အောင်မြင်တဲ့ ဘဝတွေ ပိုင်ဆိုင်ကြပါစေ

in #esteem6 years ago

image
အားငယ်တဲ့ မိန်းကလေးတွေ အပေါ် နှိမ့်စက်တတ်တဲ့ အကျင့်စရိုက်ရှိတဲ့ ယောင်္ကျားမျိုးကိုတော့ လက်မထပ်မိအောင် ဂရုစိုက်ပါ။ တစ်ဘဝလုံး အနှိပ်စက်ခံ ဖြစ်ရပါလိမ့်မယ်။ မင်းဆံပင်သာ ဒီ့ထက်ရှည်မယ်ဆိုရင် သိပ်ကောင်းမှာပဲ တို့၊ ဒီ့ထက်ပိန်မှ ချစ်မှာနော်တို့ စသဖြင့် ကိုယ့်ချစ်သူကောင်မလေးရဲ့ အားနည်းချက်တစ်ခုခုကို ထောက်ပြပြောဆိုလေ့ရှိတဲ့သူတွေဟာ ယောင်္ကျားကောင်း မဟုတ်ပါဘူး။ အထူးသဖြင့် ချစ်သူကောင်းမဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်ပြီဆိုရင် သူနဲ့ပတ်သက်သမျှအရာရာတိုင်းကို လက်ခံနားလည်ပေးနိုင်တဲ့သူသာ ကောင်းမွန်သင့်တော်တဲ့ ချစ်သူပါ။ လေးစားမှုရှိတယ်၊မရှိဘူးဆိုတာ တွဲလာတဲ့နှစ်နဲ့ မဆိုင်ပါဘူး။
image
သူတို့က သတ္တိရှိကြတယ်။ အခြားသူတွေ လက်လျှော့အရှုံးပေးသွားတတ်တဲ့ အခက်အခဲတွေကို အောင်မြင်သူတွေက ရင်ဆိုင်ချင်စိတ်ရှိကြပါတယ်။ အောင်မြင်မှုရဲ့ အဓိကရန်သူနှစ်ဦးကတော့ စိုးရိမ်စိတ်နဲ့ သံသယပဲဖြစ်ပါတယ်။ တစ်ခုခုကို ထပ်ခါတလဲလဲလုပ်ဆောင်မယ်ဆိုရင် အလေ့အကျင့်ဖြစ်လာပါတယ်။ သင် လုပ်ဆောင်ရမှာ စိုးရိမ်ကြောက်လန့်နေတဲ့အရာတွေကို လုပ်ဆောင်နိုင်မယ့် အလေ့အကျင့်ကို ပျိုးထောင်ပါ။ သင်ကြောက်တဲ့အရာတွေကို လုပ်ဆောင်မယ်ဆိုရင် စိုးရိမ်စိတ်ဆိုတာ လွင့်ပါးပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်ကြောက်လန့်မှုတွေကို ရင်ဆိုင်ပါ။ စိုးရိမ်စိတ်တွေကို ရင်ဆိုင်နိုင်စွမ်းဟာ အောင်မြင်သူတွေရဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ ရည်မှန်းချက်မြင့်မားပြီး ထိပ်ဆုံးအောင်မြင်မှုကို ရရှိချင်တယ်ဆိုရင် စိုးရိမ်စိတ်ကို ရင်ဆိုင်ပြီး မ၀ံ့မရဲဖြစ်နေတာတွေကို လုပ်ဆောင်ပါ။ သူတို့က ဆုံးဖြတ်ချက်ခိုင်မာကြတယ်။
image
သစ္စာမရှိတဲ့သူကို ဆက်​ပြီးချစ်​​နေဖို့ထက် သတိမရဖို့က ပိုပြီးအ​ရေးကြီးတယ်​။ အချစ်​မှာ ပုံ​သေနည်း​တော့မရှိဘူး ဒါ​ပေမယ့်​ အချစ်​​ကြောင့် မျက်​ရည်​ကျရတာက​တော့ ​သေချာတယ်​​လေ အလွမ်း ဆိုတာ လက်​ဆုပ်​လက်​ကိုင်​ ပြသလို့​တော့မရဘူး ဒါ​ပေမယ့်​ လူမသိသူမသိ တိတ်​တိတ်​​လေး ​လောင်​ကျွမ်း​နေတာ အလွမ်းဆိုတဲ့ အရာပဲ​လေ သံ​ယောဇဉ်​ ဆိုတာ ထုတ်​​ဖော်​ပြလို့​တော့ မရဘူး ဒါ​ပေမယ့်​ အချိန်​ကြာလာ​လေ တင်းကြပ်​ပူ​လောင်​လာတာ သံ​ယောဇဉ်​ ပဲ​လေ အမုန်း ဆိုတာ မချစ်​​တော့လို့ မုန်းခဲ့တာမှ မဟုတ်​တာ အစွန်း​ရောက်​​အောင်​ချစ်​ခဲ့မိလို့ နာကျင်​မှု​တွေ စုပြုံ​နေတဲ့ အရမ်းကြီးမားတဲ့ အစိုင်​အခဲပဲ​လေ အချစ်​ အမုန်း အလွမ်း သံ​ယောဇဉ်​ ဆိုတာ နှလုံးသားရှိတဲ့ သတ္တဝါတိုင်း ​ကျော်​ဖြတ်​ရမည့်​ မဟာတံတိုင်းကြီး​တွေပါ သံ​ယောဇဉ်​​ကြောင့်​ ဖြစ်​လာတဲ့ ပူ​လောင်​မှု ၊ လှိုင်းတံပိုး​တွေကို ပညာသားပါပါနဲ့ ပါးနပ်​စွာ ​ကျော်​ဖြတ်​လာနိုင်​ရင်သင်​ဟာ ရင့်​ကျက်​သူတစ်​​ယောက်​ပါပဲ ပိုင်ဆိုင်ဖို့ ကံပါမလာရင် စွန့်လွှတ်နိုင်အောင် ကြိုးစားပါ။
image
ကိုယ့်ရွေးချယ် မှုမပေါ် ယုံကြည်ချက်ထားပါ။ သံသယဟာ သင့် အောင်မြင်မှုကို တိုက်စားသူတွေပါယုံကြည်မှုကသာ
သင့်အောင်မြင်ဖို့ကို လမ်းပြပေးနိုင်မှာပါ။ အောင်မြင်သူတွေဟာ ဘယ်လိုအချိန်မှာ ဘယ်လို ငြင်းရမလဲဆိုတာ ကောင်းစွာသိသူတွေပါ တစ်ယောက်မဟုတ်ပါဘူးသင်မလုပ်နိုင်သေးတဲ့ အရာတွေအတွက်နဲ့ သင့်ကိုယ်ကို အဆိုးမမြင်သင့်ပါဘူး ဘယ်အရာမဆို ချက်ချင်း မကျွမ်းကျင်နိုင်ပါဘူးအရေးကြီးတာက အဓိကနဲ့ သာမည ကို ခွဲခြားသိပြီး သင်လုပ်သင့်
တာတွေကို အမှန်တကယ် လုပ်ဆောင်ဖို့ သင်ဟာဆိုးရွားတဲ့နေ့တွေကြောင့် အရမ်း စိတ်အပင်ပန်းမခံသင့်ပါဘူးသင်ဟာ အရာရာကို အကောင်းမြင်နေတာ တောင်မှ ဆိုးရွားတာတွေ ကြုံလာနိုင်ပါတယ်ပြီးပြည့်စုံတဲ့လူ ရယ်လို့မရှိပါဘူး။ လူတိုင်းမှားဖူးတယ် စိတ်ညစ်စရာတွေ ကြုံရပါတယ်။ ဒါတွေကိုမေ့ပြီး ဘဝကို အကောင်းမြင်ပါတစ်နေ့တာ စိတ်ရှုပ်စရာတွေ့ကိုမေ့ပစ်ပါသင်ပိုပျော်ရွှင်လာပါ
လိမ့်မယ်။ တစ်ခါတစ်လေ မှာ လူတွေဟာ ကျရှုံးမှုတွေ ဆုံးဖြတ်ချက်တွေ ငြင်းပယ်ခံရမှုတွေကြောင့် စွန့်စားရတာတွေကို ရှောင်လေ့ရှိပါတယ်ဒါတွေဟာ မအောင်မြင်ဖို့ အတွက် လမ်းစတွေပါပဲမစွန့်စားပဲ အောင်မြင်မှုဆိုတာ မရရှိနိုင်ပါဘူး
ဒါ့ကြောင့် ကြောက်ရွံ့တာတွေ သံသယတွေ အချည်းအနှီးဖြစ်မှာတွေ စိုးရိမ်တာတွေကို စွန့်လိုက်ပါ။သင့်ပန်းတိုင် အတွက် ကောင်းတာတွေ ပဲတွေးပါ သင်လုပ်နိုင်တယ်လို့ ယုံကြည်ထားပါ။ သင်ပိုကောင်းအောင် စွမ်းဆောင်နိုင်လာပါလိမ့်မယ် ဒီအချက်လေးတွေထဲက လုပ်သင့်တာတွေလုပ် ပစ်ပယ်သင့်တာတွေပစ်ပယ်ပြီး ပိုမိုပျော်ရွှင် အောင်မြင်တဲ့ ဘဝတွေ ပိုင်ဆိုင် ကြပါစေ။