ချန်ပီယံလိဂ် စည်းမျဉ်းအချို့ပြောင်းလဲ

in #esteem6 years ago

ချန်ပီယံလိဂ် စည်းမျဉ်းအချို့ပြောင်းလဲ

ချန်ပီယံလိဂ်စည်းမျဉ်းအပြောင်းအလဲကိုယူအီးအက်ဖ်အေကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။လာမယ့်ရာသီမှာ စည်းမျဉ်းစတင်အသက်ဝင်မှာဖြစ်ပါတယ်။ ဒီစည်းမျဉ်းတွေကတော့.... ၁။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့မှာရှုံးထွက်အဆင့် ကစလို့ အချိန်ပိုရောက်ရင် ၄ ဦးမြောက်လူစားလဲခွင့်ပြုခြင်း။
image
၂။ အရန်ကစားသမားကို အရင်က ၇ ဦးသာခွင့်ပြုပေမယ့် ၅ ဦးတိုးပြီး ၁၂ ဦးအထိခွင့်ပြုပေးခြင်း။

၃။ ပွဲချိန်တွေပြောင်းလဲခြင်း။

၄။ အုပ်စုပွဲစဉ်တွေအပြီး မှာ ကစားသမား ၃ ဦးကိုမည်သည့် ကန့်သတ်ချက်မှ မထားဘဲမှတ်ပုံတင်နိုင်ခြင်း။

(ဒီစည်းမျဉ်းကြောင့် ရာသီပထမပိုင်းမှာ ဥရောပပြိုင်ပွဲကစားခဲ့သူတစ်ဦးဟာ ဒုတိယပိုင်းမှာသူပြောင်းတဲ့အသင်းနဲ့ ဘယ်ပြိုင်မဆို ကစားခွင့်ရှိတော့မှာပါ။ ဒါကြောင့် ကော်တင်ဟိုကဘာစီလိုနာအတွက် ချန်ပီယံလိဂ် ကစားလို့မရတဲ့အဖြစ်၊ အူဘာမီယန်ကအာဆင်နယ်အတွက် ယူရိုပါလိဂ် မကစားပေးနိုင်တာမျိုးတွေရှိလာမှာ မဟုတ်တော့ပါဘူး။)