တာဝန်

in #esteem6 years ago

တာဝန်
======

ဥပဒေသတ်မှတ်ချက်အရပဲဆိုဆို
အသိပညာအရဘဲ ဖြစ်ဖြစ်
အသက် ၁၈-နှစ် ပြည့်ပြီးသူတိုင်းဟာ
ကိုယ့်ဘဝကိုယ် တာဝန်ယူမှု တာဝန်ခံမှု
လုပ်နိုင်ပါပြီ
အပြောအဆို အနေအထိုင် လုပ်ရပ်တွေ
မှားယွင်းချွတ်ချော်လို့ ထောင်ကျမယ်ဆိုလဲ
ကျနိုင်ပါပြီ
လောကပြစ်ဒဏ်တွေ ခံရမယ်ဆိုလဲ
ခံနိုင်ပါပြီ
ဘေးလူတွေက မနေတတ်မထိုင်တတ်နဲ့
အားအားယားယား သနားပေးဖို့ သိပ်မလို…

အသက် ၁၈-နှစ် ပြည့်ပြီးတဲ့ လူတိုင်းဟာလည်း
တစ်စုံတစ်ရာအပေါ် လုံးလုံးအားကိုး
မှီခိုထားမှုမျိုးမရှိသင့်
ကိုယ်ရွေးချယ်မှုနဲ့ကိုယ်
ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ပြတ်ပြတ်သားသားပဲ
ရှိသင့်ပါတယ်
ကောင်းလဲ ကိုယ့်တာဝန်
ဆိုးလဲ ကိုယ့်တာဝန်
နောက်ဆုံး ငတ်လဲ ကိုယ့်တာဝန်ပဲပေါ့

အသက် ၁၈-နှစ် ပြည့်ပြီးသူမှန်လျှင်
ကိုယ့်ဘဝကိုယ် တာဝန်ယူ
တာဝန်ခံနိုင်သူများ ဖြစ်ကြပါစေ
ကိုယ်ရွေးချယ်မှုနဲ့ကိုယ်
ကိုယ့်ယုံကြည်မှုနဲ့ကိုယ်
ရှင်သန်နိုင်သူများ ဖြစ်ကြပါစေ
@cakka
msu no.055
image

Sort:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

အသက် ၁၈-နှစ် ပြည့်ပြီးသူမှန်လျှင်
ကိုယ့်ဘဝကိုယ် တာဝန်ယူ
တာဝန်ခံနိုင်သူများ ဖြစ်ကြပါစေ
ကိုယ်ရွေးချယ်မှုနဲ့ကိုယ်
ကိုယ့်ယုံကြည်မှုနဲ့ကိုယ်
ရှင်သန်နိုင်သူများ ဖြစ်ကြပါစေ

စစ်ထဲများပို့တော့ မလားပဲ။

မကြောက်ပါနဲ့

ဟင်အင်းအခုမှ၁၀နှစ်တောင်မပြည့်သေးဘူး😝

အဟမ်း အဟမ်း

ပေးတဲ့ဆုနဲ့ သာပြည့်စေသောဝ်

ပြည့်မှာပါ

တာဝန်​​တွေပိ​နေပီ😁

မှီခိုရတဲ့ဘဝကို ​နေသားကျ​နေကြဆဲ