စိတ်​အ​ခြေအ​နေ

in #esteem7 years ago

အတော်စိတ်မကောင်း ဖြစ်မိသည့် ပုံ။

အင်္ဂလန်မှ ဝန်မင်း၏ မြန်မာ့ လ ဝ က ဝန်ထမ်းများနှင့် ဆက်ဆံသည့် ပုံရိပ်သည့် အတော်ပင် အထက်စီးဆန်သည့်ပုံ။ မိမိလက်အောက်ခံများကို သခင်တယောက်က ဆက်ဆံနေသည့် ပုံ။ မြန်မာတွေကလည်း ကုပ်လျက်။ စိတ်ဓာတ်ရေးရာ အတော်ပင်ကွာခြားနေသည်။

ဤ ပုံရိပ်တို့  နောင် ဘယ်သောအခါမှ ထပ်မဖြစ်လာစေရန် သတိပြုသင့်သည်။

မိမိက ဒူးသွားထောက်လျှင် တဖက်က ဖိနင်းတတ် ဖနှောင့် ပေါက်တတ်သည်။ မိမိဟန် နှင့် မိမိမာန်ရှိနေမှ။

အထက်လူကြီးများ၏ ရပ်တည်ချက်သည် ငယ်သားများအပေါ်လွန်စွာသက်ရောက်တတ်ပေ၏။

ကျွန် ဘဝမှ လွတ်ပြီဆိုသော်လည်း ကျွန်စိတ်ကား မကုန်သေးလျှင် သူတပါးက ကျွန်ပမာဆက်ဆံတတ်သည်။

image
image