Opinions

in #esteem6 years ago
  • သူဟာ သင်နဲ့ နေ့တိုုင်းစကားများကောင်းများနိုုင်ပါတယ်။ ဒါပေမဲ့ သင့်ကိုု ဘယ်တုုန်းကမှ အပြစ်မမြင်ခဲ့ဖူးပါ။ အချို့သောသူများကျတော့ ကတောက်ကဆလေးတောင် မဖြစ်ဖူးဘူး၊ သင့်ဘ၀ကနေ ပျောက်ဆံုုးသွားပါတယ်။ ဒါကြောင့်မိုု့လိုု့၊ အေးတိအေးစက်ရှိခြင်းဟာ ရန်ဖြစ်တာထက် အများကြီးပိုုမိုုကြောက်စရာ ကောင်းပါတယ်။

image
Photo from google

  • သင်လူအများကြီးသိတယ်၊ လူအများကြီးနဲ့လည်း ခင်မင်တယ်။ သင်ဘယ်လောက်ပဲ ကြိုးစားကြိုးစား ၊ အားလံုုးရဲ့ နှစ်သက်မူကိုု သင်မရရှိနိုုင်ပါဘူး၊ အားလံုုးကိုုလည်း သင်မကျေနပ်စေနိုုင်ပါဘူး၊ ဒါကြောင့်၊ သင်ဖြစ်ချင်တဲ့လူပဲ ဖြစ်မြောက်အောင် သင်ကြိုးစားသင့်ပါတယ်။

  • တစ်ချက်တစ်လေလောက် နောက်ပြန်လှည့်ကြည့်သင့်ပါတယ်။ အမြဲတမ်းပဲ ရှေ့ကိုုတိုုးနေတဲ့ လူတစ်ယောက်အဖိုု့၊ ဘာဆံုုးရံူးသွားတယ်ဆိုုတာ သတိမူမိမှာ မဟုုတ်လိုု့ပါ။

  • တစ်ခါတစ်လေတော့လူ့ဘ၀ဆိုုတာ ရွေးချယ်မူပါ။ သင်ဒီလမ်းကိုု ရွေးတယ်၊ ဒီလမ်းကိုု လှေျာက်လိုုက်တယ်။ လမ်းမှာရှိတဲ့ လူနဲ့ ရူ့ခင်းများကိုု သိကျွမ်းသွားတယ်။ တကယ်လိုု့ ဒီလမ်းမဟုုတ်ပဲ၊ အခြားလမ်းကြောင်းတစ်ခုု ရွေးချယ်ခဲ့တယ်ဆိုုရင် မတူညီတဲ့လူနဲ့ မတူညီတဲ့ရူ့ခင်း သင်ကြံုရမှာပါ။ အချို့ လူဟာ သင်နဲ့အတူသွားလိုု့ရတယ်။ အချို့လူများကျတော့ နေရာဟောင်းမှာပဲ နေခဲ့တယ်။ အချို့လည်း အခြားလမ်းကြောင်းကိုု ရွေးချယ်တယ်။ သင်နဲ့အတူလှေျာက်လှမ်းနေတဲ့လူများလည်း နောက်လမ်းဆံုုလမ်းခွအသစ်မှာ သင်နဲ့ လမ်းခွဲသွားနိုုင်ပါသေးတယ်။ ဒါသဘာ၀ကျပါတယ်။ လှလှပပ လက်ေ၀ှ့ ရမ်းပြီး စိတ်ပေါ့ပေါ့ပါးပါးနဲ့ နူတ်ဆက်လိုုက်ပါ။ ခွဲရမဲ့လူဆိုုတာ ခွဲရမှာပါပဲ။ သင်ပြုလုုပ်သင့်တာက ခရီးတစ်လှေျာက်လံုုးမှာရှိတဲ့ တန်ဖိုုးထားသင့်တဲ့ လူနဲ့ရူ့ခင်းများကိုု တန်ဖိုုးထားနိုုင်ပါစေ။

  • တစ်ဦးတစ်ယောက်ကိုု တကယ်ချစ်မြတ်နိူးတယ်ဆိုုရင် မချုပ်ချယ်ပါနဲ့၊ လက်လွတ်လိုုက်ပါ။ သူသင့်ဆီကိုု ပြန်လာခဲ့တယ်ဆိုုရင် သင်နဲ့ သက်ဆိုုင်သွားပါပြီ။ တကယ်လိုု့ မပြန်လာခဲ့ရင်ကော၊ သင်ဟာကိုု မဟုုတ်ခဲ့လုို့ပါ။

  • ယံုုကြည်ခြင်းဟာ ခဲဖျက်နဲ့တူပါတယ်။ အမှားအယွင်းကြားမှာ ဖျက်ရင်းဖျက်ရင်းနဲ့ လံုုးပါးပါးသွားပါတယ်။

  • လူတစ်ယောက် သိမ်ငယ်နေတဲ့ အချိန်မှာ ဘာကိုုမှ အားတက်တရော မရှိနိုုင်ပါ။ အဲဒီအခါမျိုးမှာ အာရံုုပြောင်းလဲတတ်ရပါမယ်။ လက်တွေ့တောင်ဖြစ်နေမှတော့ လက်ခံနိုုင်အောင်ကြိုးစားကြည့်တာပေါ့၊ ရင်ဆိုုင်ကြည့်တာပေါ့၊ လူဆိုုတာ ပတ်၀န်းကျင်ကိုု မပြောင်းလဲနိုုင်သလိုု၊ ပတ်၀န်းကျင်လည်း သင့်အတွက်နဲ့ ပြောင်းလဲသွားမည် မဟုုတ်ပါ။ ကျနော်တိုု့ ကြိုးစားနိုုင်တာက ၀င်ဆန့်နိုုင်ဖိုု့ပါ။

image
Photo from google

  • မချစ်သောလည်း အောင့်ကာနမ်းတယ်၊ နမ်းရင်းနမ်းရင်းနဲ့ အဆင်ပြေသွားတယ်၊ မတည့်တဲ့လူနဲ့ အဆင်ပြေအောင်ပေါင်းသင်းတယ်။ ပေါင်းသင်းရင်းနဲ့ အဆင်ပြေသွားတယ် ဆိုုပါစိုု့၊ ဒါတွေအားလံုုးဟာ ဟန်ဆောင်မူ မဟုုတ်ပါ။ သင်ပိုုမိုု ရင့်ကျက်လာခြင်းကိုုသာ ကိုုယ်စားပြုပါတယ်။

  • သင်ဟာ လူတစ်ဦးတစ်ယောက်အတွက် ခွင့်လွတ်နိုုင်တဲ့ အတိုုင်းအတာကိုု ကျော်လွန်ပြီး ခဏခဏ အလှေျာ့ပေးဖူးပါသလား၊ သူ့အတွက် အကြောင်းပြချက်မျိုးစံုုကိုု ရှာဖွေပြီး ခွင့်လွတ်နိုုင်ဖိုု့ ကြိုးပမ်းခဲ့ဖူးပါသလား၊ တကယ်လိုု့ ရှိခဲ့ရင်၊ တစ်ခုုတော့ သေချာသွားပြီ၊ သူသင့်ကိုု သိပ်မချစ်ပါ။

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

beginnig of good job is strong opinion

what about this