ်။
ငါဟာမှန်တချပ်ပါ။မင်းဖေါက်ထွင်းမြင်နိုင်သလိုမင်းကိုယ်မင်းလည်းပြန်မြင်မှာပါ။ ။
author:@sanmoon
photo:google