ရုပ်ရှင် အကြိုခံစားခြင်း - Live (Korea Drama)

in #esteem6 years ago

ဒီဒရမ်မာမှာတော့ Running Man အစီအစဉ်ထဲက မန်ဘာတစ်ဦးဖြစ်တဲ့ လီဂွမ်ဆူ ဦးဆောင်ပါဝင်ထားတဲ့ မှုခင်း ဒရမ်မာဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

tvN ရုပ်သံလိုင်းကနေ စနေ၊ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင်ြ့ပသနေတာ ဖြစ်ပြီးတော့ အပိုင်း ၁၈ ပိုင်းရှိပါတယ်။

ဟုန်ဂီလှည့်ကင်းဌာနခွဲမှာ အလုပ်လုပ်နေတဲ့ ရဲအရာရှိတွေရဲ့ ဘဝတွေကို ပုံဖော်ထားပြီး နိုင်ငံသားတွေနဲ့ ဥပဒေကို နေ့ရောညပါ ကာကွယ်ဖို့ ရဲတပ်ဖွဲ့ ဝန်ထမ်းတွေ အကြောင်းကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။

ယူနီဖောင်းတွေ နေကြိုးစားနေကြတဲ့ာက်ကွယ်က ရဲဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် အကြောင်းအရာတွေကို မီးမောင်းထိုးပြသထားပါတယ်။

လီဂွမ်ဆူကတော့ ဒီဒရမ်မာထဲမှာ အမြဲပြဿနာရှာတတ်တဲ့ တက်သစ်စ ရဲဝန်ထမ်း ယုံဆန်းဆူ အဖြစ် ပါဝင်ထားပါတယ်။

ယုံဆန်းဆူဟာ တာဝန်သိတတ်လို့ ဆိုတာထက် ဘဝစားဝတ်နေရေးအတွက် ရဲဝန်ထမ်းတစ်ဦး ဖြစ်လာသူ ဖြစ်ပါတယ်။

သူဟာ သူဖြစ်ချင်ခဲ့တဲ့ ရဲဝန်ထမ်း ပုံစံမျိုးနဲ့မတူဘဲ ပျာယာခတ်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူဟာ သူစွမ်းနိုင်သလောက် အကောင်းဆုံးလုပ်ဆောင်ဖို့ စိတ်အားထက်သန်နေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူဘယ်လောက်ပဲ ကြိုးစား ကြိုးစား ကံမကောင်းဘဲ အမြဲဒုက္ခရောက် နေတတ်သူလည်း ဖြစ်ပါတယ်။

အဲဒီလိုမျိုး ဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ ကြုံတွေ့နေရတဲ့ လီဂွမ်ဆူ တစ်ယောက် ရဲဝန်ထမ်းအနေနဲ့ အဆင်မှပြေပါ့မလား၊ လုပ်ဖော်ကိုင်ဖက်တွေကရော သူ့ကို အကူအညီပေးပါ့မလား။

ဒါမှမဟုတ်ရဲဝန်ထမ်းအလုပ်ကို လက်မြှောက်အရှုံးပေးလိုက်မလားဆိုတာ ဇာတ်လမ်းတွဲလေးကို ကြည့်ရှုပေးကြပါဦး။

Credit:http://familyoffilms.com/movies/live-korea-drama-2018-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%AC%E1%80%90%E1%80%94%E1%80%B9%E1%80%B8%E1%80%91%E1%80%AD%E1%80%AF%E1%80%B8/

MSO-31

livekorea.jpg

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.facebook.com/pinkymalay411/