လရောင်နမ်းမှ ပွင့်သည့်ကြာ
လရောင်နမ်းမှ ပွင့်သည့်ကြာ
``တီ..တီ...တီ..တီ..တီ...´´
ညဥ့်နက်ကြီး ဖုန်းထမြည်တာကြောင့် ကြာ ဘယ်သူဘယ်ဝါမကြည့်ပဲ ကောက်ကိုင်လိုက်သည်။
ဟဲလို....ပြောပါ..´´
သမီး မေမေလေးပါ..´´
ဒီချိန်ကြီး ဖုန်းဆက်တာကြောင့် ကြာ စိုးရိမ်စိတ်တော့ဖြစ်မိသည်။ထို့ကြောင့် အိပ်နေရာမှ ထပြီး ထိုင်လိုက်သည်။
ဒီချိန်ကြိး ဘကိစ္စလဲ..´´
ခုချိန်ထိ သမီးညီမလေး ပြန်မရောက်သေးဘူး မေမေ လဲစိတ်တွေပူလှပြီ..မိုးတွေလဲ တအားကြီးနေတာ.ရှာဖို့လဲမလွယ်ဘူးဖြစ်နေတယ်..´´
စိုးရိမ်တကြီးနဲ့ မေမေလေး အသံက သိသာနေသည်။ ကြာ ရင်ထဲလဲ အသက်ရွယ်အရ ခုချိန်ထိ အိမ်ပြန်မလာတာ အန္တရာယ်များတာကြောင့် စိုးရိမ်မိသည်။
´အာ့တော့ ကြာ ကဘာတက်နိုင်မှာလဲ..´´
အဲဒါ သမီး ပတ်ဝန်းကျင်မှာ တယောက်ယောက်များ သိမလား မသိလို့ ဆက်ကြည့်လိုက်တာ..မေမေလေးလဲ စိတ်တွေ ပူလှပြီ..´´
အင်း စုံစမ်းကြည့်လိုက်မယ်...တနေရာရာ မှာမိုးမိနေလို့ ပြန်မလာသေးတာနေမှာပါ..စိတ်မပူပါနဲ့...´´
အေးကွယ်..အေးအေး..´´
ကြာ မေမေလေးနဲ့ စကားပြောပြီး နှောင်းအကြောင်းသိတဲ့ မိတ်ဆွေတွေ ဆီဆက်ကြည့်ပေမယ့် မရှိ။ ကြာ ပတ်ဝန်းကျင်မှာလဲ နှောင်းတို့သားအမိကို သိသူရှားသည်။
တညလုံး စိုးရိမ်စိတ်နဲ့ အိပ်မပျော်ခဲ့။
``ဟင်းဟင်း....ဟင်းဟင်း...´´
ဆရာဝန်က အဖျားကျဆေး ထိုးထားပေမယ့် အဖျားကမကျ။ မဝင်တဲ့ဆေးကိုလဲရအောင်တိုက်ထားသည်။ ဒါတောင်အဖျားမကျပဲ ရှိသေးတာကြောင့် စိုင်းနောင် ရေစိုပတ် တိုက်ပေးနေရသည်။ တခါတခါ နှောင်းက ညည်းသံနဲ့အတူ...
ဦးနောင်....မသွားပါနဲ့..ဦးနောင်..´´
ကြည့် အိမ်မက်ထဲငါ့ကို ခေါ်နေတာ..ငါကျ ခုထိမအိပ်ရသေးဘူး..´´
မျက်ခွံတွေလေးလံနေပေမယ့် အားယူပြီး ဖွင့်ကြည့်လိုက်သည်။ အလင်းရောင်စူးရှနေတာမို့ မျက်လုံးကိုဖွင့်လိုက်ပိတ်လိုက်လုပ်လိုက်သည်။ ပြီးတော့ ခန္ဓာကိုယ် က ညောင်းညာသလိုဖြစ်နေတာကြောင့် အားယူလှုပ်ကြည့်တော့ တခုခုက ဆွဲထားသလိုဖြစ်နေတာကြောင့် ဘေးကိုလှည့်ကြည်တော့ဦးနောင်က နှောင်း လက်မောင်ကိုဆခါင်းအုန်းကာ.နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ ဘေကိုကြည့်လိုက်တော့ ရေဇလုံနဲ့ အဝတ်စိုပတ်တွေ့တာကြောင့် ညက နှောင်းအခြေနေကိုနှောင်း သိလိုက်သည်။ လက်ကညောင်းနေပေမယ့် ဦးနောင် အိပ်ပျက်မှာစိုး၍ ငြိမ်နေလိုက်သည်။ သို့သော် ညောင်းနေသည့်ဒဏ်က ကြိတ်ခံ၍ မရတာတောင့်မငြိမ်မသက်ဖြစ်နေသည်။
``သြော် ဆောရီး ကိုယ်အိပ်ပျော်သွားတယ် ဘယ်လိုနေသေးလဲ သက်သာလာ အင်း အဖျားတော့ကျသွားပြီစိတ်ပူစရာတော့မလိုတော့ဘူး ဆေးသောက်ရင် ရပြီ´´
သူ့ဘာသာသူမေး သူ့ဘာသာသူ စမ်းသပ် သူ့ဘာသာသူဖြေ လုပ်နေသည့် ဦးနောင်ကိုနှောင်းကြည့်ပြီး ပြုံးမိသည်။
ဘာရီတာလဲ ကိုယ်ကရီစရာကောင်းနေတာလား..´´
မဟုတ်ပါဘူး...ဦးနောင်ရဲ့ နှောင်းသဘောကျလို့ပါ..´´
ဟင့် သဘောကျတာထက် လူကိုစိတ်ပူအောင် လုပ်တယ်..´´
ဟီးဟီိး လန့်သွားတာလား..´´
စပ်ဖြဲဖြဲ နှောင်းမျက်နှာကြောင့် စိုင်းနောင်ကနှောင်းနဖူးကိုလက်သီးနဲ့ထုလိုက်သည်။ မနာတာသိပေမယ့်...
အား....နာလိုက်တာ နေမကောင်းတဲ့သူကိုအနိုင်ကျင့်ရလား မကောင်းတဲ့လူကြီးရ...´´
ဟေ့ဟေ့ အာ့လောက်အော်မနေနဲ့ မနာဘူးဆိုတာသိတယ်...လူမမာကလူမမာလိုနေလေ..ဘာလို့ အာဖြဲအော်နေတာလဲ..´´
ဟွန့် သူကျတော့ လူမမာလို့ဆက်ဆံတာကျရော..´´
ဘာပြောတယ် သတ္တရှိရင်ငါကြားအောင်ပြောလေ ဆီမန်း မန်းနေသလိုဘပွစိပွစိလုပ်မနေနဲ့..´´
ဘာဖြစ်လဲ လုပ်မှာပဲ..´´
ဘာဖြစ်လဲ လုပ်မနေနဲ့ ထ ဆေးသောက်ရအောင်.ပြီးအိမ်ပြန်တော့..´´
ဟင်းအင် သောက်ချင်ဘူး နှောင်းကဆေးသောက်ရတာကြောက်တယ် ပြီး အိမ်မပြန်ချင်ဘူး တစိမ်းယောက်ျားလေးအိမ်မှာ ညအိပ်တဲ့ မိန်းခလေးကိုဘယ်သူကယုံတော့မှာလဲ...´´
ဘာကွ ..မင်းကိုငါ လက်ဖျားနဲ့တောင်ထိခဲ့တာမှမဟုတ်တာ..´´
``အဲဒါကို ဦးနောင် တယောက်ချင်းလိုက်ရှင်းပြပြီး အားလုံး ပါးစပ်ပိတ်နိုင်လားပြော...´´
ညအချိန်မတော် ကြီးမလို့ ကိုယ့်အိမ် ခေါ် သိပ့်မိတဲ့ ကိ့ကိုယ်ကိုပဲ အပြစ်တင်ရတော့မည်။ နှောင်းဘက်ကကြည့်ရင်လဲ ဟုတ်နေသည်။ ဒါမယ့် စိုင်းနောင်ရင်ထဲ ကြာ ကရှိနေပြီးသား..။
ဒါကတော့ မင်းနဲ့ငါ ရိုးရင် ရတာပဲ မဟုတ်လား အန်တီကို ကိုယ်ကိုယ်တိုင်ရှင်းပြမယ်..´´
ဘာလဲ ဦးနောင် က နှောင်းကိုတာဝန်ယူဖို့ယုံကြည်ချက်မရှိဘူးလား..မိန်းခလေးတယောက် နာမည်ပျက်တော့မှာကို လျစ်လျူရှူနိုင်တာ ဦးနောင်ရင်ထဲ မမကြာ ရှိနေလို့လား..´´
ဘာပြောတယ်...´´
ဟုတ်တယ်...မမကြာနဲ့နှောင်းနဲ့က အဖေတူ အမေကွဲညီအမတွေ နှောင်းတို့ကို စိတ်နာလို့ မမကြာက မိသားစု စာရင်းထဲမသွင်းတာ..ဦးနောင် မသိသေးတာတွေအများကြီးရှိသေးတယ်..ဦးနောင် ရင်ထဲ မမကြာ.ရှိသလိုမျိုး မမကြာရင်ထဲမှာလဲ လရောင်ဆိုတဲ့ ကိုထူခန့်ရှိနေယ်..´´
ထူးခန့်....ဟုတ်လား..´´
ဟုတ်တယ်...ကိုထူးခန့်က ခေါင်းကိုအရိုက်ံရပြီး အတိတ်မေ့ ဝေဒနာရှင်အနေနဲ့ မမကြာတို့အိမ်ရောက်သွားတာ..ခု ကိုထူးခန့်ကအတိတ်ကိုပြန်မမှတ်မိသေးပေမယ့် ယောက်နဲ့တယောက် နှလုံးသားချင်းလက္ခံကြတယ်..ဒါကလဖဲ သူတို့အချစ်စစ်လို့ဖြစ်မှာပါ..´´
``အဲဒါကြောင့် လရောင်ကို ငါမြင်ဖူးသလိုရှိနေတာ လက်စသက်တော့ ဦးမြတ်သားကိုး...´´
စိုင်းနောင် ချက်ချင်း ကြာ အိမ်က ပေါတောတော လရောင်ကိုပြေးမြင်လိုက်မိသည်။
``ထူးခန့် မင်းက ငါပိုင်ဆိုင်ချင်သမျှ မင်းကပိုင်ဆိုင်ပြီးနှင့်တာကိုး..အဟား...ဟား...ဟား....´´
This post has received a 0.12 % upvote from @drotto thanks to: @phyopyae.