ကျွန်တော်၏သမိုင်းတစ်ခေတ်ရဲ့ ဘဝစာမျက်နှာ

in #esteem7 years ago (edited)

image
ကျွန်တော်၏အမည်မှာ အောင်ကျော်စိုး ဖြစ်ပါသည်။ ကျွန်တော့်ကို နယ်မြို့လေးတစ်မြို့မှာမွေးဖွးခဲ့ပါသည်။ ကျွန်တော်၏ကျေးဇူးရှင်မိဘနှစ်ပါးမှာ ဖေဖေဦးတင်မြင့်နှင့်မေမေဒေါ်ခင်ငြိမ်းဖြစ်ပါသည်။မွေးချင်းမောင်နှမ ခြောက်ယောက်ရှိပါသည်။ သားယောက်ျားလေးမှာ ကျွန်တော်တစ်ယောက်တည်းသာရှိပါသည်။ အဖေနှင့်အမေတို့၏ သဲသဲလှုပ်ချစ်ခြင်းမေတ္တာတွေအပြည့်အဝရရှိထားပါသည် အမနှင့်ညီမတွေရဲ့ မျက်စိအောက်ကအပျောက်မခံ ချစ်ခြင်းမေတ္တာများရရှိခဲ့ပါသည်။
image
မိသားစုအားလုံး၏ ချစ်ခြင်းမေတ္တာတွေအပြည့်အဝရရှိထားတဲ့ ကျွန်တော်ဆိုတဲ့လူသားတစ်ယောက်ဟာ တစ်ခါတစ်ရံ ခပ်ဆိုးဆိုး ခပ်ပေပေ နေတတ်ပါသည်။ ဂျစ်ကန်ကန် အမူအရာရှိနေတတ်သည်။ ထစ်ခနဲ့ဆို စိတ်တိုစိတ်ဆိုးလွယ်တတ်သည်။
မိသားစု စားဝတ်နေရေးမဆင်မပြေသည့် ကြားကနေသားသမီးတွေကို လောကအလယ်မှာမျက်နှာမငယ်ရအောင် အဖေနဲ့အမေတို့က နဖူးမှချွေး ခြေမထိကျအောင် ဒုက္ခဆင်းရဲအပင်ပန်းခံပြီးကျောင်းထားပေးခဲ့ပါသည်။ ဘွဲရပညာတတ်ကြီးတွေဖြစ်စေချင်ခဲ့တဲ့အဖေနဲ့အမေပါ။

             မိဘနှစ်ပါးရဲကျေးဇူးတရားတွေကို နားလည်လာပြီးတဲ့နောက်မှာအဖေတို့အမေတို့၏ဆန္ဒတွေကို ပြည့်ဝအောင် စာကိုအပတ်တကုပ် ကြိုးစားလေ့လာသင်ယူခဲ့ပါသည်။
             ငယ်စဉ်ကလေးဘဝကတည်းကနေ အထက်တန်းကျောင်းသားဘဝထိ နှစ်စဉ်တစ်နှစ်မှမပျက်ဘဲအဖေနဲ့အမေအတွက်ဆုတစ်ခုကိုအမြဲရအောင်ယူပေးခဲ့ပါတယ်။ဆုပေးပွဲတွေမှာဆုယူနေစဉ်အဖေနှင့်အမေတို့ရဲ့ဝမ်းသာပီတိအပြုံးတွေကိုလည်းတွေ့ရပါတယ်။ကျွန်တော်ကျေနပ်မိပါတယ်။
           ဒီလိုနဲ့ (10) တန်းအောင်စာရင်းထွက်တဲ့နေ့ကိုရောက်လာပါပြီ။ Math Physisc & Biology သုးံဘာသာဂုဏ်ထူးတွေနဲ့ကျွန်တော်အောင်မြင်ခဲ့ရပါပြီ။ဒါပေမယ့်ကျွန်တော်အရမ်းမပျော်ရွှင်ခဲ့ပါဘူး။
        မိသားစုရဲ့စားဝတ်နေရေး အဆင်မပြေသည့်အတွက်

တက္ကသိုလ်ဆက်တက်ဖို့ထက် အလုပ်တစ်ခုရအောင်ဘဲကျွန်တော်ကြိုးစားခဲ့ပါသည်။
သူငယ်တန်းမှတက္ကသိုလ်ဝင်တန်းထိဒုက္ခပေါင်းစုံ အခက်အခဲများစွာ အဆင်မပြေမူများနဲ့ တက္ကသိုလ်ဝင်တန်းကိုထူးချွန်စွာနဲ့အောင်မြင်ခဲ့ရပါသည်။
ပထမဦးဆုးံအလုပ်တစ်ခုအနေဖြင့် ဦးလေးရဲ့ကားမှာကားစပါယ်ယာစတင်လုပ်ခဲ့ပါသည်။ပင်ပန်းပေမယ့်ညီမလေးနှစ်ယောက်ကိုကျောင်းထားပေးချင်တဲ့စိတ်နဲ့အခက်အခဲများစွာနဲ့ပေတောပြီးလုပ်ခဲ့ပါတယ်။
ကားစပါယ်ယာလုပ်နေရင်းကားနားရက်တွေမှာ မီးသွေးအိတ်တွေကို Tea ဆိုင်တွေဆီမှာ ကိုယ်တိုင်ထမ်းပြီးရောင်းခဲ့ပါတယ်။
ဒီလိုနဲ့အမှတ်စာရင်းတွေရလာတဲ့အခါ စက်မူတက္ကသိုလ်သို့ဝင်ခွင့်ရခဲ့ပါသည်။ဒါပေမယ့် စက်မူတက္ကသိုလ်က ကျွန်တော်ရဲ့ဘဝပေးအခြေအနေတစ်ခုကြောင့် တက်ခွင့်မရခဲ့ပါဘူး။ ကျွန်တော်မျက်ရည်ကျမိခဲ့ရပါတယ်။ ပတ်ဝန်းကျင်ရဲ့အထင်သေး အမြင်သေး ခံခဲ့ရပါသည်။ဒါတွေကိုမမုပါဘူး။
ဆရာတော်ကြီးပြောသလိုပါဘဲ
" ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း မဖဲ့မစောင်း
ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနဲ့ယှဉ်
ရှေးရှူလေတော့"
ဆိုသလိုရှေ့ဆက်ရမည့်ဘဝခရီးလမ်းကို အားမာန်အပြည့်နှင့် ဆက်လျှောက်နေမိသည်။ ဒီလိုနှင့် Mandalay Novotel Hotel စတင်အလုပ်လုပ်ခဲ့ပါသည်။ အခက်အခဲပေါင်းများစွာနှင့်ခါးသီးသောနေ့ရက်တွေကိုကျော်ဖြတ်ပြီး ရရှိသောလစာလေးကို ချွေတာစားသောက်ကာ လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး အဖေနှင့်အမေအားလှမ်း၍ကန်တော့ခဲ့ပါသည်။
တစ်နှစ်လောက်အကြာမှာ "Sedona Hotel"မှာ ပြောင်လဲလုပ်ကိုင်ခဲ့ပါသည်။ အလုပ်တစ်ဖက်နှင့် ကျောင်းဆက်တက်ပြီ Duty ပြီးချိန်မှာ speaking class နှင့် computer Traning သင်တန်းများအားဆက်လက်တက်ရောက်ခဲ့ပါသည်။ ဘဝအခက်အခဲများစွာကျော်ဖြတ်ပြီး Bsc;Phys:(Q)ဝင်ခဲ့ပါသည်။Msc Part 2 ထိရောက်အောင် ဆက်တက်ခဲ့ပါသည်။
စတိတ်ကျောင်းသားဘဝတုန်း ဆရာတစ်ယောက်၏အကူအညီနှင့် 9/10တန်းများအား ကျူရှင်စတင်ကာသင်ကြားပေးခဲ့ပါသည်။အခုဆိုရင်အောင်မြင်သောဆရာတစ်ယောက်အနေဖြင့် ရပ်တည်နေခဲ့ပါသည်။
ဆရာဦးဘုန်း(ဓာတု)ပြောခဲ့သလို-
"မြေဖြူ တစ်ချောင်း စာတစ်ကြောင်းဖြင့် ပန်းပေါင်းများစွာပွင့်စေသူ"ဖြစ်နေပါပြီ။
image

SMT67@aungkyawsoe

photo from Gallery

Sort:  

ဂုဏ်​ယူပါတယ်​ ​ဗျာ..
SMT52

thank you par nyi lay

SMT-59
congrulation bro

thank you infinity nyi

လေးစားပါတယ် bro
SMT 57

ကျေးဇူးအထူးတင်ပါတယ်ကွာ

Nice

SMT No 55

thank you very much nyi