Inflation & Deflation

in #esteem6 years ago

*** Inflation & Deflation ***

  Deflation ငွေကျုံ့ခြင်းကို ယေဘုယျအားဖြင့် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု ဈေးနုန်းများ ကျဆင်းခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားကြသည်။ Disinflation ငွေဖောင်းပွမှု နုန်းနှေးကွေးခြင်းနှင့် မတူပေ။ ငွေကျုံ့ခြင်း ကို ငွေဖောင်းပွမှု နုန်း 0% အောက်လျော့ကျ သွားသည့်အခါတွင် တွေ့ရသည်။ တစ်နည်းအားဖြင့် ငွေဖောင်းပွမှု နုန်းအနုတ်ဖြစ်သွားသည့်အခါ တွင် ငွေကျုံ့ခြင်းဖြစ်ပေါ်သည်။ ငွေကျုံ့ ခြင်း၏ အကျိုးဆက်သည် ကုန်ဈေးနုန်း ကျဆင်းစေပြီး အမှန်တကယ် ငွေတန်ဖိုး ကို မြင့်တက်စေသည်။ 

   ငွေ ဖောင်းပွမှု နုန်းနှင့် ငွေကျုံ့မှု နုန်းကို စားသုံးသူဈေး ဆနုန်းကိန်း (Consumer Price Index) ဖြင့်တိုင်းတာသည်။ စားသုံးသူများ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု တို့ အပေါ် ဝယ်ယူနိုင်စွမ်းကို တိုင်းတာခြင်းဖြစ်သည်။ CPI ညွှန်းကိန်းတက်နေပါက စားသုံးသူ သုံးစွဲအား များလာသောကြောင့် ကုန်စည်ဈေးနုန်း မြင့်တက်လာစေပြီး ငွေဖောင်းပွမှုနုန်းလိုက်တက်လာစေနိုင်သည်။ ငွေကျုံ့နုန်းကို အချိန်ကာလ ၂ ရပ်၏ ခြားနားချက်ကိုတည် အစောပိုင်းကာလတွင်ရှိခဲ့သော နုန်း ဖြင့် စား၍ ရသော ကိန်းဂဏာန်းကို ၁၀၀ ဖြင့်မြှောက်ပြီး ရာခိုင်နုန်းပြောင်းခြင်းဖြင့်တွက်သည်။ ခြွင်းချက်အနေဖြင့် သီအိုရီ နှင့် သွေဖယ်မှု များလည်း ရှိနိုင်သည်။ ဥပမာ - လူတိုင်း၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ မဖြစ်မနေဝယ်ယူရသည်ဖြစ်သော်လည်း ၄င်းကုန် ပစ္စည်များ ဆက်တိုက်ဆိုသလို ဈေးကျ ဆင်းသည်များလည်း ရှိကြသည်။ ထို့သို့သော ပြောင်းလဲ မှုများကြောင့် အချို့ နိုင်ငံများတွင် Deflation အစစ်အမှန်ကို သိရှိရန် ခက်ခဲလှသည်။ 

  လောင်စာဆီ ဈေးနုန်းများက အပြောင်းအလဲ မြန်ဆန်သောကြောင့် ခန့်မှန်းချေ တိုင်းတာရန်ပင် ခက်ခဲလှသည်။ အမေရိကန်တွင်တော့ စားသောက်ကုန် ဈေးနုန်းသည် များသောအားဖြင့်တည်ငြိမ်မှု ရှိပြီး အခြားသော နိုင်ငံများတွင်တော့ နေ့စဉ်နှင့်အမျှ ပြောင်းလဲမှု များရှိနေကြသည်။ စားသောက်ကုန်နှင့် စွမ်းအင် ဈေးနုန်းများ ကို ထည့်မတွက်သော Core CPI တွက်ချက်တိုင်းတာသည့်နည်းလမ်း ထားရှိကြသည်။
   
    များသောအားဖြင့် ငွေကျုံ့ခြင်းသည် စားသုံးသူလျော့ကျနေခြင်း ၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ပေါများထုတ်လုပ်လာခြင်း ၊ သို့မဟုတ် ငွေသားစီးဆင်းမှု လျော့နည်းလာခြင်း စသော အခြေအနေမျိုး ၌ ဖြစ်ပေါ်တတ်သည်။ ကုန်ဈေးနုန်း ကျဆင်းနေသည့်အချိန်ကာလမှာတောင် ဝယ်လိုအား ဆက်တိုက် ကျဆင်းနေမည် ဆိုပါက စက်မှု လုပ်ငန်းများမှာ ကုန်ပစ္စည်း ထုတ်လုပ်မှု လျော့ချပစ်ရတော့မည်။ ထိုအခါရင်းနှီးမြုပ်နှံမှု နည်းပါးလာစေနိုင်ပြီး လုပ်ငန်းလည်ပတ်မှု နှေးကွေးလာစေမည်။ ငွေကျုံ့ဝင်ခြင်း၏ အကျိုးဆက်ပေတည်း။ 

   ဥပမာ အမေရိကန်တွင် စီးပွားရေးသံသရာ အောက်ဆုံးထိကျဆင်းမှု (Great Depression) ဖြစ်ပေါ်နေစဉ် အချိန်တွင် ဝယ်လိုအား ကျဆင်းမှု များ ဖြစ်ပေါ်ပြီး တစ်ချိန်တည်းတွင် အသုံးစရိတ်လျော့ချမှု နှင့်အတူ ငွေ စုဆောင်းမှု မြင့်တက်လာကာ ဈေးကွက်တွင်း၌ ငွေသားစီးဆင်းမှု လျော့ပါးသွားခြင်းဖြစ်ပေါ်လာခဲ့သည်။ ငွေစုဆောင်းမှု များလာခြင်းသည် ကောင်းသယောင်ထင်ရသော်လည်း ငွေကျုံ့ဝင်မှု ဖြစ်ပေါ်လာစေပြီး ၄င်း ငွေကျုံ့မှု ဖြစ်ပေါ်လာခြင်းသည် အကြွေးရှိသော သူများ အဖို့ ချမ်းသာ လာ သယောင်ဖြစ်လာစေမည်။ သို့သော် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ တွင် ဈေးနုန်းကမောက်ကမဖြစ်စဉ်များကြောင့် ငွေစီးဆင်းမှု မလုံလောက်တော့သော ဖြစ်ရပ်မျိုး ဖြစ်လာစေနိုင်သည်။ 

   Deflation သည် Inflation နှင့်ပြောင်းပြန် ကုန်ဈေးနုန်း မြင့်မားရာမှ ကျဆင်းစေနိုင်သည်။ ကောင်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာတော့ ကုန်ဈေးနုန်း တစ်ခုထဲ တင်မကဘဲ အိမ်ရာမြေဈေးနနုးများပါ ကျဆင်းလာပြီး စီးပွားရေးလုပ်ငန်းများ အငြင်းပွားဖွယ်ရာများကြုံတွေ့ရပြီး အထိနာလာစေနိုင်သည်။ ၄င်းအခြေအနေကို ကယ်ဆယ်ရေးနည်းလမ်းများစွာရှိသော်လည်း အထိရောက်ဆုံးနည်းလမ်းကတော့ မူဝါဒဖြေလျှော့ပေးခြင်း (Quantitative easing) လုပ်ပေးခြင်းသာဖြစ်သည်။  အထူးသဖြင့် 2008 အမေရိကန် ဘဏ္ဍာရေးပျက်ကပ် နှင့် 2009 ဥရောပ ကြွေးမြီပျက်ကပ် တို့ ဖြစ်ပြီး နောက်ပိုင်း တွင် QE နည်းလမ်းဖြင့် စီးပွားရေးပြန်လည်ဦးမော့လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။ QE ပြု လုပ်ပေးခြင်းသည် ဗဟိုဘဏ်များမှ ငွေကြေးမူဝါဒဖြေလျှော့ပေးခြင်း (သို့မဟုတ်) ငွေစက္ကူ အသစ်များရိုက်ထုတ်ပေးပြီး အတိုးနုန်း နိမ့်နိမ့်ဖြင့် ထုတ်ချေးပေးကာ စီးပွားရေး လုပ်ငန်းများ လည်ပတ်စေပြီး စီးပွားရေး ပြန်လည် နာလန်ထူ နိုင်အောင် ပံ့ပိုးပေးသော နည်းလမ်းဖြစ်သည်။

   Deflation ဖြစ်ခြင်းသည် စတော့ဈေးကွက်အပေါ်လည်း ဆိုးကျိုးသက်ရောက်စေနိုင်သည်။ စတော့ဈေးနုန်းများ ကျဆင်းစေနိုင်သည်။ ထိုအခါ ကော်ပိုရေးရှင်းများက အရှုံးပေါ်ပြီး ဒေဝါလီခံရမှု များဖြစ်စေနိုင်သည်။ သို့သော် ဘွန်းဈေးကွက်အပေါ်တော့ ကောင်းကျိုး ရှိနိုင်သည်။ အထူးသဖြင့် အမေရိကန်ငွေတိုက်စာချုပ်များ တန်ဖိုးပိုရှိလာနိုင်သည်။ စာချုပ် ဝယ်ယူစဉ်က သတ်မှတ်ထားသော အတိုးနုန်းက ငွေဖောင်းပွ လေ တန်ဖိုးလျော့နည်းလေ ဖြစ်ပြီး ငွေကျုံ့လေ တန်ဖိုးတက်လေဖြစ်သည်။ ငွေကျုံ့ နေစဉ်ကာလတွင် ဘဏ်အတိုးနုန်းများ ကျဆင်းနေပြီး ဘွန်းစာချုပ်အတိုးနုန်းမှာ နုန်းသေဖြစ်၍ တန်ဖိုးတက်လာမည်ဖြစ်သောကြောင့် ဘွန်းကိုင်ဆောင်ထားသူတို့ အကျိုးအမြတ်ရရှိမည်ဖြစ်သည်။ သို့သော် ကော်ပိုရိတ်ဘွန်းများကတော့ ကောင်းကျိုးရလိမ့်မည်မဟုတ်။ 

  Deflation ဖြစ်ခြင်းသည် ကာလရှည် အကြွေးပေးသော မြီရှင် တို့အတွက် ကောင်းကျိုးရရှိစေသည်။ ငွေဖောင်းပွစဉ်က အတိုးနုန်းသည် ငွေကျုံ့နေသော ကာလများရောက်သော အခါ ပို၍ တန်ဖိုးတက်လာမည်။ ကောင်းကျိုး ဆိုးကျိုး နိုင်းယှဉ်ကြည့်ပါက Deflation များလာခြင်း သည် စီးပွားရေး ကျဆင်းမှု ဖြစ်စေသော အခြေအနေကို ပိုနီးကပ်စေနိုင်သည်။ Deflation ဖြစ်လျှင် စီးပွားရေးကျဆင်းလာပြီး လစာများလည်းနည်းသွားစေနိုင်သောကြောင့် လူအများကို အကြီးအကျယ်ဒုက္ခ ဖြစ်စေနိုင်သည်။ Inflation ဖြစ်ခြင်းကသာလျှင် ခုသာခံသာရှိသေးသည်။ ၄င်း ၂ မျိုးလုံးသည် တစ်ဖက်ဖက်က အလေးသာလွန်းလျှင် မကောင်းပေ။ ထို့ကြောင့် အမေရိကန် ဗဟိုဘဏ်ဆိုလျှင် ငွေဖောင်းပွမှု နုန်းကို 2% ထိ သတ်မှတ်ထားပြီး အမေရိကန် စီးပွားရေးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါများလာအောင် လွှတ်ပေးထားလေ့ရှိသည်။ စီးပွားရေးကောင်းမွန်ပြီး စားသုံးသူ သုံးစွဲနိုင်အားမြင့်မားလာကာ ငွေဖောင်းပွမှု နုန်း 2% နားနီးကပ်လာပါက ငွေကြေးမူဝါဒ ပြင်ဆင်ပြောင်းလဲပြီး လက်ရှိသွားနေသော စီးပွားရေးနှင့် ကိုက်ညီအောင် ၊ မျှချေ ဖြစ်အောင် ပြန်လည်ထိန်းညှိ လုပ်ဆောင်ခြင်းပြု လုပ်ကြသည်။ 

#Nang_Kham_Thiri_Oo
image

Sort:  

Congratulations @lanwa! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You published your First Post
You got a First Vote
Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @lanwa! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!