ဝါးရွက်​အကျိုး​ကျေးဇူး

in #esteem7 years ago

FB_IMG_1521677958204.jpg

ဝါးရွက်ခြောက်(dried bamboo leaves )ပြုပ်ရည်ဟာ ဆေးဖက်ဝင်ပါတယ်။

ဝါရွက်ခြောက် ပြုပ်ရည်ထဲမှာ ဗိုက်တာမင် (vitamin E )အပြင် ဆီလီကာဒြပ်သတ္တု(Silica)ဆားဓာတ် (၇၀)ရာခိုင်နှုန်းပါဝင်ပါတယ်။
ဆီလီကာ ဒြပ်သတ္တုက ဘယ်နေရာတွေ၌အကျိုးပြုသလဲဆိုရင် အရေပြားရောဂါ၊ ကိုယ်အတွင်း လေ(wind) နှင့် flatulence လို့ခေါ်တဲ့ ဝမ်းဖောဝမ်းရောင်ခြင်း၊လေပွခြင်းများအတွက် ကောင်းမွန်သည့်အပြင် ဆံပင်ကျွတ်ခြင်းနှင့်ခြေသည်းလက်သည်း ပျက်စီးဆုံးရှုံးခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။

ဘယ်လို ဝါးအရွက်တွေကို ပြုပ်သောက်လို့ရနိုင်မလဲဆိုရင် ဝါးမျှစ်(Bamboo shoots or bamboo sprouts)ခုတ်ယူစားသုံးလို့ရတဲ့ ဝါးပင်တွေရဲ့ ဝါးအရွက်ကို အခြောက်လှန်း၍ ကျိုချက်သောက်သုံးနိုင်ပါတယ်။

လေးစားစွာဖြင့်....