family

in #esteem-awesome6 years ago

ဘဝရဲ့အချိန်တိုတိုလေးအတွင်းမှာ ရှုပ်ရှုပ်ထွေးထွေးအမှုကိစ္စတွေကအများကြီးမလား အာ့လိုဖြစ်ရပ်လေးတွေက ရသခံစားနိုင်အောင် ဗဟုသုတရအောင်ဖန်တီးပေးနေတာက စာပေတွေပေါ့ လူသားတွေဟာ မဖြစ်မနေ စာဖတ်ကြရပါတယ် ဒါမှ အမြင်သစ်အတွေးသစ်တွေနဲ့အတူ ဗဟုသုတတွေ ရလာနိုင်မှာကိုး ဒါဆိုဘယ်လိုစာပေမျိုးတွေဖတ်ကမလဲ မီးချစ်ခံယူထားတာကတော့ စာပေတိုင်းမှာယူတတ်ရင် ဗဟုသုတရတာပါပဲ ခုလည်း စာလေးတစ်ပုဒ် ဖတ်ပီး ကြိုက်လို့ ပြန်ဝေမျှလိုက်ပါတယ် ဖတ်ကြည့်ပါအူး နော်

             သွေးစကား

သွေးစကား


သံ​ယောဇဉ်​ဟူသည်​ ရစ်​တွယ်​​နှောင်​ဖွဲ့တတ်​​သော သ​ဘောသဘာဝရှိ၏။ သံ​ယောဇဉ်​သည်​ဆိုမှာ အာရုံတစ်ပါးပါးဖြင့်​ ထိ​တွေ့ခံစားမိလျှင်​ ထိုအချင်းအရာအ​ပေါ် နှစ်​လိုဖွယ်​ရှိကာ အာရုံတွင်​စွဲထင်​ကျန်​ရစ်​ခဲ့ခြင်းပင်​ဖြစ်​သည်​။ ထို့အပြင်​ မကြားရ၊ မမြင်​ရ​သော်​လည်း ​စိတ်​ခံစားမှုဖြင့်​ သံ​ယောဇဉ်ရှိ​နေတတ်​ကြသည်​။ ဤကား ​သွေးက​ပြော​သော
"​သွေးစကား" ပင်​ မဟုတ်​ပါ​လော။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီ​နေ့ ​ဖေကြီးက သမီးကို ​ သူ့ဆိုင်​ကို ​ခေါ်မယ်​တဲ့။ သမီး​ပျော်​လိုက်​တာ အရမ်းပဲ။ သမီးစိတ်​ထဲမူ တစ်​ခါမှဒီလို မဖြစ်​​ပေါ်ဖူးဘူး။ ရင်​​တွေလည်း အရမ်းခုန်​တယ်​။ မှန်​ထဲမှာ သမီးကိုသမီး ခဏခဏကြည့်​​နေရတာ အ​မော။ ​မေ​မေဝယ်​​ပေးထားတဲ့ အဝတ်​အစားအသစ်​​တွေ ဝတ်​ထားရတာ ​နေရထိုင်​ရ​တော့ အခက်​သား။ သမီးအလှဆုံးပြင်​ထားမှ ကိုကြီးက သမီးကိုချစ်​မှာ။ ဒီ​နေ့က ​ဖေကြီးရဲ့သား ကိုကြီးနဲ့ ပထမဦးဆုံး ​တွေ့ရမှာ​လေ။ သမီးကို ကိုကြီးသ​ဘောကျ​​အောင်​ အလှပဆုံးဝတ်​စားထားတာ။ ​ဖေကြီးက သမီးကိုကြိုတင်​​ပြောထားတယ်​။
ကိုကြီးက သမီးကိုချစ်​​အောင်​ ​နေရမယ်​တဲ့။ဒါ​ကြောင့်​ သမီးကိုမြင်​ပြီး ကိုကြီးချစ်​စိတ်​ဝင်​​လာ​အောင်​ အလှပဆုံးလိမ်းခြယ်​ထားရတာ။ ​ဟော ​ပြောရင်းဆိုရင်း အိမ်​​ရှေ့မှာ ဆိုင်​ကယ်​ရပ်​လိုက်​တဲ့အသံကြားတယ်​။ ​ဖေကြီး ​ရောက်​လာပြီ ထင်​ပါရဲ့။ သမီးထင်​တဲ့အတိုင်းပဲ ဖေကြီးက အိမ်​​ရှေ့တံခါးမှာ သမီးကို​စောင့်​​နေတာ ​တွေ့တယ်​။
သမီးလည်း ​ဖေကြီးဆီအ​ပြေးအလွှားသွားလိုက်​တယ်​။ ဖေကြီးက သမီးဝတ်​စားထားတာကြည့်​ပြီး သ​ဘောကျလို့ မဆုံးဖြစ်​​နေတာ​လေ။ သမီးစိတ်​ထဲ အားတက်​မိတယ်​။ ​ဖေကြီးရဲ့ ဆိုင်​ကယ်​​နောက်​ကို အသာထိုင်​လိုက်​တယ်​။ ဒီတစ်​ခါ ​ဖေကြီးရဲ့ဆိုင်​ကယ်​​နောက်​မှာ စီးရတာက ခါတိုင်း​ကျောင်းကြို​ကျောင်းပို့လုပ်​တဲ့ အခါထက်​ပိုပြီး ​ပျော်​ရွှင်​မိတယ်​။ကြည်​နူး​ပျော်​ရွှင်​မိတာ မ​ပြောပြတတ်အောင်​ဘဲ။
ဖေကြီးက လက်​ဖက်​ရည်​ဆို​င်​​တစ်​ဆိုင်​​ထဲ ဆိုင်​ကယ်​​ကိုထိုးရပ်​လိုက်​တယ်​။ သမီးလည်း ဆိုင်​နာမည်​ကို ​သေချာဖတ်​လိုက်​တယ်​။ဆိုင်​နာမည်​က ​တစ်​လုံးထဲပဲ"​ကောင်း"တဲ့။ ဒီဆိုင်​က ​ဖေကြီးရဲ့ဆိုင်​နာမည်​​ပေါ့။ ​ဖေကြီးက ကိုကြီးရဲ့နာမည်​"​ကောင်းမင်းခန့်​"ကို ယူပြီး "​ကောင်း"လို့ နာမည်​​ပေးထားတာ​လို့ ​​မေကြီးက ​ပြောဖူးတယ်​။
ဆိုင်​ထဲကို ​အကဲခတ်​ ကြည့်​မိ​တော့ ဆိုင်​ထဲမှာ ထိုင်​​နေတဲ့လူအ​ရေအတွက်​က သိပ်​​တော့မများဘူး။ အဲလို အကဲခတ်​ရင်း ကိုကြီးကို​တွေ့လိုက်​ရတယ်​။ ကိုကြီးက လက်​ဖက်​ရည်​ ​ဖျော်​​နေတာ​လေ။ ကိုကြီးက ​ဖေကြီးနဲ့ အရမ်းတူတာပဲ။ ကိုကြီးက လက်​ဖက်​ရည်​​ဖျော်​​နေတာက​နေ သမီးကို လှမ်းကြည့်​တယ်​။ ဆိုင်​ထဲဝင်​ဖို့ သမီး မဝံ့မရဲဖြစ်​မိတယ်​။ စိတ်​ထဲလည်း ​ကြောက်​တာလိုလိုနဲ့ စိုးရိမ်​ထိတ်​လန့်​မိတယ်​။ ​ဖေကြီးရဲ့ အ​နောက်​က​နေ မသိမသာကပ်​လိုက်​ပြီး ဆိုင်​ထဲဝင်​လာလိုက်​တယ်​။ ဖေကြီးအားကိုးနဲ့ ဆိုင်​ကိုလိုက်​လာခဲ့ရတာ။ ​ဖေကြီးက လွတ်​​နေတဲ့ စားပွဲဝိုင်းတစ်​ခုမှာ သမီး ဒီမှာထိုင်​လို့​ပြောတယ်​။ သမီးလည်း ​ဖေကြီး​ပြောတဲ့ စားပွဲမှာ ဝင်​ထိုင်​လိုက်​တယ်​။ ပြီး​တော့ ​ဖေကြီးက ဘာစားမလဲ သမီးတဲ့။ အခုမှ အမှတ်​ရတယ်​။ မနက်​ကတည်းက အ​ပျော်​လွန်​ပြီး သမီး ဘာမှမစားရ​သေးဘူး။သမီးလည်း ​ဖေကြီးကို"ယံယံ​ခေါက်​ဆွဲပြုတ်​"​သောက်​မယ်​လို့ ​ပြောလိုက်​တယ်​။ အဲဒီလို​ပြောရင်း မလုံမလဲစိတ်​​နဲ့ ကိုကြီးကို ကြည့်​မိ​တော့ ကိုကြီးက လက်​ဖက်​ရည်​​ဖျော်​​နေရင်းနဲ့ သမီးကို အ​သေအချာကြည့်​​နေတယ်​။ သမီးဣ​နြေ္ဒ​ရရ ပြင်​ထိုင်​လိုက်​ရတယ်​။ ​တော်​ကြာ ကိုကြီးက သမီးကိုမချစ်​ရင်​ ​ဘယ်​နဲ့လုပ်​မလဲ။ ကိုကြီးက အသားဖြူဖြူနဲ့ လူ​ချောလူခန့်​တစ်​​ယောက်​ဆိုတာ သတိထားမိလိုက်​မိတယ်​။ ကိုကြီးကို အသာခိုးကြည့်​မိ​တော့ ​ဖေကြီးက ကြိုကီးကို စကား​ပြော​နေတာ ​တွေ့လိုက်​တယ်​။ သမီးစားဖို့ရာအတွက် ​ယံယံ​ခေါက်​ဆွဲပြုတ်​လုပ်​​ပေးဖို့ ကိုကြီးကို ​ပြော​နေတာ ထင်​မိတယ်​။ ကိုကြီးက သမီးအတွက်​ လုပ်​​ပေးပါ့မလား။ ကိုကြီးက ယံယံထုပ်​ကို ​ဖောက်​​နေတာ ​တွေ့​တော့ သမီး​ပျော်​လိုက်​တာအရမ်းပဲ။ ကိုကြီးက ယံယံ​ခေါက်​ဆွဲပြုတ်​လုပ်​​ပေး​နေရင်း သမီးကိုလှမ်းကြည့်​တယ်​။ သမီးလည်း မျက်​နှာလွှဲပြီးဖွင့်​ထားတဲ့ တီဗွီကိုကြည့်​​​နေလိုက်​​ယ်​။ တီဗွီထဲ​တော့ စိတ်​ကမ​ရောက်​ဘူး။ ကိုကြီးကိုမသိမသာခိုးကြည့်​ရင်း စိတ်​ထဲကြည်​နူး​နေမိတာ။ ကိုကြီးကိုကြည့်​လိုက်​ ကိုကြီးက သမီးကိုကြည့်​ရင်​ မျက်​နှာလွှဲလိုက်​နဲ့ စိတ်​ကြည်​နူးစရာ ​ကောင်းလိုက်​တာ။ ဒီလိုနဲ့ ​ဖေကြီးက သမီးကို ယံယံ​ခေါဆွဲပြုတ်​လာချ​ပေးသွားတယ်​။ ပြီး​တော့ ​ဖေကြီးက ​ပြောသွား​သေးတယ်​။ ​ဖေကြီး​ရေချိုးလိုက်​ဦးမယ်​တဲ့။ သမီးလည်း ​ခေါင်းညိမ့်​ပြလိုက်​မိတယ်​။ ဗိုက်​ကအရမ်းဆာ​နေပြီ​လေ။
အငွေ့တ​ထောင်း​ထောင်းထ​နေတဲ့ ​ယံယံ​ခေါက်​ဆွဲပြုတ်​ရဲ့ အနံ့က သင်းပျံ့လို့​ပေါ့။ ယံယံ​​ခေါက်​ဆွဲပြုတ်​ကို ကြည့်​မိ​တော့ ကြက်​ဥအနှစ်​​လေး​တွေက ဟိုတစ်​စ ဒီတစ်​စ​တွေ့လိုက်​တယ်​။ ဟင်​~​ဖေကြီးက ကိုကြီးကို ထည့်​ခိုင်းလိုက်​တာလား။ ဒါမှမဟုတ်​ ကိုကြီးကပဲ သမီးကို စား​စေချင်​လို့ ထည့်​​ပေးလိုက်​တာလား။
အ​ငွေ့တ​ထောင်း​ထောင်းနဲ့ ယံယံ​ခေါက်​ဆွဲပြုတ်​ပူပူ​နွေး​နွေးက အရမ်းစားလို့​ကောင်းတာပဲ။သမီးလည်း ဗိုက်​ဆာဆာနဲ့ ​ခေါင်း​တောင်​မ​ဖော်နိုင်​ဘဲ စား​နေမိတယ်​။ ​ချွေး​တွေတဒီးဒီးကျပြီး
ယံယံ​ခေါက်​ဆွဲပြုတ်​ကုန်​ခါနီးကျမှ ပတ်​ဝန်းကျင်​ကို သတိထားကြည့်​မိတယ်​။ ဟင်​~ကိုကြီးက သမီးကို ကြည့်​​နေပါလား။ မျက်​နှာ​ပေါ်စီးကျ​နေတဲ့ ​ချွေး​တွေကို အလျင်​အမြန်​ တစ်​ရှူးစနဲ့ သုတ်​လိုက်​တယ်​။ ကိုကြီး အ​ထင်​​သေးခံရမှာကို ​သမီး​ကြောက်​တယ်​။ ကိုကြီးက အထင်​​သေးပြီး သမီးကို မချစ်​ရင်
ဒုက္ခဖြစ်​မှာ။ ​ဖေကြီးကလည်း သမီးကို စိတ်​ဆိုးမှာ​လေ။ ဒါ​ကြောင့်​ သမီး လက်​ကျန်​ယံယံ​ခေါက်​ဆွဲပြုတ်​​လေးကို ဣ​နြေ္ဒရရ စားလိုက်​တယ်​။ ယံယံ​ခေါက်​ဆွဲပြုတ်​ချဉ်​ငံစပ်​​ကြောင့်​ ငရုတ်​သီးစပ်​ပြီး ပါးစပ်​ပူ​နေ​ပေမဲ့ ​ရေထ​သောက်​ဖို့ မရဲဘူး။ ​တော်​ကြာ်​ ကိုကြီး မကြိုက်​ရင်​ အခက်​။ ပါးစပ်​ကို အသာဟပြီး ​လေကို ရှုသွင်းရှုထုတ်​လုပ်​​နေမိတယ်​။ အဲလို လုပ်​ရင်း ဟိုဟိုဒီဒီ​လျှောက်​ကြည့်​မိ​တော့ နံရံ​ပေါ်မှာ ဓာတ်​ပုံတစ်​ပုံ​တွေ့တယ်​။ ဓာတ်​ပုံထဲမှာ ​ဖေကြီးရယ်​၊ကိုကြီးရယ်​နဲ့ သမီးမသိတဲ့ အန်​တီကြီးတစ်​​ယောက်​နဲ့။ ​​ဖေကြီးရဲ့ဇနီး၊ ကိုကြီးရဲ့​မေ​ပဲဖြစ်​မယ်​။ ကိုကြီးက သူတို့​ရှေ့မှာ ရှင်​​လောင်းအဝတ်​အစားဝတ်​ပြီး ကိုကြီးက ပြုံး​နေတာ။ ကိုကြီး​ကို ​ရှင်​ပြု​ပေးတုန်းက ပုံ​ပေါ့။ ဓာတ်​ပုံထဲမှာ ကိုကြီးပြုံး​နေတဲ့ပုံစံက အရမ်းချစ်​ဖို့​ကောင်းလိုက်​တာ။ အခုက ကိုကြီးပြုံး​နေတာကို တစ်​ခါမှ မ​တွေ့ရဘူး။ ကိုကြီးက သမီးကို အထင်​​သေးပြီး မချစ်​လို့များလား။သမီးကို စကား​လေးတစ်​ခွန်း​တောင်​ မ​ပြောဘူး။တော်​တော်​​နေနိုင်​တဲ့ ကိုကြီးပါလား။ ကိုကြီးကို ကြည့်​မိ​တော့ ကိုကြီးက သမီးကိုကြည့်​​နေတာ။ ကိုကြီးရဲ့ စူးရှတဲ့ မျက်​ဝန်း​တွေကို သမီး ရင်​မဆိုင်​ရဲဘူး။ သမီးကို မမုန်းပါနဲ့ ကိုကြီး။
ကိုကြီးမုန်းမှာ သမီးအရမ်း​ကြောက်​တယ်​။ ကိုကြီးမကြိုက်​ရင်​ သမီးမကြည့်​​တော့ပါဘူး​နော်​။သမီးကို ခွင့်​လွှတ်​ပါ​နော်​ ကိုကြီး။
ဒါ​ကြောင့်​မို့ သမီးဓာတ်​ပုံကို ကြည်​​နေရာက​နေ လွှဲဖယ်​ပြီး တီဗွီကို ကြည့်​လိုက်​တယ်​။ တီဗွီမှာလာ​နေတဲ့ ဇာတ်​လမ်းက အစ်​ကိုဖြစ်​သူက ညီမဖြစ်​သူကို အသက်​​ဘေးက​နေ ကယ်​လိုက်​တဲ့ ဇာတ်​လမ်း။ အပြင်​မှာ ညီမ​လေးတစ်​ခုခုဖြစ်​ရင်​ ကိုကြီးက သမီးကို ကယ်​ပါ့မလားဆိုတဲ့အ​တွေးက ​ခေါင်းထဲတိုးဝင်​လာတယ်​။အဲ့ဒီအ​တွေး​ကြောင့်​ ကိုကြီးကို ကြည့်​မိ​တော့ ကိုကြီးက သူ့ဖုန်းကိုဖွင့်​ပြီး ဂိမ်း​ဆော့​နေတာ ​တွေ့တယ်​။ပါးစပ်ကလည်း သမီးမသိတဲ့ သီချင်းတစ်​ပုဒ်​ကို ဆို​နေ​သေးတယ်​။တကယ်ဆို ​ဘေးနားက​နေရပ်​ပြီး ကိုကြီးဂိမ်း​ဆော့တာကို သမီးကြည့်​ချင်​တာ​ပေါ့။ပြီးရင်​ ကိုကြီးဆီက ဖုန်းကိုလုပြီး သမီးဂိမ်း​ဆော့မယ်​​လေ။ စိတ်​ကူးနဲ့ပုံ​ဖော်​မိတဲ့ ဘဝ​လေးက ​ပျော်​ရွှင်​ကြည်​နူးစရာ အပြည့်​။
အခုဖြစ်​​နေတာနဲ့တခြားဆီပဲ။ ဒါ​ပေမဲ့ ​ရေချိုးပြီးသွားတဲ့​ဖေကြီးက သမီး​လေးပြန်​ရ​အောင်​နော်​တဲ့။ ပြီး​တော့ ​ပြော​သေးတယ်​။ ​တော်​ကြာ သမီး​မေ​မေက​မျှော်​​နေ​တော့မှာတဲ့။
တကယ်​ဆို သမီးမပြန်​ချင်​​သေးဘူး။ ​ဖေကြီးရဲ့ဆိုင်​မှာ​နေချင်​​သေးတာ။ ကိုကြီးက သမီးကို ဘာစကားမှ မ​ပြော​သေးဘူး​လေ။ ကိုကြီးဆီက ချစ်​ခြင်း​မေတ္တာကို သမီးရချင်​​သေးတယ်​။ ဒါ​ပေမဲ့ ​ဖေကြီးက သမီးကိုစိတ်​ဆိုးပြီး ​နောက်​တစ်​ခါဆိုင်​ကို မ​ခေါ်မှာစိုးရိမ်​ရ​သေးတယ်​။ ဒါနဲ့ပဲ ​ဖေကြီးရဲ့​စကားကိုနား​ထောင်​မိတယ်​။အိမ်​​ရောက်​ရင်​တကယ်​ကို ပျင်းစရာကြီးရယ်​။ ​ဖေကြီးရဲ့ ဆိုင်​ကယ်​​​ပေါ်က​နေ ကိုကြီးကိုကြည့်​မိ​တော့ ကိုကြီးကလည်း သမီးကိုကြည့်​​နေတာ​ တွေ့တယ်​။ ဘယ်​ကဘယ်​လိုဖြစ်​တယ်​မသိဘူး။ ဆိုင်​ကယ်​ထွက်​ခါနီး ကိုကြီးကို လက်​ပြနှုတ်​ဆက်​လိုက်​တယ်​။ ဆိုင်​ကယ်​က တစ်​ရိပ်​ရိပ်​နဲ့ ​ဖေကြီးဆိုင်​နဲ့​ဝေးရာကို ဦးတည်​​နေပြီ။
ဒါ​ပေမဲ့ ကိုကြီးရဲ့ ပုံရိပ်​​တွေက သမီးရင်​မှာကပ်​တွယ်​ငြိပါလာတယ်​။ ကိုကြီးက သမီးကို စကားတစ်​ခွန်းမှ မဆို​ပေမဲ့ ကိုကြီးကို သမီးချစ်​တယ်​။ ဖြစ်​နိုင်​ရင်​​လေ ကိုကြီးနဲ့​ဖေကြီးတို့ရဲ့ ဘဝ​လေးထဲကို သမီးကိုဝင်​ခွင့်​ပြုပါ​နော်​။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒီ​နေ့​ဖေဖက သူ့သမီးကို ဆိုင်​ကို​ခေါ်လာမယ်​တဲ့။ ​ဖေ​ဖေ့ရဲ့သမီးဆို​တော့ ကျွန်​​တော့်​ညီမ​လေး​ပေါ့။ ညီမ​လေးကို တစ်​ခါမှ မမြင်​ဘူး​ပေမဲ့ သိမ်​ငယ်​စွာနဲ့ ​လောကကြီးထဲကို ဘာမှမသိရှာဘဲ ဝင်​​ရောက်​လာခဲ့ရတဲ့ညီမ​လေးရဲ့ဘဝ။ ညီမ​လေးကို သနားမိတယ်​။ ​ညီမ​လေးကို အပြစ်​မတင်​ပါဘူး။ ညီမ​လေးမှာ ဘာအပြစ်​ရယ်​လို့မှ မရှိတာ။ ​ဟော~​ပြောရင်းဆိုရင်း ​ဖေ​ဖေ့ရဲ့ဆိုင်​ကယ်​​​နောက်​မှာ အသက်​ ၉နှစ်​အရွယ်​ ​ကောင်​မ​လေးတစ်​​ယောက်​။အဲဒီ ​ကောင်​မ​လေးက ကျွန်​​တော်​မြင်​ဖူးချင်​​နေတဲ့ ညီမ​လေးပဲဖြစ်​မယ်​။
ညီမ​လေးက အလှဆုံးဖြစ်​​အောင်​ သစ်​လွင်​​တောက်​ပတဲ့ အဝတ်​အစား​တွေကို ဝတ်​စားထားတယ်​ ထင်​ပါရဲ့။ ဒါ​ပေမဲ့ ညီမ​လေးက အသားဖြူဖြူ ​သေး​သေးသွယ်​သွယ်​နဲ့ အရမ်းချစ်​စရာ​ကောင်းတယ်​။ အင်း​လေ_ညီမ​လေးက ဆိုင်​ကိုပထမဆုံးအကြိမ်​လာတာ ဆို​တော့ အဝတ်​အစားသစ်​​တွေ ဝတ်​လာတာဖြစ်​မယ်​။ ညီမ​လေးက မဝံ့မရဲနဲ့ ​ဖေ​ဖေ့​နောက်​က ကပ်​လိုက်​လာတယ်​။ ​ဖေ​ဖေက ညီမ​လေးကို စားပွဲဝိုင်းအလွတ်​တစ်​ခုမှာ ​ထိုင်​ဖို့​​နေရာပြလိုက်​တယ်​။ ညီမ​လေးကလည်း အလိုက်​တသိနဲ့ ထိုင်​ခုံမှာဝင်​ထိုင်​လိုက်​တယ်​။ ပြီး​တော့ ​ဖေ​ဖေက ညီမ​လေးစားချင်​တာကို ​မေး​နေတယ်​ထင်​ပါရဲ့။ ခဏ​နေ​တော့ ​ဖေ​ဖေက ညီမ​လေးအတွက်​ ​ယံယံ​ခေါက်​ဆွဲပြုတ်​တစ်​ပွဲ​လုပ်​​ပေးဖို့ ​ပြောတယ်​။ ကျွန်​​တော်​လည်း ​ဖေကြီးကို လက်​ဖက်​ရည်​​ဖျော်​ဖို့ ​ပြောပြီး ညီမ​လေးအတွက်​ ယံယံ​ခေါက်​ဆွဲပြုတ်​ကို လုပ်​​ပေး​နေမိတယ်​။ ဒါ့အပြင်​ ညီမ​လေးကို စား​စေချင်​လို့ ယံယံ​ခေါက်​ဆွဲပြုတ်​ထဲကို ကြက်​ဥတစ်​လုံးကို ​ဖောက်​ထည့်​လိုက်​တယ်​။ ညီမ​လေးအတွက်​ လုပ်​​ဆောင်​​ပေးမိတဲ့ ပထမဆုံး​​မေတ္တာတရား ထားရှိ​မှု​ပေါ့။ ယံယံ​ခေါက်​က်​ဆွဲပြုတ်​​လုပ်​​ပေး​နေရင်းက​နေ ညီမ​လေးကို ကြည့်​မိ​တော့ ညီမ​လေးက ကျွန်​​တော့်​ကိုကြည့်​​နေရာက​နေ မျက်​နှာကိုလွှဲပစ်​လိုက်​တယ်​။ ကျွန်​​တော့်​ကို ​ကြောက်​​ရွံ့စိုးထိတ်​​နေတယ်​ ထင်​ပါရဲ့။ ညီမ​လေးကြည့်​​နေတဲ့တီဗွီကို ကြည့်​လိုက်​​တော့ အရင်​ရက်​က ကြည်​ခဲ့ဖူးတဲ့ ငါးရာနှစ်​ဆယ့်​ရှစ်​​မေတ္တာဖွဲ့ အင်္ဂလိပ်​ အက်​ရှင်​ဇာတ်​ကား တစ်​ကား။ ညီမ​လေး စားဖို့ ယံယံ​ခေါက်​ဆွဲအဆင်​သင့်​ဖြစ်​​တော့ ​ဖေ​ဖေ့ကို ယံယံ​ခေါက်​ဆွဲပြုတ်​ရပြီလို့ ​ပြောလိုက်​မိတယ်​။ ကျွန်​​တော်​ကိုယ်​တိုင်​ သွား​ပို့​ပေးဖို့ စိတ်​ထဲမှာ စိုးထင့်​​နေတယ်​။ ဘယ်​အ​ကြောင်းတရားက ကျွန်​​တော့်​ကို ဟန့်​တားထားတာလဲဆိုတာ ကျွန်​​တော်​မသိဘူး။ ​ဖေကြီးက ညီမ​လေးအတွက်​ ယံယံ​ခေါက်​ဆွဲပြုတ်​ချ​ပေးပြီး ​ရေချိုးဖို့ ထွက်​သွားပြီ။ တကယ်​ဆို ​ဖေ​ဖေကြီးက ညီမ​လေးနဲ့ကျွန်​​တော့်​ကို မိတ်​ဆက်​​ပေးသင့်​တာ​ပေါ့။ အခု​တော့ ညီမ​လေးနဲ့ကျွန်​​တော်​က တစိမ်းပြင်​ပြင်​ အ​နေအထား။ ညီမ​လေးက ဗိုက်​ဆာ​နေတာ ထင်​ပါရဲ့။ ယံယံ​ခေါက်​ဆွဲပြုတ်​ရပြီဆိုတာနဲ့ အားရပါးရစား​နေလိုက်​တာ ​ခေါင်း​တောင်​မ​ဖော်​​တော့ဘူး။ ညီမ​လေးနဖူး​ပေါ်မှာ ​ချွေး​တွေက စီးကျလို့​ပေါ့။ကျွန်​​တော်​လုပ်​​ပေးတဲ့ယံယံကို အရသာရှိရှိစား​နေတာ​လေ။ ညီမ​လေး အရသာရှိရှိစား​နေတာကြည့်​ပြီး ကျွန်​​တော်​ ပီတိဖြစ်မိတယ်​။
ညီမ​လေးက ​အခုမှ ​ဘေးပတ်​ဝန်းကျင်​ကို သတိထားမိတယ် ထင်​ပါရဲ့။ ပြီး​တော့ ညီမ​လေးက ကျွန်​​တော့ကိုကြည့်​တယ်​။ ကျွန်​​တော်​လည်းမျက်​နှာကို အလျင်​မြန်​လွှဲလိုက်​တယ်​။ ညီမ​လေးက ကျွန်​​တော်​သူ့ကို ကြည့်​​နေတာသိရင်​ ရှက်​ရွံ့သိမ်​ငယ်​သွားမှာ​လေ။အဲ့ဒီလိုဖြစ်​မှာ ကျွန်​​တော်​မလိုချင်​ဘူး။ ညီမ​လေး လက်​ကျန်​ယံယံ အနည်းငယ်​ကို သိမ်​သိမ်​​မွေ့​မွေ့စား​နေတာ​တွေ့တယ်​။ ညီမ​လေးခမျာ ကျွန်​​တော်​ကြည့်​​နေတာသိသွားတယ်​ ထင်​ပါရဲ့။
ပြီး​တော့ ကျွန်​​တော့်​အထင်​​သေးမှာ စိုးရိမ်​​နေလားမသိဘူး။ ​ဟော~ကြည့်​စမ်းပါဦး ငရုတ်​သီးစပ်​​နေပြီ။ ညီမ​လေးက ငရုတ်​သီးစပ်​​နေ​ပေမဲ့ ​ရေ​အိုးစဉ်​မှာ ​ရေမ​သောက်​ဝံ့ဖြစ်​​နေတာ။ သူ့ပါးစပ်​​လေးကို ဟပြီးငရုတ်​သီးအစပ်​​ပြေ​အောင်​ လုပ်​​နေရှာတယ်​။ ငရုတ်​သီးအစပ်​​ပြေ​အောင်​ ​ရေ​သောက်​လိုက်​ပါ ညီမ​လေးရယ်​။ ညီမ​လေးက ဟိုကြည့်​ဒီကြည့်​လုပ်​​နေတယ်​။ မကြည့်​နဲ့ညီမ​လေး။ မင်း​ရှေ့ဆက်​ပြီးမကြည့်​နဲ့။မင်းစိတ်​ထိခိုက်​​ရလိမ့်​မယ်​။ ညီမ​လေးကို ကျွန်​​တော်​စိတ်​ထဲကတား​နေ​ပေမဲ့ မရဘူး။ညီမ​လေးက လွန်​ခဲ့တဲ့ခြောက်​နှစ်​ ကျွန်​​တော်​​ငါးတန်းအရွယ်​ အလှူ​ပေးတုန်းက ဓာတ်​ပုံကို ကြည့်​​နေတာ။ ညီမ​လေးစိတ်​ထဲမှာ ဘယ်​လိုခံစား​နေရပါလိမ့်​။ ကျွန်​​တော်​စိတ်​ပူမိတယ်​။ ညီမ​လေးနဲ့အတူ ဓာတ်​ပုံကိုကြည့်​မိ​တော့ ​မေ​မေရဲ့အပြုံးမျက်​နှာကို မြင်​မိတယ်​။
သြော်​ ​မေ​မေ​တောင်​သားနဲ့​ဖေ​ဖေ့ကို ခွဲသွားတာ သုံးနှစ်​သုံးမိုး ​ကျော်​ခဲ့ပြီပဲ။ ​ပျော်​ရွှင်​မှု​အချို့ ဆိတ်​သုန်းခဲ့ရတဲ့အတိက်​ကို ကျွန်​​တော်​ ပြန်​မစဉ်းစားချင်​ဘူး။မေ​မေ့ရဲ့ဝမ်းနည်းစရာ မြင်​ကွင်းအချို့။ ဒါဘယ်​သူ့အမှားလဲ။ ဘယ်​သူပဲမှားခဲ့ပါ​စေ အခု ကျွန်​​တော့်​​ရှေ့မှာ
ဖြူစင်​တဲ့ပန်း​လေးတစ်​ပွင့်​။ သူ့ကို ​ရေ​လောင်း​ပေါင်းသင်​ပြီး ကျွန်​​တော်​ပြုစုရမယ်​​လေ။ အဲ့ဒီပန်း​လေးဟာ ညီမ​လေး​ပေါ့။ ညီမ​လေးရယ်​ မင်းဟာဖြူစင်​တဲ့က​လေးတစ်​​ယောက်​ပါ။ မင်းရဲ့​ရှေ့ဆက်​ရမဲ့ဘဝမှာ ရင်​နာစရာ အဖြစ်​အပျက်​​တွေ မ​ပေးချင်​ဘူး။ မင်းဘဝကို ​အေး​အေးချမ်းချမ်းနဲ့ ဖြတ်​သန်း​စေချင်​တယ်​ ညီမ​လေးရယ်​။ ဟင်​~ညီမ​လေးကိုကြည့်​ပြီး ​လျောက်​​တွေး​နေမိတာ ညီမ​လေး သတိထားမိသွားပြီ။ ကျွန်​​တော်​လည်း ကမန်း​ကတန်းနဲ့ ဖုန်းကို
ကောက်​ကိုင်​ပြီး ဂိမ်းဖွင့်​​ဆော့​နေလိုက်​တယ်​။မသိမသာ ညီမ​လေးကို အကဲခတ်​ရင်း​ပေါ့။ ညီမ​လေးက တီဗွီကိုစိတ်​ဝင်​တစားကြည့်​​နေတယ်​။ ကျွန်​​တော်​လည်း တီဗွီကိုကြည့်​မိလိုက်​တယ်​။ တီဗွီမှာလာ​နေတဲ့ဇာတ်​လမ်းရဲ့ ​နောက်​ဆုံးခန်း။ အစ်​ကိုဖြစ်​သူက ညီမ​လေးကို လူဆိုး​တွေလက်​ထဲက​နေ ကယ်​တင်​လိုက်​တဲ့ဇာတ်​သိမ်းခန်း​ပေါ့။
လက်​​တွေ့မှာ​ရော​ ညီမ​လေး တစ်​ခုခုဖြစ်​ရင်​ ကျွန်​​တော်​ ကယ်​တင်​နိုင်​ပါ့မလား။ ကျွန်​​တော်​မသိချင်​ဘူး။ ညီမ​လေးက အဲလိုဖြစ်​မှာ မဟုတ်​ပါဘူး​လေ။ အ​တွေးစိတ်​ကို​ဖျောက်​ဖျက်​ရင်း ဂိမ်းပြန်​​ဆော့​နေလိုက်​တယ်​။ ဂိမ်းသာ​ဆော့​နေရတာ ဂိမ်းထဲမှာ အာရုံက မ​ရောက်​ဘူး။ညီမ​လေးကို ကြည့်​မိ​တော့ ညီမ​လေးက စိတ်​ဝင်​တစားနဲ့ကျွန်​​တော့်​ကို ကြည့်​​နေပါလား။ညီမ​လေးလည်း ဂိမ်း​ဆော့ချင်​​တယ်​ ထင်​ပါရဲ့။ ညီမ​လေးရဲ့အိမ်​မှာ​ကော ဂိမ်း​ဆော့ရပါ့မလား။ ညီမ​လေးရဲ့​မေ​မေက ညီမ​လေးကို ဂိမ်း​ဆော့ခွင့်​​ပေးပါ့မလား။ သနားစရာ​ကောင်းတဲ့ ညီမ​လေး။ ​နောင်​ကျရင်​ ညီမ​လေးနဲ့အတူ ကိုကြီးတို့ တစ်​​ယောက်​တလှည့်​ ဂိမ်း​ဆော့ကျ​မယ်​​နော်​။ ​ဟော~​ဖေ​ဖေက ညီမ​လေးကို အိမ်​ပြန်​ကြဖို့ ​ပြော​နေပြီ။ ညီမ​လေးကို မပြန်​​စေချင်​​သေးဘူး။ ကျွန်​​တော်​နဲ့ညီမ​လေးကို ဘာဖြစ်​လို့ ရဲရဲဝံ့ဝံ့ ​တွေ့ခွင့်​မ​ပေးတာလဲ။ ဖေ​ဖေရဲ့​နောက်​မှာ ညီမ​လေးလိုက်​သွားရပြီ​ပေါ့။ ဒါ​ပေမဲ့ ညီမ​လေးရဲ့ ​ခြေလှမ်း​တွေက ​နှေး​ကွေး​နေသလိုပဲ။ညီမ​လေး မပြန်​ချင်​ရှာ​သေးဘူး ထင်​ပါရဲ့။ ဆိုင်​ကယ်​​ပေါ်တက်​ခါနီး ညီမ​လေးက ကျွန်​​တော့်​ကိုလှမ်းကြည့်​တယ်​။ ညီမ​လေးရဲ့ညှိုးငယ်​​နေတဲ့မျက်​ဝန်းတစ်​စုံ။ ဆိုင်​ကယ်​ထွက်​ခါနီး ညီမ​လေးက လက်​က​လေးပြပြီး ကျွန်​​တော့်​ကို နှုတ်​ဆက်​​နေပါလား။ ကျွန်​​တော့်​စိတ်​မ​ကောင်းဖြစ်​မိတယ်​။ ကျွန်​​တော်​ ညီမ​လေးကို လက်​ပြပြီးပြန်​မနှုတ်​ဆက်​မိဘူး။ ​သြော်​~ညီမ​လေးရယ်​ မင်းစိတ်​ထဲမှာ ဘယ်​လို ခံစား​နေရလဲဆိုတာ ကိုကြီးသိပါတယ်​။ ရွေးချယ်​ပိုင်​ခွင့်​မရှိဘဲ စိတ်​အားငယ်​ရတဲ့ဘဝတစ်​ခုကို ညီမ​လေး ပိုင်​ဆိုင်​ထားရတယ်​​လေ။ ဒါ​ပေမဲ့ စိတ်​ဓာတ်​မကျပါနဲ့ ညီမ​လေး။ အခုချိန်​မှာ ကိုကြီးက ညီမ​လေးကို စကားမ​ပြောဘဲ စိမ်းကားတဲ့အမူအရာဖြစ်​​နေ​ပေမဲ့ ကိုကြီးစိတ်​ထဲမှာ ညီမ​လေးကို ကိုကြီးရဲ့ ညီမ​လေးအရင်းတစ်​​ယောက်​အဖြစ်​ သတ်​မှတ်​လိုက်​ပါပြီ။ ကံကြမ္မာရဲ့ဖန်​တီး​ပေးမှုမှာ ရှင်​သန်​​နေရတဲ့ညီမ​လေးအတွက်​ အစစအရာရာ ဖြည့်​ဆည်း​ပေးဖို့ ကိုကြီးဆုံးဖြတ်​လိုက်​ပါပြီ။ ညီမ​လေးရဲ့​မေ​မေကသာ ခွင့်​ပြုမယ်​ဆိုရင်​ ​ဖေ​ဖေနဲ့ ကိုကြီးရယ်​ ပြီး​တော့ ညီမ​လေးရယ်​ ​ပျော်​​ပျော်​ရွှင်​ရွှင်​ ​နေကြမယ်​​နော်​ ညီမ​လေး။ အဲ့လို မိသားစုဘဝမျိုး မဖြစ်​နိုင်​ရင်​​တောင်​ ညီမ​လေး ဆိုင်​ကို လာတဲ့အခါတိုင်း ညီမ​လေးကြိုက်​တဲ့ ယံယံ​ခေါက်​ဆွဲပြုတ်​ကို အ​ကောင်းဆုံးဖြစ်​​အောင်​လုပ်​​ပေးမယ်​ ညီမ​လေး။ ဘယ်​​တော့မှ အားမငယ်​နဲ့​နော်​ ညီမ​လေး။ကိုကြီးကို ညီမ​လေးရဲ့ အစ်​ကိုအရင်းတစ်​​ယောက်​လို့ စွဲစွဲမြဲမြဲမှတ်​ထားလိုက်​ပါ။ ဖ​အေတူ အ​မေကွဲလွဲ​နေ​ပေမဲ့ ညီမ​လေး​ရှေ့ဆက်​ရမဲ့ ဘဝခရီးကို ဂရုစိုက်တစိုက်​နဲ့
ပြုစုပျိုး​ထောင်​​ပေးမယ်​။ ကိုကြီးတို့ဘဝထဲက​နေ ညီမ​လေးကို အမြဲတမ်းတံခါးဖွင့်​ ကြိုဆို​နေပါတယ်​ ညီမ​လေးရယ်​။

ဇော်ဇော်မောင်
ဖတ်ပြီးရင်ထဲမှာ နဲနဲကျန်နေခဲ့တယ် နံမယ်ကြီးစာရေးဆရာတွေတော့မဟုတ်ပါဘူး အစွမ်းရှိသလောက်ကြိုးစားနေတဲ့ဝါသနာရှင်တွေကို မီးချစ်ပြန် ဝေမျှကြေငြာပေးတဲ့သဘောလည်းပါသလိုစာဖတ်သူတွေကိုလည်း ဖတ်ကြည့်စေချင်လို့ပါ ရင်ထဲတခုခုကျန်ခဲ့ရင်ပြောပြခဲ့နော်

meechit
image

Sort:  

@therealwolf 's created platform smartsteem scammed my post this morning (mothersday) that was supposed to be for an Abused Childrens Charity. Dude literally stole from abused children that don't have mothers ... on mothersday.

https://steemit.com/steemit/@prometheusrisen/beware-of-smartsteem-scam

And the reason why is because @therealwolf is disgusting slimy pedophile that enjoys abusing kids. Here's proof of him upvoting child porn on the steemit blockchain. bigbadwolf indeed.

And the reason why is because @therealwolf is disgusting slimy pedophile that enjoys abusing kids. Here's proof of him upvoting child porn on the steemit blockchain. bigbadwolf indeed.