ညှို့ချက်ပြင်းသော သူမ၏အချစ်အောက်
ညှို့ချက်ပြင်းသော သူမ၏အချစ်အောက်
အခန်း၃
သားရေ.....။
ဗျာ...မေမေ ဘာခိုင်းစရာရှိလို့လဲ...။
မေမေ ဒေါ်စီကိုခေါ်ပြီးအပြင်ခနသွားစရာရှိလို့ အိမ်ကိုကြည့်ထားလိုက်ဦးနော်....။
ဟုတ်ကဲ့မေမေ သေချာကိုစေ့စေ့စပ်စပ် ကြည့်ထားပါ့မယ်...။
ဒီကလေး အကောင်းပြောနေတာကို သွားပြီ....။
ဟုတ်ကဲ့ မေမေ....။
ထက်လျှား မေမေကို လက်ပြနှုတ်ဆက်ပြီး ဧည့်ခန်းကတိုဖာပေါ်မှာ ထိုင်ပြီး ဂျာနယ်စာအုပ်တအုပ်ကိုယူဖက်လိုက်သည်...။
အား.....အား......အား......။
ဒါ ဟိုတယောက်အသံပဲ ဘာဖြစ်တာပါလိမ့်.....။
ထက်လျှား အပေါ်ထပ်ကိုအပြေးလွှားသွားကာ....
ဒေါက်...ဒေါက်...ဒေါက်....ဘာဖြစ်တာလဲ....။
ကယ်ပါဦး...ကယ်ပါဦး.....။
အထဲကအသံကြားပေမယ့် တံခါးမဖွင့်ပေးတာကြောင့် ထက်လျှားရင်ထဲ ထပ်ခနဲဖြစ်သွားသည်...။
ဟိတ်..တံခါးဖွင့်လေ.....ဘာဖြစ်တာလဲ....။
ဂျလောက်....ဂျလောက်....ဂျလောက်....။
တံခါးကလော့ချသည်မို့ ဖွင့်မရပဲ ဖြစ်နေသည်....
ဟာ...မဖြစ်ဘူး.....။
ထက်လျှား မေမေ အခန်းထဲကိုအမြန်သွားကာ အိမ်အခန်းသော့တွဲကိုကပျာကယာရှာလိုက်သည် ..။
အံဆွဲထဲက သော့တွဲကိုတွေ့တော့ ဘုံဘုံအခန်းကိုဖွင့်ကာ...
ဘုံဘုံ....။
အခန်းထဲမှာလူမရှိ...။
ရေချိုးခန်းဆီက ရေအဆက်မပျက်ကျသံကိုကြားနေရသည်...။
ဘုံဘုံ...ဒီထဲမှာလား..ဒေါက်..ဒေါက်..ဒေါက်...ဘာဖြစ်တာလဲ...။
ဒီမှာ ရေတွေ ပန်းထွက်နေတယ်....ပိတ်မရဘူး....လုပ်ပါဦး....။
ဟာ...အာ့ဆို တံခါးဖွင့်ပေးလေ....အဲဒါမှလုပ်ပေးလို့ရမှာပေါ့....။
ဟာ...ခင်ဗျားကိုတံခါးဖွင့်ပေးလို့မရဘူး....။
မရပဲ ငါကဘယ်လိုကူညီမလဲ...လုပ်ပါ တံခါးဖွင့်....။
ဘုံဘုံ မြို့က ရေချိုးခန်းတံခါမှမသုံးဖူးဘူး....ရောက်ထဲက ဒေါ်စီက ရေကိုအပြည့်ဖြည့်ပေးနေကျ..ဒီနေ့ အပြင်သွားစရာရှိတာနဲ့ဘုံဘုံကိုလုပ်ပေးဖို့မေ့သွားတယ်နဲ့တူတယ်...ခုတော့ ဒုက္ခလှလှ တွေ့ပါပြီ...ရေဖြည့်ပြီသားအမှတ်နဲ့ ဘုံဘုံက အဝတ်ပါအပြီးချွတ်ထားတာ ..ခုကျ ဘယ်လိုတံခါးဖွင့်ပေးမလဲ...။
ကျုပ် အင်္ကျီချွတ်ပြီးသားကြီးမလို့ဗျ....။
ဘုံဘုံစကားကိုထက်လျှား ရယ်ချင်မိသည်....။ ရှက်တက်သား လို့လဲ တွေးမိသည်...။
ဟာ အဲဒါဆိုလဲတခုခု ခြုံထားလိုက်ပေါ့ကွ..ငါ ဝင်လုပ်ပေးမှရမှာကို....။
ခနစောင့်......။
ဘုံဘုံ သိုးမွှေးပွ တဘက်ကြီးကို လုံနေအောင်ပတ်ထားလိုက်သည်...။
ဂျလောက် ......။
ခေါင်းကနေပြီး သိုးမွှေးတဘက်ကြီးကို ခြုံထားပေမယ် ခြေတံဖွေးဖွေးလေးကတော့ အထင်းသားပေါ်နေသည်....။
ထက်လျှားအကြည့်ကို ဘုံဘုံက မခံနိုင်ပဲ အတင်းဆွဲဖုံးနေသည်....။
ရပြီ....။
နောက်ဆို မှတ်ထား..ဒီလိုလုပ်ရတယ်...။
ထက်လျှားက ဘုံဘုံကို စိတ်ရှည်လက်ရှည်သင်ပြပေးသည်...အဲဒီကစပြီး ထက်လျှားနဲ့ဘုံဘုံ စတင်ရင်းနှီးခဲ့သည်....။
တက္ကသိုလ်မှာ ဘုံဘုံကို ခင်ချင်တဲ့အပေါင်းအသင်မရှိ...ဘုံဘုံက ဘယ်သူကိုမှအပေါင်းသင်းမလုပ်..တယောက်ထဲအေးဆေးနေတက်သည် ...။
ဒီမှာ ထိုင်လို့ ရမလား.....။
ဘုံဘုံ ကန်းတင်းမှာတယောက်ထဲထိုင်နေတုန်း မျက်ခုံးမွှေးကောင်းကောင်း အသားဖြူဖြူ အရပ်မြင့်မြင့် လူယောက်က ဘုံဘုံ စားပွဲဝိုင်းမှာထိုင်ဖို့ ခွင့်တောင်းသည်...။
ထိုင်ပါ...ဒီ နေရာက ဘုံဘုံပိုင်တဲ့နေရာမှမဟုတ်တာ....ခင်ဗျားဘာသာထိုင်ချင်ထိုင်မထိုင်ချင်နေ...။
ဟုတ်ကဲ့ပါ...အာ့ဆိုထိုင်မယ်နော်.....။
ထိုလူက အေးအေးဆေးဆေးပဲ ဝိတ်တာလေးဆီမှာ ထမင်းကျော်...ကြက်ဥဟက်ပရိုက် ကိုမြန်မြန်လေးလုပ်ပေးဖို့မှာနေသည်....။
ညီမက ပထမနှစ်လား....။
ဟုတ်တယ်....။
ဘုံဘုံ ပထမနှစ်မှန်း ဘယ်လိုသိလဲ လဲစိတ်ထဲတွေးမိသည်....။
ဘယ်လိုသိလဲဆိုတာာမဆန်းပါဘူး....အကို ညီမကို ခင်လို့ရမလား.....။
အဆန်းကြီးပဲ...ဘုံဘုံ တက္ကသိုလ်ရောက်ထဲက ဘုံဘုံရဲ့ဝတ်ပုံစားပုံ ကိုကြည့်ပြီး ဘယ်သူမှမခင်ချင်ကြဘူး...။
ခင်တာ မခင်တာက ခင်ဗျားအပိုင်းပါ...ကျုပ်က တယောက်ထဲနေရတာကြိုက်တယ်...အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ငြင်းရ ခုန်ရ သွားရတာမကြိုက်ဘူး....ဘုံဘုံဘာသာ စားချင်တာစား သွားချင်ရာသွား လုပ်ချင်ရာလုပ်.....ခင်ဗျားလဲ ကျုပ်ကို အဲဒါတွေမလုပ်မှ ကျုပ်လဲ ခင်ဗျားကို ပြန်ခင်မယ်....။
Okပါ..ငါလဲ လွတ်လပ်တာကိုကြိုက်တယ်...အဲဒါကြောင့် ဒုတိယနှစ်ထိ သူငယ်ချင်းမထားဘူး...တယောက်ထဲနေတာ....ကြာပြီမင်းကို သတိထားမိနေတာ..ငါနဲ့စရိုက်ချင်းတူမယ်ထင်လို့ ..ဒါနဲ့ နာမည်က....
ရွှေဘုံပါ...ဘုံဘုံလို့ပဲခေါ်ကြတယ်....
သြော်......ငါ့နာမည်က သူရသက်မောင် တဲ့ ဒုတိယနှစ်သချာင်္ာက....။
ထမင်းကြော်စားရင်း ထမင်းလုပ်သံနှင့်ပြောသည်....။ထိုချိန်..မှာပဲ
ဟယ်...ဟိုမှာ သချာင်္king သူရသက်မောင်ဆိုတာလေ...မာနသိပ်ကြီးတာ...ဘယ်မိန်းခလေးမှအနားကပ်မခံဘူး...မိဘတွေကလဲ တအားချမ်းသာတယ်.....။
ဘုံဘုံလှည့်ကြည့်တော့ဘေးစားပွဲဝိုင်းက မိန်းခလေး ၃,၄ ယောက်က ဒီဘက်ကိုကြည့်ပြီးပြောနေသည် ...။ သူကတော့ အလေးမထား စားနေကျ ထမင်းကျော်ကိုသာ စားနေသည်....။
ဘုံဘုံလို မိန်းခလေးမျိုးနဲ့ထမင်းစားနေသည့်သူ့ကိုလဲ အားလုံးကအသြနေကျသည်....။
ခုဆို ဘုံဘုံ ကျောင်းမှာ တယောက်ထဲမဟုတ်....သူရနှင့်အတော်ရင်းနှီးနေသည်....။ ဘုံဘုံနဲ့သူအကြား ဘာမှစည်းမထားပဲ စားချင်တာစား သွားချင်ရာသွား အတိုင်အဖောက်ညီသည်....။
ကျောင်းပိတ်ရက်တွေဆို သူရ ဘုံဘုံတို့ ရပ်ကွပ်ဘက်ကိုလာလေ့ရှိပြီး....
ငါတို့ ဘာလုပ်ရင်ကောင်းမလဲ ..ဘုံဘုံ နင်ရောစဉ်းစားရလား....။
အင်း....ကျုပ်လဲ ထိုင်နေရမှာပျင်တယ် ဘာလုပ်ရမှန်းလဲမသိဘူး...။
ဟာ...သိပြီ....။
ဘုံဘုံ အကြံကို သူရက အာရုံစိုက်နားထောင်နေသည်...။
ခဲနဲ့လိုက်ထုမယ်...။
အမလေး...ဘာကိုထုမှလဲဟ....။
ဒီရပ်ကွပ်ထဲကခွေးတွေကို ခဲနဲ့လိုက်ထုမယ်....။
အမလေး..လိုက်ဆွဲကာမှ....။
မရဘူး...လာ....။
အေးဟာ..ထုထု...။
ဘုံဘုံနဲ့ သူရ ကျောင်းပိတ်တိုင်း မဟုတ်တရုတ်တွေလုပ်နေကျ...သူရက ဘုံဘုံလောက်အပြေးမသန်...ဒါပေမယ့် ခုဆို သူရတောင်အတော်အပြေးမြန်နေပြီ...။
ဟဲ့...နင်ကျောင်းအပြေးပြိုင်ပွဲဝင်ပြိုင်လို့ရပြီသိလား...။
ဟျောင့်..ထက်လျှား.....။
မင်းကိုက ထက်လျှားကို လှမ်းခေါ်သည်...။
ဘာလဲကွ....။
ဟိုမှာကြည့်စမ်း...ငါတို့သချာင်္kingနဲ့မင်းအိမ်က ကောင်မလေး....။
ဟုတ်ပရဲ့...တရင်းတနှီး ရီမောနေလိုက်ကြတာ...။
အဲကောင်က မာနသိပ်ကြီးတာနော်..ဒါနဲ့ မင်းအိမ်ကကောင်မလေးနဲ့ ဘယ်လိုလုပ်ပြီး...။
ကောင်းသန့်က ခေါင်းကိုကုပ်ပြီးစဉ်းစားမရတဲ့အမူအရာလုပ်သည်....။
ဘယ်သိမလဲကွ....သူ့ဘာသာခင်ချင်တဲ့သူနဲ့ခင်ပေါ့...။
ဟေ့ဟေ့...သူ့ကိုကြည့်စမ်း အရင်လိုအချိုးမကျ ဝတ်စားထာတာမဟုတ်တော့ဘူး....စမက်ကျနေတယ်ကွ...။
မင်းကိုပြောမှပဲ ထက်လျှားသေချာကြည့်မိသည်...။ အရမ်းအလှကြီးမဟုတ်ပေမယ့် ကြည့်လိုက်တာနှင့်ရင်ထဲတန်းရောက်သည့်အလှမျိုးဖြစ်သည်...အဲဒါကိုငါဘာလို့မသိခဲ့တာပါလိမ့်....။
မသိခဲ့တာလား.....။
မသိချင်ယောင်