ငယ်ဘဝက ကျွန်မ အပိုင်း ( ၂ )
ရိုးရိုးဘဲတွေးနေတဲ့ ကျွန်မ အခုထိ မသိသေးဘူးလေ ။ အဲ့ချိန်မှာ ထုံးစံအတိုင်းပြုံးပီး ကျွန်မတွေးနေလိုက်တာက 'သေချာပီ ငါလှလို့ကြည့်နေကြတာကိုးလို့ပေါ့ '။အဲ့တာနဲ့ကျွန်မလဲ ဘဝင်တွေ လေဟပ်ပီး သူတို့ကိုပြောပြလိုက်တယ် ။' ငါ့ကို ဝိုင်းကြည့်နေကြတာ နင်တို့တင် မဟုတ်ဘူး အားလုံးနီးပါးဘဲ ကလေးတွေပါ မကျန်ဘူး ဆိုပီးပေါ့ ' ။
အဲ့လို ဟန်ပါပါနဲ့ ပြောလိုက်မှဘဲ ချစ်သူငယ်ချင်းကြီးတွေက အမြင်ကပ်လာတယ်နဲ့ တူပါတယ် ။ 'ဟဲ့ကောင်မ စိတ်ကူးတွေ ဇွတ်ယဉ်မနေနဲ့ ကိုယ့်ကိုကိုယ်လဲပြန်ကြည့်ဦး မပြောချင်ဘူးတဲ့' ။ကျွန်မကလဲ 'အံမယ် ငါက ဘာဖြစ်နေလို့တုန်းဟ 'ဆိုတော့ ချစ်သူငယ်ချင်းကြီးတွေက 'အမယ်လေး နင် မတ်တပ်အရင်ရပ်လိုက်ပါတဲ့ ' ။ ဒါနဲ့ကျွန်မလဲ မတ်တပ်ရပ်လိုက်တာပေါ့ ။
ပီးတော့' နင့်လုံချည်နောက်ကို ပြန်ကြည့်လိုက်ဦးတဲ့ ' ။ ကျွန်မလဲ ဆတ်ကနဲ လှည့်ကြည့်လိုက်တယ် 'အမလေး အရှက်တော့ ဗြမ်းဗြမ်းကွဲပါပီပေါ့ ' ကျောင်းနောက်ကျမှာ စိုးလို့ လောလောနဲ့ မြန်မြန်လာခဲ့တဲ့ ကျွန်မ ကိုယ့်ကို ကြည့်တာ လှလို့ပါလားဆိုပီး ထင်နေတဲ့ကျွန်မ လုံချည် ပြောင်းပြန်ကြီးနဲ့လေ နောက်မှာလည်းချုပ်ရိုးက အကြောင်းလိုက် ဒီကြားထဲ ရွှံ့တွေ နဲ့ 'ကိုယ့်ကိုယ်ကို သေလိုက်ပါတော့လားလို့ဘဲ ရေရွတ်လိုက်ချင်တော့တယ် '။
အခုမှ အတန်းထဲကိုကြည့်မိတယ် ' အံမယ် အားလုံးက ပြုံးစိစိနဲ့ပါလား ' ။ သူငယ်ချင်းတွေ ကလဲ ကျွန်မကိုကြည့်ပီးရယ်နေကြတာ တော်တော်နဲ့ မရပ်ဘူးလေ ။ (တော်တော်ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေ) ။အခုတော့ ကျွန်မလဲ အဲ့ဒီလို ရှက်ပြာတဲ့ စိတ်လဲမရှိတော့ပါဘူး ။ ဒါပေမယ့် အဲ့အကြောင်းတွေးလိုက်မိတိုင်း ပြုံးနေမိ ရယ်နေမိနေတုန်းဘဲ ။ အခုထိလဲ အဲ့အကြောင်းနဲ့ပတ်သက်ပီး သူငယ်ချင်းတွေက စနေကြတုန်းပေါ့ ။ ဒါကတော့ ကျွန်မရဲ့ ငယ်ဘဝက ထူးခြားတဲ့ အမှတ်တရလေးတစ်ခုပေါ့ ။ ဒီလိုတွေစနောက်နေကြတာ တော်တော်နဲ့မပြီးနိုင်ဘူး ။ ဒီကြားထဲ အမှတ်ရစရာက အဲ့နေ့မှာဘဲ ထပ်ဖြစ်နေတော့တာ ။
အဲ့တာကတော့ နေ့လည်ပိုင်း စာသင်ချိန်မှာပေါ့ ။ သိပ္ပံချိန်မှာပေါ့ ။ အမှားအမှန်ရွေးရတာ ။ A;B;C;D အဖြေလေးခုပေးထားတဲ့အထဲက အဖြေမှန်ရွေးရတာ ။ ဖြစ်ချင်တော့ ကျွန်မက နေ့လည်စာ စားပီးလို့ ထမင်းလုံးစီပီး အိပ်ချင်နေတဲ့အချိန်ပေါ့ ။ကျွန်မ အိပ်ငိုက်နေတာ ဘယ်လောက်တောင်ငိုက်သွားလဲမသိဘူး ။ ဆရာမက ရိပ်မိသွားတယ်ထင်တယ် ။ ကျွန်မကို စာမေးဖို့နာမည်ခေါ်တာ ။
ကျွန်မလဲ ရုတ်တရက်ဆိုတော့ အိပ်ချင်မူးတူးနဲ့ ချက်ချင်းထပီး 'အဖြေက A ပါဆရာမ 'ဆိုပီးပြောထည့်ပလိုက်တာ ။ အဲ့ချိန်မှာ အားလုံးဝိုင်းရယ်ကြတော့တာဘဲ ။ ဘာလို့ဆို ဆရာမက ကျွန်မကို နာမည်ဘဲခေါ်ရသေးတာ ။ စာတောင်မမေးရသေးဘူး ။ ဆရာမလဲ ငိုအားထက် ရယ်အားသန် သလိုဖြစ်ပီး ကျွန်မကိုတောင် မဆူနိုင်ဘူး ။ ( ရယ်နေတာနဲ့ ) ။
ကျွန်မတောင်ကြောင်တောင်တောင်နဲ့ ဘာလို့ရယ်နေကြတာလဲလို့တွေးမိနေသေးတာ ။ သူငယ်ချင်း ပြန်ပြောပြမှသိတာ ။ တော်သေးတာပေါ့ ။ နို့မို့ဆိုရင် မလွယ်ဘူး ။ ကျွန်မကတော့မရယ်နိုင်ပါဘူးလေ ။ ဆရာမက ဆိုးတယ် ။(ကျွန်မ ဒုတ်နဲ့ဗြောတီး ခံရဖို့ နဲနဲဘဲ လိုတယ် ) ။ဒီလိုနဲ့ ကျောင်းဆင်းတော့ သူငယ်ချင်းတွေနဲ့ တူတူပြန်ကြတာပေါ့ ။ သူငယ်ချင်းတွေက စကားများပြီး အေးဆေးလျှောက်နေကြတာ ။
ကျွန်မလဲ ကျောင်းမှာ အိပ်ငိုက်တာ အိပ်ရေးဝ ထားပီဆိုတော့ ဟိုငေး ဒီငေး နဲ့လမ်းလျှောက်နေတာ ။ လမ်းကူးမဲ့နားရောက်တော့ ကျွန်မ လမ်း မကူးရဲဘူးလေ ။ အဲ့ကြောင့် ဘေးနားက သူငယ်ချင်း လက်ကို ဆွဲပီး ကူးမို့လုပ်တာ ။ အဲ့မှာ စဖြစ်တော့တာဘဲ ။ 'ဟာ သွားပီ.…လူမှားသွားပီ '။ ကျွန်မလဲ လက်ဆွဲပီးမှ သိလိုက်တာလေ ။ (ဘာလို့ဆို သူက မလိုက်ဘဲရပ်နေလို့လေ ) ။ ဒါနဲ့ကျွန်မလဲသူ့ကို ပြန်ကြည့်လိုက်တော့ သူကလဲ ကြောင်တောင်တောင်နဲ့ ကျွန်မကိုပြန်ကြည့်နေတာ ။
ကျွန်မလဲ လူမှားသွားလို့ဆိုပီး ပြန်တောင်းပန်လိုက်ရတာပေါ့ ။ ချစ်သူငယ်ချင်းတွေက အခုထိနောက်မှာဘဲလေ ။ ကျွန်မကလဲ ငေးရင်းတွေးရင်းနဲ့ဆိုတော့ သူတို့ကျန်ခဲ့တာတောင် သတိမထားလိုက်မိဘူး ။ ဒါနဲ့ သူတို့ကိုပြန်စောင့်ပီး အတူပြန်သွားတော့မှ သူတို့က ကျွန်မကိုမေးတာ 'ဟေ့ ခဏက ဘယ်သူ့ကို လက်သွားဆွဲနေတာလဲ သူနဲ့သိလို့လားတဲ့ '။
ကျွန်မလဲ သူတို့စနေမှာစိုးလို့ သိတယ်လို့ပြောလိုက်တာ ။ အဲ့မှာ သူတို့ရယ်တော့တာဘဲ ။ ပြီးတော့ သူက ပြောတယ် 'အဲ့တာ ငါ့အကို တစ်ဝမ်းကွဲတဲ့ ' ။ 'အမလေး ကျားရှေ့မှောက်ရက်လဲ ဆို သလို ဖြစ်နေပါကောလား ' ။ အဲ့ဒီနေ့ကတော့ တကယ်ကို အမှတ်ရစရာနေ့လေးဖြစ်ခဲ့တာ ။
အခုတော့ ကျွန်မလဲ အဲ့ဒီလို ရှက်ပြာတဲ့ စိတ်လဲမရှိတော့ပါဘူး ။ ဒါပေမယ့် အဲ့အကြောင်းတွေးလိုက်မိတိုင်း ပြုံးနေမိ ရယ်နေမိနေတုန်းဘဲ ။ အခုထိလဲ အဲ့အကြောင်းနဲ့ပတ်သက်ပီး သူငယ်ချင်းတွေက စနေကြတုန်းပေါ့ ။ ဒါကတော့ ကျွန်မရဲ့ ငယ်ဘဝက ထူးခြားတဲ့ အမှတ်တရလေးပေါ့ ။ အလုပ်တွေ နဲ့ဘဲ အချိန်ကုန်နေကြတဲ့ သူတွေလဲ ကိုယ့် ဘဝရဲ့ အမှတ်တရ အဖြစ်အပျက်လေးတွေ ကို ပြန်တွေးမိပီး ဘဝ အမောပြေနိုင်ကြပါစေ ။
ဝင်ရောက်ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.....
Bawk San Tun ( Flawra )
အရမ်း ဖတ်လို့ ကောင်းပါတယ်။ ဆက်လက် မျှဝေပေးပါအုံး။
ဟုတ်ကဲ့ပါ