ရင့်ကျက်အောင်
လူဆိုတာ နေရာတကာမှာ ကိုယ့်စိတ်ကို
ရှေ့တန်းတင်နေလို့ မဖြစ်ဘူးလေ
သူများဖြစ်ချင်တာနဲ့ ကိုယ်ဖြစ်ချင်တာကြားမှာ
သူ့ဘက်ကိုယ့်ဘက် မျှကြည့်ပြီး လုပ်ကိုင်တတ်မှ
မှန်ကန်တဲ့ ဆက်ဆံရေး ၊ ရေရှည်တည်မြဲစေမယ့်
ဆက်ဆံရေးဖြစ်လာမှာပါ။
လူတစ်ယောက်က အမြဲ စိတ်ရှည်သည်းခံဖို့ဆိုတာ
မလွယ်ကူပါဘူး သည်းခံသင့်တဲ့ကိစ္စကို
သည်းခံပြီး နားလည်ပေးသင့်တာကို
နားလည်ပေးမှ လူတစ်ယောက်နဲ့တစ်ယောက်ကြား
အဖုအထစ် အကြိတ်အခဲတွေကို ကာကွယ်ရာ
ရောက်မှာပါ။
လူ့သဘာဝက အရမ်းခံစားနေတဲ့အခါ
အခြားတစ်ယောက်ကို ရင်ဖွင့်ဖို့ကြိုးစားနေတတ်ပါတယ်
ဒါပေမယ့် ကိုယ့်ရင်ဖွင့်သံတွေကို
အခြားတစ်ယောက်က အမြဲတမ်းနားထောင်
နှစ်သိမ့်ပေးဖို့် ဆိုတာ မလွယ်ပါဘူး
ကိုယ့်ခံစားချက်တွေကို မြိုသိပ်တတ်တဲ့ အလေ့အကျင့်
လုပ်မထားရင် ရင့်ကျက်တဲ့သူတစ်ယောက်
ဖြစ်မလာနိုင်ပါဘူး။
လူတချို့်က ထစ်ခနဲဆို မျက်ရည်ကလွယ်တတ်ပြီး
ကိစ္စသေးသေးလေးတွေကအစ ပုံကြီးချဲ့ကာ
အနုစိတ် ခံစားနေတတ်ကြတယ်
လဲတော့မယ့် သစ်ပင်ကို လေလည်းခက်ပြင်းပြင်း
တိုက်ရော မထိန်းနိုင်မသိမ်းနိုင် လဲကျသွားတတ်ပါတယ်
ဖြစ်နိုင်ရင် ပြဿ နာ သေးသေးလေးကစပြီး
ခံနိုင်ရည်မြင့်မားအောင် ကြိုးစားထားသင့်ပါတယ်။
လူတချို့်က တစ်ယောက်တည်းနေရတဲ့ အချိန်တွေမှာ
အားငယ်စိတ်ကြီးစိုးလာတတ်ပါတယ်
အားငယ်စိတ်ကြီးစိုးတိုင်း အခြားတစ်ယောက်ကို
အားကိုးချင်စိတ် ဖြစ်လာတတ်ပါတယ်
အားကိုးစရာရှိလို့ အားကိုးမိတာ ပြဿ နာ မရှိပေမယ့်
အားကိုးစရာ မရှိတဲ့အချိန်ဆိုရင် ဘဝဟန်ချက်
ပျက်သွားတတ်ပါတယ်
သူများကို အားကိုးချင်စိတ်ကို အတတ်နိုင်ဆုံး
မမွေးမိအောင် ကြိုးစားပါ။
လူတချို့က သူများအပူကို ကိုယ့်အပူလုပ်ပြီး
ဝင်ခံစားနေတတ်တယ် ကိုယ့်စိတ်ထဲကို
မလိုအပ်တဲ့ အမှိုက်တွေ သွန်နေမိရင်း
ကိုယ့်စိတ်အာရုံတည်ငြိမ်မှုကို ပျက်ပြားအောင်
လုပ်နေတတ်ကြတယ် သူများအပူရော
ကိုယ့်အပူတွေရော ပူလောင်ခံရတာများလာတော့
စိတ်က ရင့်ကျက်သန်မာလာရမည့်အစား
စိတ်ဓာတ်ကျဆင်းခြင်းတွေ ဖြစ်လာတတ်ပါတယ်။
လူတစ်ယောက်က တစ်ရက်ပြီးတစ်ရက်
တစ်နှစ်ပြီးတစ်နှစ် ဖြတ်ကျော်လာသည်နှင့်အမျှ
စိတ်ဓာတ်ခံနိုင်ရည်လည်း မြင့်မားရင့်သန်လာသင့်ပါတယ် ဘဝရဲ့ စိန်ခေါ်မှု ၊ သွေးတိုးစမ်းမှု ၊ မျက်လှည့်ပြကွက်တွေကို ဖြတ်ကျော်ရင်း သင်ခန်းစာယူစရာနှင့်
အတုယူစရာတွေကြားမှာ ပျော်အောင်နေတတ်ဖို့
အရေးကြီးပါတယ်။
လောကမှာ လူသားတိုင်းကြုံတွေ့နေရတဲ့ ပြဿ နာ
တွေအားလုံးမှာ ကိုယ်လုပ်လို့ရတာရှိသလို
ကိုယ်လုပ်မရတဲ့ အပိုင်းတွေလည်း ရှိနေတတ်ပါတယ်
ကိုယ်လုပ်လို့ရတဲ့အပိုင်းကို အကောင်းဆုံးကြိုးစားလုပ်ဆောင်ပြီး လုပ်မရတဲ့ ကိစ္စတွေကို မခံစားဘဲ
လက်ခံတတ်သွားရင် ရင့်ကျက်တည်ငြိမ်သူတစ်ယောက်
ဖြစ်လာပြီလို့ သတ်မှတ်လို့ရမှာ ဖြစ်ပါတယ် ။
Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch
@gaman, because you continue to spam the blockchain, you get a flag! Please stop.