လူနှင့်​တိရစ္ဆာန်​ကွာခြားမှု

in #esteem6 years ago (edited)

တိရစ္ဆာန်​​တွေဟာ စားချင်​တယ်​၊အိပ်​ချင်​တယ်​၊​နွေးတဲ့ ​နေရာမှာ​နေချင်​တယ်​။လူ​တွေလည်း စားချင်​တယ်​၊အိပ်​ချင်​တယ်​၊အပူအ​အေးမျှတဲ့​နေရာမှာ ​နေချင်​တယ်​။ဒါ​ပေမယ့်​ လူဟာ အဲဒါ​လောက်​နဲ့ မ​ကျေနပ်​နိုင်​​သေးဘူး။လူလူချင်း​လေးစားတာ၊တန်​ဖိုးထားတာ၊အသိအမှတ်​ပြုတာ၊​နေရာ​ပေးတာကိုလည်း လိုချင်​သေးတယ်​။လူလူချင်း အသိအမှတ်​ပြုတာကိုမရရင်​ သူ့ဘဝဟာ မပြည့်​စုံနိုင်​ဘူး။ကျေနပ်​စရာမ​ကောင်းဘူး။ဘာ​ကြောင့်​လည်းဆို​တော့ လူဟာအသိုင်းအဝိုင်းနဲ့​နေတဲ့ သတ္တဝါဖြစ်​ဖြစ်​​နေလို့ပါပဲ။ဒါ​ကြောင့်​ အသိုင်းအဝိုင်းထဲမှာ ​နေရာ တစ်​​နေရာလိုပါတယ်​။လူနဲ့နီးစပ်​တဲ့ ချင်​ပန်​ဇီ​တွေ​တောင်​ သူတို့အသိုင်းအဝိုင်းရဲ့ အသိအမှတ်​ပြုမှုကို လိုချင်​တယ်​၊ရ​အောင်​လုပ်​တဲ့အကျင့်​လည်း ရှိကြပါတယ်​။အသိုင်းအဝိုင်းက ဝိုင်းကျင်​ထားလိုက်​မှာကို ​ကြောက်​ကြတယ်​။တချို့​ အသိုင်းအဝိုင်းက ဝိုင်းကျင်​ထားလိုက်​ရင်​ ​သေ​တောင်​​သေတယ်​လို့ ဖတ်​ရဖူးပါတယ်​။ဒါ​ကြောင့်​ ​လေးစားထိုက်​ပြီး အများတကာအသိအမှတ်​ပြုတဲ့​ လူ​တော်​တစ်​​ယောက်​ဖြစ်​​အောင်​ကြိုးစားသင့်​ပါတယ်​။
image
Photo Credit### Google Photo
MSU-035
@htoohan

Sort:  

ရေးထားတာကောင်းတယ် ဘရို

ကျေးဇူးပါ

ဒီအဓိပ္ပာယ်အကြောင်း ကဗျာတစ်ပိုဒ်လောက်ဖြစ်လာရင်ကောင်းမှာပဲ

ဟုတ်​ကဲ့ပါ

သိပ်မှန်တယ်ဗျာ။ ကျွန်တော်တို ကိုယ်လေးစားချစ်ခင်သူက သူ့ဘာသာအလုပ်များနေလို့ ကိုယ့်ကို စကားသိပ်မပြောဖြစ်ရင်တောင် ငါ့ကိုဘာများစိတ်ဆိုးသွားလဲ ဆို စိတ်ထဲ တနုံ့နုံ့ ဖြစ်ပြီး စိတ်မကောင်းဖြစ်နေတာ အတော်ဆိုးတဲ့ခံစားချက်ပါ

ဖြစ်​​လေ့ရှိတဲ့သ​ဘောပါအကို​ရေ

သိုင်းကျူးပါအကို

မှတ်သားထားပါ့မယ်

သိုင်းကျူးပါ

ဟုတ် ကျနော်လည်း လေးစားမှုက အဓိကကျတယ်လို့ ယူဆထားမိပါတယ်

လူဖြစ်​ရခြင်းရဲ့အဓိကရည်​ရွယ်​ချက်​က ဘာလဲ တဲ့

လူလူချင်း​လေးစားတန်​ဖိုးထားတတ်​ပီး လူပီသဖို့က အဓိကပဲလို့ထင်​ပါတယ်​ဗျာ

This post has received a 25.90% upvote from thanks to: @htoohan!!!
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount