လူလည်​သာ​အေး​ မ​အေ​ပေး

in #esteem7 years ago (edited)

Hello,good morning
အစကတော့ ကိုရွှေဗေဒင်ဆရာခဗျာ အသရေဖျက်ပါတယ်ဘာညာ ထအော်၊ ပိုစ့်အောက်မှာ အထုပ်တွေလာဖြည်ကြတော့ အကောင့်ပါ ဒီသွားရရော။
မနေ့ကသတင်းထဲမှာ ဖတ်ရတာကျတော့ အဲ့ဗေဒင်ဆရာက တင်တဲ့လူကို တရားပြန်စွဲထားသတဲ့။ ဟိုဆန္ဒပြကျောင်းသားဆိုသူတွေရဲ့ ပြောပေါက်ဆိုပေါက်တွေ၊ လေလုံးတွေမြင်ရတာ တော်တော်မြင်ပြင်းကပ်စရာပဲ။
လူထုလှုပ်ရှားမှုတို့၊ လူထုဆန္ဒထုတ်ဖော်ပွဲတို့ ဘာတို့ တွင်တွင်သုံးလာတာ သတိထားမိတယ်။
လူထုကို မှိုင်းမိနေတယ်လို့ စော်ကားတာမျိုး
ပညာရေးဝန်ကြီးကို ခွေးနဲ့နှိုင်းတာမျိုး
ကျောင်းကဆရာဆရာမတွေအပေါ် ဂါရဝတရားကင်းမဲ့တဲ့ အပြောအဆိုတွေ အပြုအမူတွေ
ကျောင်းထဲမှာမက စာသင်နေတဲ့ အတန်းထဲထိ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူနေတာမျိုးတွေ မြင်ရတော့
သူတို့တွေ အတော်ပလပ်ကျွတ်နေပြီဆိုတာ အတော် သဘောပေါက်လာတယ်။

ရတနာပုံတစ်ကျောင်းလုံးမှာတောင် မင်းတို့အင်အား ၇၀ကျော်ပဲ ရှိတယ်။
တစ်ကျောင်းလုံးပါလာရင်တောင် လူဘယ်နှထောင်ရှိလဲ။ လူထုဆိုတာ ဘာကိုဆိုလိုသလဲ စဉ်းစား။
ဒီအစိုးရက မဲခိုးပြီး တက်လာတဲ့အစိုးရမဟုတ်ဘူး။
နေရာမပေးဘဲ ဝင်ထိုင်ထားတဲ့ အစိုးရ မဟုတ်ဘူး။
လူထုအစိုးရကို လူထုနဲ့ဖြဲခြောက်နေတာ တော်ရုံကျပ်မပြည့်ရုံနဲ့ မရဘူး။
လူထု လူထုနဲ့ပြောချင်ရင် မင်းတို့ကျောင်းက ကျောင်းသားအချင်းချင်းပဲ အရင်ရအောင် စည်းရုံးကြည့်ဦး။

လမ်းပေါ်မတက်ခင် လိုင်းပေါ်အရင်တက်ပြီး
မှတ်ချက်လေး သဘောထားလေး ဖတ်ကြည့်ကြ။
ဘဝအဆက်ဆက် လူဖြစ်ချင်စိတ်ကုန်ပြီး ပြာပုံတိုးချင်စိတ်ပါ ပေါက်သွားမယ်။
သပိတ်ကိုထောက်ခံလား မေးတဲ့ပိုစ့်အောက်
ကန့်ကွက်ချည်းပဲ ထောက်ခံတစ်ခုမှ မရရှာတာလေး မမေ့နဲ့။

ပြီးခဲ့တဲ့လက်ပံတန်းသပိတ်တုန်းက ဝန်းရံခဲ့သူတွေဟာ ဘယ်သူတွေလဲမေး။
လူထုကို အသာထား
အဲ့တုန်းက ကျောင်းသားအင်အားမျိုး ပြန်ရအောင်ပဲ
အရင်စည်းရုံးကြည့်ဦး။
သတ္တိရှိရင် လမ်းပေါ်ထွက်ကြည့်
ရေတစ်ခွက်သောက်ရရင် ကံကောင်း။
အုတ်ခဲကျိုးတွေ ဖိနပ်စုတ်တွေကို ကာကွယ်ဖို့ ပလန်လေးလည်း အရင်စဉ်းစားထားသင့်တယ်။

Revolution တစ်ခုဆိုတာ လူ၇၀လောက်ပါရုံနဲ့
မဖြစ်ဘူးဆိုတာ သောက်ပေါတွေ မသိဘူး။
အာရုံပဲ.ရယ်အားထက်ငိုအားသန် ကိစ္စတစ်ခု ပြောပြဦးမယ်။
အဖြစ်က နာမည်ကြီးဘုရားစောင်းတန်းတစ်ခုမှာ ဟောခန်းဖွင့်ထားတဲ့ နာမည်ကြီးဗေဒင်ဆရာ။
သူက သူ့ဟောခန်းကိုလာတဲ့ မိန်းကလေးတွေကို လစ်ရင်လစ်သလို အသားယူလေ့ရှိတယ်။
အချို့ကလည်း ရှက်လို့ငြိမ်ခံ ပြန်မပြောကြဘူးပေါ့။
အခုလည်းကျရော အဲ့ဗေဒင်ဆရာက ရုပ်သံပေါ်ရောက်လာ၊ နာမည်လည်း ကြီးလာရော အသားယူခံရသူမမတစ်ယောက်က သူဘယ်လိုကြုံခဲ့ရကြောင်းလည်းရေးရော အကိုင်ခံရသူ မမများတစ်နေရာတည်းမှ သွားဆုံပြီး ဟင်... ကျွန်မတုန်းကလည်း ဒီကောင်ဒီလိုလုပ်တယ်။
ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးပဲတွေဖြစ်ပြီး ဝိုင်းဝုန်းကြရော။

အစကတော့ ကိုရွှေဗေဒင်ဆရာခဗျာ အသရေဖျက်ပါတယ်ဘာညာ ထအော်၊ ပိုစ့်အောက်မှာ အထုပ်တွေလာဖြည်ကြတော့ အကောင့်ပါ ဒီသွားရရော။
မနေ့ကသတင်းထဲမှာ ဖတ်ရတာကျတော့ အဲ့ဗေဒင်ဆရာက တင်တဲ့လူကို တရားပြန်စွဲထားသတဲ့။
(ငှယ့်... စမီးရေးတာ နာမည်မပါပုနော် အူးအု
တရားလာစွဲရပု... လူဇိုး)

သတင်းတွေ ကြားဖူးပါတယ်။
ဘယ်ဘိုးတော်အယောင်ဆောင်က ဘယ်လိုဘုသွားတာတို့။ ဘယ်လိုလိမ်သွားတာတို့ ခဏခဏကြားရတာပဲ။ လူတွေရဲ့ အယုံလွယ်မှုဟာ မယုံနိုင်အောင်ကို ကြောက်စရာကြီး။
ပညာရပ်ကို မစော်ကားပါဘူး။ အစစ်တစ်ယောက် အတုတစ်သိန်းရယ်။
စွတ်ပြီး ပစ်ယုံရအောင် အဲ့လောက်လွယ်လား။

အဲ့လူပိုစ့်အောက်က victimတွေရဲ့ ကောမန့်တွေဖတ်ရတယ်။ ဘာတဲ့....
အဆောင်လေး ရင်သားကြားထည့်ပေးဖို့တဲ့။
ကိုယ့်ဘာသာကိုယ်ထည့်လို့မရဘူးလားဆိုတော့
ဆရာကိုယ်တိုင်ထည့်မှ စွမ်းမှာဆိုပဲ။
အာ့နဲ့ အထည့်ခံခဲ့ရရော။
အာ့လာ... ရန်ကုန်မြို့ကြီးမှာနော်
ရိုးသားနုံအသူတွေများတဲ့ နယ်ဘက်မဟုတ်သေးဘူး။

အဲ့လောက် နုံစရာလား... ဘာအဆောင်မို့ ရင်သားကြား ထည့်ရမှာလား... တစ်ယောက်လောက် ပါးဖြတ်ရိုက်ခဲ့ဖူးရင် အဲ့ကောင်ဘယ်လုပ်ရဲပါ့မလဲ။
ဘယ်နှယောက်တောင် အဲ့လိုလုပ်ခဲ့သလဲမသိဘူး
အဲ့ဗေဒင်ဆရာရဲ့ ဖောက်သည်တွေ တယ်မနည်းလှဘူး။
အခုကျ အဖော်တွေ့မှ ရင်ဖွင့်ကြတာ ဒင်းကြမ်း။

ကိုယ်တို့ ကျောင်းတုန်းက ယောက်ျားလေးသူငယ်ချင်း ငရွတ်တွေ ရှိတယ်။
မိန်းကလေးတွေ စုစု စုစုဆို ဗေဒင်ဟောပေးမယ်ဆိုပြီး
ပါးစပ်ထဲတွေ့တာ လျှောက်ပြော လက်လိမ်ကိုင်တာ။
တယ်အလုပ်ဖြစ်တယ်ဆိုပဲ။
အခုကိစ္စကြားတော့ အဲ့ကောင်တွေကို သွားသတိရမိတယ်။ ဟယ်... အဆင့်တွေ တယ်တက်သွားပါလားလို့။ ရတနာပုံတက္ကသိုလ်မှာ ပညာရေးအသုံးစရိတ်မြှင့်တင်ရေး ထိုင်သပိတ်ဘာညာနဲ့ သတင်းကြားတယ်။
မဝေဖန်ပါဘူး။ ဒီမိုကရေစီခေတ်ဆိုတော့ ဆန္ဒပြချင်ရင်လည်း ပြပေါ့။ သဘောပါ။
ဒါပေမယ့် ပညာရေးအသုံးစရိတ်မြှင့်ပေး
ချက်ချင်းလုပ်မပေးရင် အစာငတ်ခံဆန္ဒပြမယ်ဆိုတော့
ရယ်ချင်ပက်ကျိဖြစ်မိတယ်။

ညှိနှိုင်း အဖြေရှာတဲ့သဘောမျိုးမဟုတ်ဘဲ
Heroဖြစ်ချင်တာနဲ့ ခုဆိုခုလုပ်ပေး၊ မလုပ်ပေးရင် အစာငတ်ခံမယ်ဆိုတော့ တမင်အကြပ်အတည်းဖြစ်အောင် လုပ်မှန်း သိသာလှသလို ကလေးမုန့်ပူဆာနေသလိုကြီး။ ပညာရေးဝန်ကြီးကို သူတို့ဖေ့စ်ဘုတ်မှာ ခွေးနဲ့နှိုင်းဆဲလို့ဆဲ၊ ထိပ်တိုက်စကားပြောတဲ့အခါ မချေမငံလေသံတွေ ရင့်သီးတဲ့ အပြောတွေကို မြင်ရတာလည်း ဖြတ်ရိုက်ချင်စရာလေး။
တိုင်းပြည်က မွဲရတဲ့ကြား ပြောမရဆိုမရ မိမနိုင်ဖမနိုင် သားအကြီးကောင်က လေယာဉ်ပျံဝယ်ချင်ရတာနဲ့
ဒီကြားထဲ အငယ်ကောင်တွေက ကျောင်းစရိတ် အစာငတ်ခံတောင်းရတာနဲ့... လေစရာတွေ။

ထိုင်သပိတ်ဆိုတာကို ဖမ်းပြီးထောင်ထဲမထည့်ဘဲ မိဘအိမ်ပြန်ပို့ပေးတယ် ကြားလိုက်တော့
ဪ... လူကြီးတွေ အကြံပိုင်တယ်
ဟိုစောင်ခလိန်းတွေ လှည့်ကွက်ထဲမဝင်ဘူးလို့ ကြိတ်ချီးကျူးလို့မှ မဆုံးသေး
လူကြီးတွေခဗျာ ယောက်မကြီး မြင်းစီးထွက်ချလာလေတယ်။

ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်ချလိုက်တယ်။
အဲ့ဒါကြီးက အဓိပ္ပါယ်မရှိဘူးရယ်။
အရင်ခေတ်က အဲ့လိုလုပ်ရင် ကျောင်းကထုတ်တယ်။
အခုလည်း ထုတ်တယ်။ အရင်ခေတ်နဲ့အတူတူပဲဆိုတာကြီးကို လုပ်မပြစေချင်ဘူး။
ဒီသတ္တဝါလေးတွေကိုတော့ ဘုရားပေးပေး ကျမ်းပေးပေး တစ်စက်မှကိုမေတ္တာမရှိဘူး။
ဒါပေမယ့် ဒီမိုကရေစီနည်းလမ်းမကျ တုံ့ပြန်တာမျိုးတွေကိုတော့ လုံးဝရှုံ့ချပါတယ်။

ငါအစိုးရမဖြစ်မချင်း ဆန္ဒပြမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေရော
ငါအစိုးရဖြစ်ပြီ ... ဗျင်းလိုက်မယ်ဆိုတဲ့ နိုင်ငံရေးသမားတွေရော ၉၆ပါးနဲ့ ကောက်ခါငင်ခါသေကုန်ကြရင် သိပ်ကောင်းမှာပဲ။