အချစ်အတွက် ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်

in #esteem6 years ago (edited)

image
ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူရဲ့ အသွင်အပြင်နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာမျိုး မလုပ်ပါဘူး။ ယောင်္ကျားကောင်းတွေအကြောင်း ဆိုတာထက် ကိုယ့်ချစ်သူမိန်းကလေးအပေါ် တကယ်ချစ်၊ တကယ်ကောင်းတဲ့သူတွေအကြောင်းလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ သူတို့တွေ ပြုမူလုပ်ဆောင်လိုက်တဲ့ အရာတွေကြောင့် သူတို့ရဲ့ ချစ်သူကောင်မလေးဟာ အကြပ်ရိုက်သွားတာမျိုး၊ စိတ်ပျက်စိတ်ဓာတ်ကျရတာမျိုး မရှိတတ်သလို အချစ်ရေးကိုလည်း ပိုမိုခိုင်မြဲအောင် ထိန်းထားနိုင်ကြတာတွေ့ရပါတယ်။ သစ္စာမရှိတဲ့ ယောင်္ကျားမျိုးကို လက်မထပ်မိအောင် ဂရုစိုက်ပါ။ သစ္စာမရှိတဲ့ ယောင်္ကျားမျိုးက သင့်ဘဝကို ဖျက်ဆီးပြစ်နိုင်သလို သင့်ကိုလည်း တစ်သက်လုံး စိတ်းဒုက္ခရောက်စေပါလိမ့်မယ်။ တစ်စုံတစ်ခုကို ဖုံးကွယ်တတ်ပြီး ဟန်ဆောင်ကောင်းလွန်းတဲ့ ယောင်္ကျားမျိုးတွေကို သတိထားပါ။ သင့် မသိအောင် အမှားတွေ လုပ်ထားပြီး ဟန်ဆောင်ကောင်းစွာ သင့် အနားမှာ ရှိနေပါလိမ့်မယ်။ အရက်သေစာနဲ့ မူးယစ်တွေကို နှစ်နှစ်ခြိုက်ခြိုက် စွဲလန်းနေတဲ့ ယောင်္ကျားမျိုးကို ဝေးဝေးကနေ ရှောင်ပါ။ သူတို့ဟာ သင့် ထက်ပိုပြီး ထိုအရာတွေကို နှစ်သက်တဲ့ အတွက် စိတ်ဆင်းရဲ ရနိုင်ပါတယ်။ အားငယ်တဲ့ မိန်းကလေးတွေ အပေါ် နှိမ့်စက်တတ်တဲ့ အကျင့်စရိုက်ရှိတဲ့ ယောင်္ကျားမျိုးကိုတော့ လက်မထပ်မိအောင် ဂရုစိုက်ပါ။ တစ်ဘဝလုံး အနှိပ်စက်ခံ ဖြစ်ရပါလိမ့်မယ်။ မင်းဆံပင်သာ ဒီ့ထက်ရှည်မယ်ဆိုရင် သိပ်ကောင်းမှာပဲ တို့၊ ဒီ့ထက်ပိန်မှ ချစ်မှာနော်တို့ စသဖြင့် ကိုယ့်ချစ်သူကောင်မလေးရဲ့ အားနည်းချက်တစ်ခုခုကို ထောက်ပြပြောဆိုလေ့ရှိတဲ့သူတွေဟာ ယောင်္ကျားကောင်း မဟုတ်ပါဘူး။ အထူးသဖြင့် ချစ်သူကောင်းမဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်ပြီဆိုရင် သူနဲ့ပတ်သက်သမျှအရာရာတိုင်းကို လက်ခံနားလည်ပေးနိုင်တဲ့သူသာ ကောင်းမွန်သင့်တော်တဲ့ ချစ်သူပါ။ လေးစားမှုရှိတယ်၊မရှိဘူးဆိုတာ တွဲလာတဲ့နှစ်နဲ့ မဆိုင်ပါဘူး။ ဘယ်လောက်ပဲ အချိန်ကြာကြာ တွဲခဲ့တွဲခဲ့ ကိုယ့်ချစ်သူအပေါ် လေးစားမှုရှိမှသာ အချစ်ရေးဟာ ကြာရှည်အဆင်ပြေပါလိမ့်မယ်။ လူကြားထဲ ချိုးချိုးဖဲ့ဖဲ့ ပြောလိုက်မယ်။ ချစ်သူကောင်မလေးရဲ့ နောက်ကွယ်မှာသူ့မကောင်းကြောင်း သူငယ်ချင်းတွေနဲ့ ပြောလိုက်မယ်ဆိုတဲ့ ယောင်္ကျားမျိုးဟာ ဘယ်တော့မှ ယောင်္ကျားကောင်း ဖြစ်လာမှာ မဟုတ်ပါဘူး။
image
ခိုင်မြဲတဲ့အချစ်ရေးဘယ်လောက်ရှိရှိ သင့်ချစ်သူဟာ သင်မရှိတဲ့အချိန် သင့်ဖေ့စ်ဘွတ်ခ်အကောင့်ကို ၀င်စစ်တာမျိုး၊ အီးမေးလ်ကို ၀င်ကြည့်တာမျိုးတွေ ဘယ်တော့မှ မလုပ်တတ်ပါဘူး။ နှစ်ယောက်သား အတူတူသုံးတယ်ဆိုတာကတော့ တစ်မျိုးပါ။ ဒါက ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က သင့်ဖုန်းခေါ်ဆိုမှု ဘယ်လိုဆိုတာမျိုးကိုလည်း သင့်ဖုန်းကောက်ယူ စစ်ဆေးတာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါ ဘူး။ ယောင်္ကျားကောင်း တစ်ယောက်ဟာ သူ့ချစ်သူရဲ့ အရည်အချင်းကို ဂုဏ်ယူတယ်၊ အရည်အချင်းတိုးတက်အောင်လည်း အဘက်ဘက် ပံ့ပိုးပေးတယ်။ သင်ဟာ သင့်ချစ်သူနဲ့အတူ လက်တွဲဖြတ်သန်းပြီးတဲ့နောက်ပိုင်း သင့်ရည်မှန်းချက်၊ သင်ဖြစ်ချင်တာတွေကို အကောင်အထည် ဖော်လာနိုင်ပြီလား။ သင့်အဖြေက ရက်စ်ဆိုရင်တော့ သင့်ချစ်သူဟာ သင့်အတွက် တကယ်ကိုသင့်တော်တဲ့ သူပါ။ သူဟာသင့်ဖြစ်ချင်တာတွေ လုပ်နိုင်ဖို့ ပံ့ပိုးပေးနိုင်မယ်။ ဒီလိုမဟုတ်ရင်တောင် စိတ်ဓာတ်ခွန်အားပေးနိုင်မယ်။ သင်အောင်မြင်လာတာကို ပျော်ရွှင်မယ်၊ ဂုဏ်ယူမယ်ဆိုရင် သင်ပဟာ ချစ်သူကောင်းတစ်ယောက်ကို ရရှိထားတာလို့ မှတ်ပါ။ ယောင်္ကျားကောင်းဆိုတာကိုယ့်ချစ်သူကို ဒီအချစ်ရေးမှာ အထီးကျန်တယ်လို့ ခံစားရအောင် မလုပ်ဘူး။ အချစ်ရေးဆိုတာ နှစ်ဦးနှစ်ဖက် ဖြစ်တည်ရစ်ဖွဲ့လာတဲ့ သံယောဇဉ်ကြိုးကို အခြေတည်တာပါ။ အစပိုင်းက သဲသဲလှုပ်ပြနေပြီး တစ်ဖြည်းဖြည်းနဲ့ စိတ်မပါတော့သလို၊ ဒီအရေးက သူနဲ့မဆိုင်တော့သလို ပုံစံမျိုး ပြုမူနေတဲ့ချစ်သူဟာ ယောင်္ကျားကောင်း မဟုတ်ပါဘူး။ ကိစ္စတစ်ခုခုကို သူနဲ့မဆိုင်ဘူးဆိုပြီး ဘေးထွက်ရပ်တတ်တဲ့ ယောင်္ကျားမျိုးးဟာလည်း ယောင်္ကျားကောင်း မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ယောင်္ကျားကောင်းဟာ ကိုယ့်ချစ်သူအပေါ် ဘယ်တော့မှ မလိမ်ညာပါဘူး။ နှစ်ဦးသား ပြသနာတက်တာတွေ ရှိကောင်းရှိမယ်။ ဒါဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမယ့် ဒီလိုတက်တဲ့ပြသနာတွေဟာ သင့်အပေါ်မှာ သူအခါခါလိမ်ညာလို့ ဖြစ်ရတာမျိုးဆိုရင်တော့ သင့်ချစ်သူဟာ သင့်အပေါ်မှာ ကောင်းတဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ လိမ်ညာတတ်တဲ့သူတွေဟာ ဒီအကျင့်ကို ပြင်ဖို့ခက်ပါတယ်။ ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူအပေါ် လေးစားမှုအမြဲရှိပါတယ်။ ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူကို ဘယ်တော့မှ ညှင်းပမ်းနှိပ်စက်မှု မလုပ်ဘူး။ သင့်ချစ်သူဟာ သင့်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုးတွေ လုပ်ဖူးတယ်ဆိုရင် သူဟာ ယောင်္ကျားကောင်းမဟုတ်ဘူးဆိုတာ သေချာပါပြီ။ ဒီ့ထက် သူဟာ သင့်အပေါ် ညှင်းပန်းနှိပ်စက်တာမျိုးတွေ အထပ်ထပ်အခါခါ ပြုမူနေပြီဆိုရင်တော့ ဒီလိုယောင်္ကျားမျိုးကို စွန့်ခွာဖို့သာအကြံပေးချင်ပါတယ်။
image
တကယ်မချစ်ဘဲ ချစ်ဟန်ဆောင်ဖို့ အတွက် စကားပြောကောင်းဖို့ လိုပါတယ်။ အထူးသဖြင့် ထိုသူတွေဟာ စကားပြော အလွန်ကောင်းပါလိမ့်မယ်။ ထိုသူများကို တွေ့ရင် ဂရုစိုက်ပါ။ မျက်နှာအမူအရာကောင်းတယ် ကောင်မလေးတွေ တကယ်ချစ်လာဖို့ သူတို့ရဲ့ မျက်နှာကို လိုသလို ပုံပြောင်းနိုင်ပါတယ်။ တစ်ဖက်လူ ယုံကြည်လာအောင် မျက်နှာအမူအရာ ကောင်းလွန်းပါတယ်။ စိတ်ပူပြတတ်တယ် ကောင်မလေးတွေ သူ့ကို တကယ်ချစ်တယ်လို့ ထင်လာအောင် စိတ်ပူပြတာတွေလည်း ရှိပါလိမ့်မယ်။ တကယ်တော့ ရင်ထဲမှာ စိတ်မပူပါဘူး။ စိတ်မတိုဘူး၊ ဒေါသမထွက် မိမိနဲ့ ပတ်သက်ပြီး များများစားစား သူ့ရင်ထဲမှာ မရှိတာကြောင့် သူ့အနေနဲ့ စိတ်လည်းတိုမှာ မဟုတ်သလို ဒေါသလည်း ထွက်မှာ မဟုတ်ပါဘူး။ ဂရုစိုက်ပြတယ် သူက ရင်ထဲကတော့ မပါဘူး။ ဒါပေမယ့် ချစ်သူ သူ့ကို အမှတ်တွေ ပေးလာအောင် ဂရုစိုက်ပြတတ်တဲ့ ယောင်္ကျားမျိုးကိုတော့ မချစ်မိအောင် ရှောင်ပါ။ ကမ္ဘာပေါ်မှာ ယောင်္ကျားအမျိုးမျိုးရှိပင်မဲ့ ယောင်္ကျားကောင်းဆိုတာ လက်တဆုပ်စာသာရှိပါတယ်။ မိန်းကလေးတွေအနေနဲ့တော့ ဘဝတစ်သက်တာ လက်တွဲနိုင်ရန်အတွက်ကိုသာ စဉ်းစားပြီး လက်တွဲကြတာပါ။ ဒါပင်မဲ့လည်း ယောင်္ကျားတွေထဲမှာ ဖောက်ပြန်တဲ့အတွက်ကြောင့် မိန်းကလေးတွေမှာ စိုးရိပ်စိတ်တွေ၊ ဝမ်းနည်းမှုတွေ၊ ပေးဆပ်ရတဲ့အရာတွေကြောင့် ယောင်္ကျားအချို့ကို ယုံကြည့်ဖို့ဆိုတာကိုက ခဲယဉ်းနေပြီ။ယောင်္ကျားတွေက နောင်မလုပ်တော့ပါဘူးလို့ ပြောလိုက်ပင်မဲ့လည်း ဒီစကားကို ယုံကြည်မဲ့ မိန်းကလေးဆိုတာ အနည်းအကျဉ်းသာရှိပါလိမ့်မယ်။ ဒီလိုယောင်္ကျားတွေက ထပ်ခါတလဲလဲ လုပ်ပြီးရင်းလုပ်တတ်ပါတယ်။ဒါတွေကြောင့် ဒီလိုအတွေ့အကြုံမျိုးရှိတဲ့ မိန်းကလေးမှာတော့ နောင်တစ်ယောက်ကို စဉ်းစားဖို့ရန် ဝန်လေးနေတော့မှာပါ။ ယောင်္ကျားကောင်းဆိုတာ ဘယ်လိုလဲ။ ကိုယ့်စိတ် အကြောင်းနားလည်သူ မိန်းကလေးတွေဟာ စိတ်ပြောင်းမြန်ပြီး ကလေးထိန်းနေရသလဲပဲလို့ပြောကြပင်မဲ့၊ တကယ်တော့ ယောင်္ကျားတွေက ပိုပြီး စိတ်ခံစားမှုများပါတယ်။ မိန်းကလေးတွေဟာ ကိုယ့်ရဲ့ခံစားချက်ကို မိဘ၊သူငယ်ချင်းတွေနဲ့ ဝေမျှပြီး ရင်ဖွင့်လေ့ရှိတာကြောင့် ကိုယ်စိတ်ရဲ့ထွက်ပေါက်ကို နားလည်ပင်မဲ့ ယောင်္ကျားတွေမှာတော့ ငိုယိုပြီးပြောတော့လည်း ယောင်္ကျားမဟုတ်ဘူးလားလို့ဆို၊ မိန်းမဆန်လိုက်တာလို့ ပြောခံရနဲ့၊နောက်ဆုံးတော့ ရန်တွေဖြစ်ပြီး မဖြစ်သင့်တာတွေဖြစ်သွားတတ်ပါတယ်။ ယောင်္ကျားကောင်းတွေဆိုတာကတော့ ကိုယ့်စိတ်ရဲ့ထွက်ပေါက်ကို နားလည်ပြီး ဘယ်အချိန်မှာ ဘယ်လိုစိတ်ကိုထိန်းမလဲဆိုတာကို နားလည်နေသူဖြစ်ပါလိမ့်မယ်။ အခြေအနေကို စဉ်းစားသုံးသပ်နိုင်သူ ယောင်္ကျားဆိုတာ လူ့လောကအစကတည်းက မိန်းကလေးကို ပိုင်ဆိုင်ချင်တဲ့စိတ်ဆန္ဒက အမြဲတမ်းရှိနေသူပါ။ အခွင့်အရေးတစ်ခုကြောင့် အခြေအနေတစ်ခုကြောင့် မိန်းကလေး တစ်ယောက်ကို ပိုင်ဆိုင်ရမယ်ဆိုရင် သူ့အနေနဲ့ သေသေချာချာ စဉ်းစားဆုံးဖြတ်တတ်လားဆိုတာကို ကြည့်သင့်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ရဲ့မိသားစုဘဝလေး ပြိုပျက်သွားရင်လည်းမထူး၊ ဖြစ်ချင်ရဖြစ်ဆိုတဲ့ သူမဟုတ်သောသူ၊ ဆင်ခြင်တုံးတရားရှိသူကသာလျှင် ယောင်္ကျားကောင်းပါ။ မိန်းကလေးတစ်ယောက်ကို တကယ်လည်းမကြိုက်ပဲနဲ့ စိတ်အပန်းပြေဖို့ရန်သာ တွဲချင်သော ယောင်္ကျားတွေရှိတတ်ပါတယ်။ မိန်းကလေးဘက်မှာတော့ ကိုယ့်ကို ကြိုက်လားမသိဟု စိတ်ထဲခံစားရလို့သာလျှင် သွားလာကြပါလိမ့်မယ်။ မိန်းကလေးတစ်ယောက်ကို လှည့်စားခြင်းမရှိပဲ ရိုးရိုးသားသား ပေါင်းသင်းဆက်ဆံသူ၊ ကိုယ်ကတကယ်ကို မိန်းကလေးကို ကြိုက်လို့ ချစ်ရေးဆိုသောသူသာလျှင် ယောင်္ကျားကောင်း ဖြစ်ပါလိမ့်မယ်။
image
ယောင်္ကျားဆိုတာ ဘယ်သူ့ကိုမဆို လေးလေးစားစား ဆက်ဆံနိုင်သောသူများဖြစ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေသာမက ကိုယ့်ရဲ့ချစ်သူကိုလည်း ဒီထက်လေးလေးစားစား ဆက်ဆံတတ်သူများပါ။ ဖောက်ပြန်တယ်နေပြီဆိုရင်တော့ လိမ်နေတာနဲ့တူပါတယ်။ မိန်းကလေးရဲ့ ယုံကြည်မှုကို ချိုးဖဲ့ရုံသာမက လူကျင့်လူ့ဝတ်ကိုလည်း ချိုးဖောက်သောသူဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ယောင်္ကျားကောင်းဆိုတာ ဘယ်လိုဖြစ်မလဲ။ ယောင်္ကျားကောင်းဆိုတာ ကိုယ့်ရဲ့ အရည်အချင်းကို နားလည်ထားသူဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းကောင်းတွေရှိနေတာကို သိနေပြီးတဲ့ ယောင်္ကျားဆိုတာ ကိုယ့်ရဲ့ချစ်သူ၊မိသားစုထက် သာမန် မိန်းကလေးကို ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်ဆိုတာကို နားလည်ပြီးသားပါ။ ဘယ်မိန်းကလေးကို မဆို စိတ်ထိခိုက်အောင်မလုပ်သင့်ပါ။ ဒါဟာလဲ ယောင်္ကျားတစ်ယောက်ရဲ့တာဝန်ပဲလို့ထင်ပါတယ်။ ကိုယ့်ရဲ့ဘဝလက်တွဲဖော်ကို အမြဲတမ်း စိတ်ချမ်းသာအောင်ထားမယ်ဆိုတဲ့ ခံစားချက်လေးရှိသူက ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ပါလိမ့်မယ်။ ကိုယ့်ကိုချစ်တဲ့ မိန်းကလေးက ကိုယ့်အနားမှာ မရှိတော့တဲ့အချိန်မှာ နောင်တ ရမဲ့အလုပ်ကို မလုပ်တာက ယောင်္ကျားကောင်းတစ်ယောက်ရဲ့ တာဝန်ဖြစ်ပါလိမ့်မယ်။ ယောင်္ကျားဆိုတာ တစ်ခုပြီးတစ်ခုကို လိုချင်တဲ့အတွက်၊ စွန့်စားနေတတ်တဲ့ လူမျိုးပါ။ ကြိုးစားရင်းနဲ့ လမ်းပျောက်သွားတတ်တဲ့သူလဲရှိပါတယ်။ လမ်ပျောက်သွားသူဆိုတာ ဘယ်အရာက ဘဝမှာ အရေးကြီးဆုံးလဲဆိုတာကို နားမလည်တော့တဲ့အတွက်ပါ။ မိန်းကလေးတွေ တစ်ယောက်ပြီး တစ်ယောက်တွဲ၊ သွားလာပျော်ပါးနေတာက ဘဝရဲ့အောင်မြင်မှုလား? မဟုတ်ပါ။ လွယ်လွယ်ပဲတွေးပါ။ ကိုယ့်ရဲ့ဘေးမှာ အမြဲတမ်းရှိနေပေးသောသူသာလျှင် သူ့ဘဝအတွက် အလိုအပ်ဆုံးသောသူဆိုတာကို သိထားပြီးသောသူသာလျှင် ယောင်္ကျားကောင်း ဖြစ်ပါလိမ့်မယ်။
image
အကယ်၍ ဖောက်ပြန်မိခဲ့သည်ရှိသော်လည်း၊ ဒီမိန်းကလေးနဲ့ ဆက်ပြီး လက်တွဲဖို့ရန် မဖြစ်နိုင်ဘူးဆိုတာကို နားလည်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ကို ချနိုင်သူဖြစ်ရမှာပါ။ ကိုယ့်ရဲ့ချစ်သူ၊ ဘဝလက်တွဲဖော်ကို တကယ် နားလည်ပြီး ချစ်သူဖြစ်ပါက ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်သူ ဖြစ်သူသာလျှင်၊ အမှားကို ပြင်နိုင်သူသာလျှင် ယောင်္ကျားကောင်း ဖြစ်ပါလိမ့်မယ်။ မနက်ကတည်းက အိပ်ယာကထတာနဲ့ ချစ်တယ်လို့ မပြောရုံတမယ်၊ ကိုယ့်ကို ဂရုတစိုက် အိပ်ယာမှ နှိုးပေးသောသူ။ စိတ်ချမ်းသာအောင်ထားမှာပါ
ယောင်္ကျားလေးတွေဟာ ကိုယ်ချစ်တဲ့မိန်းကလေးအတွက် ဟင်းပဲချက်ပေးရမလား ဘာပဲလုပ်ရလုပ်ရ ဖြည့်စီးပေးတတ်သူ။ မထင်မှတ်သောအရာကို လုပ်ပေးချင်ပါတယ်
ဘာရယ်လို့မဟုတ်ပဲပင် သေးသေးမွှားမွှား ကိစ္စလေးတွေကိုလုပ်ပြီး မိန်းကလေးတွေကို အံ့သြသွားအောင် လုပ်ပေးနိုင်သောသူ။ အတူတူမရှိပင်မဲ့လည်း ရင်ထဲမှာ အမြဲရှိနေပါတယ်
ဖြစ်နိုင်ရင် ဘယ်အချိန်မဆို အတူတူရှိနေချင်ပင်မဲ့လည်း အကြောင်းကြောင်းကြောင့် အတူတူမရှိပင်မဲ့လည်း အချိန်ကို ရအောင်ယူပြီးတော့ မိန်းကလေးကို တွေ့ပေးသောသူ။ ဘာကိုလုပ်မလဲဆိုတာကို အမြဲတမ်း တိုင်ပင်လျက်ပါ
နှစ်ယောက်သား ဘာကိုလုပ်လုပ် တိုင်တိုင်ပင်ပင် လုပ်မယ်ဆိုတာကို သတ်မှတ်ထားပြီး ဒါကို အလေးထားပြီး လုပ်ပေးနေသောသူ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်အတွက် တိုင်ပင်မှာပါ ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချရတော့မဲ့အချိန်မှာ သူက မိန်းကလေးကို ရဲရဲဝံ့ဝံ့ ဖွင့်ပြောတိုင်ပင်နိုင်သောသူ။ ဖွက်ထားတာတွေ မရှိပါ လျှိ့ဝှက်ထားတာတွေလည်း မရှိသလို၊ ဖုံးဖွက်ထားရမဲ့ ကိစ္စတွေလည်း မရှိသောသူ။ အရှိအတိုင်းကို ချစ်တာပါ
ဥစ္စာ၊ ပစ္စည်း၊ လှပအောင်ချယ်သထားတဲ့ မိန်းကလေးရဲ့မျက်နှာကို ကြိုက်လို့ချစ်နေတာမဟုတ်ပဲ မိန်းကလေးရဲ့ အရှိအတိုင်းကို ချစ်သောသူ။ နေ့စဉ်ဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို ပြောမိတယ်
နေ့စဉ်ဖြစ်ခဲ့တဲ့အကြောင်းလေးတွေကို မိန်းကလေးအတွက် ပြောပြပေးတဲ့သူ။ ဝမ်းနည်းအောင် မလုပ်ပါ
မိန်းကလေး ဝမ်းနည်းအောင်၊ မျက်ရည်ကျအောင် မလုပ်သောသူ။ အပြန်အလှည် အပေးအယူရှိနေပါတယ်
အချစ်ရေးမှာ အချစ်ခံချင်တယ်တစ်ခုတယ်မဟုတ်သလို၊ ကိုယ်ကလည်း သူကိုနားလည် ခွင့်လွှတ်နိုင်သောသူ အမြဲတမ်း နေရာပေးလျက်ပါ
မိန်းကလေးအတွက်ကို အမြဲတမ်း စဉ်းစားပြီး နေရာပေးတဲ့သူ။ အန္တရာယ်မှာ ကာကွယ်ပေးနေပါတယ်
မိန်းကလေးအပေါ်မှာ ဖြစ်လာမယ့် ပြသာနာတွေ၊ဒုက္ခတွေကို ဦးစီပြီး ဖြေရှင်းပေးမည့်သူ။ ဂတိစကားကို မဖျက်တတ်ပါ
မိန်းကလေးကို ပေးထားတဲ့ဂတိကို မေ့သွားမှာ မဟုတ်သလို၊ ဆက်လက်ပြီးတော့လည်း ထိန်းသိမ်းရင် ကြိုးစားနေသူ။ လေးစားပါတယ်
ချစ်သူတစ်ယောက်အနေနဲ့ရော၊ မိန်းကလေးတစ်ယောက်အနေနဲ့ရော လေးစားစွာ ဘဝရဲ့ လက်တွဲဖော်ကို လက်တွဲပြီး ခေါ်ဆောင်သွားမည့်သူ။ မိန်းကလေးတွေကို တကယ်မချစ်ဘဲ ချစ်ဟန်ဆောင်တဲ့ ယောင်္ကျားတွေလည်း များစွာရှိပါတယ်။ သူတို့တွေက အမှန်တကယ် ရှောင်သင့်တဲ့ ယောင်္ကျားများထဲမှာ ပါဝင်ပါတယ်။