History Of Ancient City ( Myouk Oo)

in #esteem6 years ago

image

Ancient City (Myanmar)

ရခိုင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတို့သည် အိန္ဒိယကိုယ်ပွားအလား ထင်ရလောက်အောင် ဟိန္ဒူနှင့်ဗုဒ္ဓဝါဒဆိုင်ရာ အယူဆများလွှမ်းမိုးခဲ့ပါသည်၊

မင်းနိုင်ငံတစ်ခုသည် စင်္ကြာဝဠာကို ကိုယ်စားပြုထားခြင်းနှင့်ပုံစံတူပြီး မင်းနိုင်ငံ၏ အလယ်ဗဟိုရှိ ဘုရင့်နန်းတော်သည် စင်္ကြာဝဠာ၏ ဒေါက်တိုင်ဖြစ်သော မြင့်မိုရ်တောင် နှင့် သဏ္ဍာန်တူသည့်ဘုရင်မြို့ပြနိုင်ငံများတည်ဆောက်ရာတွင် ယင်းအယူဆကို အသုံးပြကြပါသည်၊

image

နန်းမြို့များသည် မင်းနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိပါသည် မင်းနေပြည်တော်ကို တွင်းမြို့ (နန်းမြို့) ပြင်မြို့ ဟူ၍ ဖွဲ့စည်းကြပါသည်၊

နန်းမြို့သည် ဘုရင်နှင့် မင်းဆွေမင်းသားများ ယင်း၏အခြွေအရံမိသားစုများ နေထိုင်ကြပြီး ကျုံး မြို့ရိုး တံတိုင်းစသည်တို့ဖြင့် ကာရံထားခြင်းမှာ ပြင်ပမှတိုက်ခိုက်လာမည့် အန္တာရယ်ကို ကာကွယ်ရာရောက်သည့်အပြင် ဟိန္ဒူ စင်္ကြာဝဠာ ဗေဒခံယူချက်အရစင်္ကြာဝဠာကိုကျောက်တုံးများပင်လယ်သမုဒ္ဒရာများဖြင့်ဝန်းရံထားသည်ဟူသောယူဆချက်အတိုင်း နန်းမြို့များကို ကျုံး မြို့ရိုး တံတိုင်းတို့ဖြင့် ကာရံထားခြင်းဖြစ်သည်။
ပြင်မြို့မှာ သာမှန်လူတို့နေထိုင်ရန်ဖြစ်သည်၊
(ဂျေအက်စ် တမ်ဘီယာ)

image

ဓညဝတီမြို့​ဟောင်း

ဓညဝတီမြို့ဟောင်းသည် ​ကျောက်​​တော်​မြို့၏အ​ရှေ့ဘက်​ ၆မိုင်​အကွာ သရီ​ချောင်းဖျား သရက်​တစ်​ပင်​ရွာအနီးတည်​ရှိပါသည်​ မြို့တံတိုင်းသည်
စက်ဝိုင်းပုံပျက်သဏ္ဍန်ဖြစ်ပြီး (တောင်မြောက်၁.၅၅မိုင်၊ပေ၈၀၀၀) အရှေ့အနောက် (၁.၃မိုင် ပေ ၇၀၀၀) ကျယ်ဝန်းသည်၊

အတွင်းဘက်တွင်ထောင့်မှန်ပုံသဏ္ဍာန် အတွင်းမြို့တော်(နန်းမြို့တော်)သည်မဟာမုနိဘုရားကုန်းတော်၏တောင်ဘက်၌ကပ်လျက်ရှိပြီးအရှေ့အနောက် (ပေ ၂၀၀၀) တောင်မြောက် (ပေ ၁၇၀၀) ကျယ်ဝန်းသည်။ ယင်းနန်းမြို့တော်အား (ပေ ၂၀၀) ခန့်ကျယ်သည့်ရေကျုံးပတ်ပတ်လည်ဝိုင်းကာထားသည်၊

ဓညဝတီမြို့ဟောင်းအတွင်းတွင်နန်းတော်ဆောက်လုပ်ခဲ့သည်ဟုထင်ရသည့်ကုန်းတန်းများ၊မင်းဆွေမင်းမျိုး၏နေရာအိမ်များဟုထင်ရသည့်ကုန်းတန်းငယ်များ၊ဘာသာရေးဆိုင်ရာအဆောက်ဦးဟောင်းနေရာများဟုထင်ရသည့်နေရာများ၊ တခြားအဆောက်အအုံများတည်ဆောက်ခဲ့သည်ဟုထင်ရသည့်နေရာအနှံ့အုတ်ကုန်းကြီးငယ်တို့ဖြင့်ရှိနေပေသေးသည် တောင်ဘက်မြို့တံတိုင်းသည် ညောင်ချောင်းကျေးရွာမှဖြတ်သန်းကာ အမြင့် ၁ ပေခန့်ထိယခုတိုင်ထင်ထင်ရှားရှားရှိနေပါသေးသည်အနောက်ဘက်တံတိုင်းကြီးမှာသီရိမာနဒီခေါ်သရီမြစ်ချောင်း၏ရေတိုက်စားခြင်း၏အောက်သို့မျောပါပိုင်းပြတ်သွားပြီဖြစ်ပါသည်၊မြောက်ဘက်မြို့တံတိုင်းကြီးမှာစပါးဆိပ်ကျေးရွာအတွင်းမှကျော်ဖြတ်သွားပြီးမညီမညာသောကုန်းတန်းကြီးတခုပမာအဖြစ်သာတွေ့မြင်ကြရပါတော့သည်၊

ဝေသာလီမြို့​ဟောင်း

ဝေသာလီမြို့​ဟောင်းသည်​ ​မြောက်​ဦးမြို့မှ ၅ မိုင်​ခန့်​အကွာတွင်​တည်​ရှိသည်​ မြို့၏ပုံသဏ္ဍာန်​မှာ ​အောက်​ဘက်​၌ ရှူး၍​ကွေး​နေ​သော စတုရန်းပုံပျက်​သဏ္ဍာန်​ဖြစ်​သည်​ ​မြောက်​ဘက်​နှင့်​အ​ရှေ့ဘက်​မြို့ရိုးမှာ ​ဖြောင့်​တန်း​နေပြီး ​တောင်​ဘက်​နှင့်​ အ​နောက်​ဘက်​မြို့ရိုးတို့မှာ ​ကွေး​နေသည်​၊ ​ဝေသာလီမြို့၏ ​မြောက်​ဘက်​နှင့်​ ​တောင်​ဘက်​မြို့ရိုးများကြား ​ပေ ၁၀၀၀၀ မျှကျယ်​ဝန်းပြီး အ​ရှေ့အ​နောက်​မြို့ရိုးများအကွာအ​ဝေးမှာ ​ပေ ၆၅၀၀ မျှကျယ်​ဝန်းသည်​၊ ဤမြို့ရိုးမှာ အပြင်​မြို့ရိုးဖြစ်​သည်​၊

အတွင်းမြို့ (နန်းမြို့) သည်​ ​ဝေသာလီရွာတွင်​တည်​ရှိပြီး ယင်းကို ကျုံးဖြင့်​ဝန်းရံထားသည်​၊နန်းရာကုန်းမှာ လက်​ခတ်​​တောင်​နှင့်​ကပ်​လျက်​ရှိသည်​၊ ​မြောက်​ဘက်​မှ ​တောင်​ဘက်​သို့ ​ပေ ၁၅၀၀ မျှကျယ်​ပြီးလျှင်​ အ​ရှေ့ဘက်​မှ အ​နောက်​ဘက်​သို့ ​ပေ ၁၀၀၀ မျှကျယ်​ဝန်းသည်​၊

ဝေသာလီမြို့သူ မြို့သားများသည်​ အပြင်​မြို့ရိုးအတွင်း၌ ​နေထိုင်​ကြပြီး သူ​တို့​နေထိုင်​ရာ မြို့ရိုးအတွင်း၌ပင်​ ထွန်​ယက်​စိုက်​ပျိုးကြ​ပေလိမ့်​မယ်​၊

မြောက်​ဦးမြို့​ဟောင်း

မြောက်​ဦးမင်း​နေပြည်​​တော်​ကို ကစ္ဆပ နဒီ (ကုလားတန် မြစ်) နှင့် အဉ္ဖန နဒီ (လေးမြို့ မြစ်) ကြား ထို မြစ်နှစ်စင်းဧ။် ရေဝေကြော တွင်
(၁၉) မိုင်​မျှရှည်​လျား​သော မြို့ရိုးတံတိုင်း တောင်ကြောတောင်စွန်းများကိုကျောက်တံတိုင်းလေးထပ် ကာရံထားတဲ့အလည်မှာ မြို့မြောက်ဦးကို ကျုံး ၈ ကျုံး ခံတပ် ၁၀ ခု ကန် ၆ ကန် စပါးကျီ ၃၈ ကျီ မြို့တံခါး ၃၃ ပေါက် နဲ့ တည်ထားခဲ့ပါတယ်၊
မြောက်ဦး ရဲ့ အောင်တပ်ချောင်းမှ ကစ္ဆပ နဒီ သို့ ပေါင်းတုပ်မှ လေးမြို့ မြစ်တလျှောက်သို့ သို့ဖြစ်ရာ ပင်လယ်ဘက်မှ ၀င်လာသော၊ ပင်လယ်ဘက်သို့ ထွက်ခွာသော ပင်လယ်ကူး သင်္ဘောများ အတွက် မြောက်ဦးသည် ဆိပ်ကမ်းကောင်း တစ်ခု အဖြစ် တည်ရှိခဲ့ဖူးကြောင်း ရှေးသမိုင်းတွင်ထင်ရှားခဲ့ပေသည်၊

image

သာမာန်​လူတန်းစားဖြစ်​​သော ​မြေထည်​လုပ်​ငန်းလုပ်​ကိုင်​သူတို့မှာ ယခု ​မြောက်​ဦးမြို့နယ်​ အိုးထိန်း​ကျေးရွာတွင်​​နေထိုင်​ခဲ့ကြသည်​၊ ကန့်​သရီ​ကျေးရွာတွင်​ ​ကြေးအိုး ​ကြေးခွက်​ ​ကြေးပန်းကန်​တို့လုပ်​ကိုင်​ကြ​သော ​ကြေးလက်​မှုပညာသည်​များစု​ပေါင်း​နေထိုင်​ကြသည်​၊ ပိုးဖြူကျွန်းတွင်​ သံရည်​ကျိုလုပ်​ငန်းများ ပန်းထိမ်​​တောင်​ ​ရွှေ​တောင်​ တောင်​​ခြေတ​လျောက်​တွင်​ ပန်းထိမ်​ပညာသည်​များ အရက်​သည်​မ​ကျေးရွာ ယိုင်​သည်​ရွာတို့တွင့်​ ရက္ကန်းပညာသည်များ ရွာ​ဟောင်း​တော​ကျေးရွာတွင်​ ယွန်းထည်​လုပ်​ငန်းဖြင့်​ အသက်​​မွေးဝမ်း​ကျောင်းလုပ်​သူများ ဒိုင်းကျီကမ်းတွင်​ ​ပေါ်တူဂီလူမျိုးများ ဓမ္မရာဇ်​​ကျေးရွာတွင်​ ထီးလုပ်​ငန်းလုပ်​ကိုင်​သူများ​နေထိုင်​ကြသည်​ဟု ​မြောက်​ဦးဖြစ်​စဉ်​သမိုင်းတွင်​​တွေ့ရှိရပါသည်​၊

်​Credit# Na Ma Zaung (​မြောက်​ဦး Historical)
Photo Credit # Nga Paw Media ( Myouk Oo Image)
MSO-42 (@aungpaing)
#MSO
#Steemit

Sort:  

စိတ်ဝင်စားဖို့ကောင်းပါတယ်။ဗဟုသုတတိုးတာပေါ mso54