ဘဝကိုဖန်ဆင်းပေးသော အချစ်တေးတစ်ပုဒ်
ကျွန်မတို့လည်းထမင်းဝိုင်းနှင့်ကြုံနေသည့်အတွက်လောကဝတ်အရခေါ်ကျွေးလေ၏ နှစ်ယောက်စလုံး တစ်လုံးမှမပြောပဲ စိတ်မကောင်းတဲ့ မျက်လုံးလေးနဲ့ မေသော်တာကို ပိုင်လေးလို့တော့ မပြောနဲ့နော် ပိုင်လေးက အဲလိုမဟုတ်ဘူး ပိုင်လေးက အဲလိုဆိုးသွမ်းတဲ့လူ မဟုတ်ဘူး
"ညီမလေး တကယ်တော့လေ
"ဟဲ့ ထက်မြက်ရေ ငါလည်း ပြောစမ်းပါဦး
ငိုယိုပြီး ပြေးလာတဲ့ ဒေါ်နှင်းကြည်။မိထွေးသာပြောတယ် အရေးကြုံတော့ ဖိနက်တောင် မပါပဲပြေးလာသည်။
"အဟင့် အဟင့် ထက်မြက်ရယ် ပိုင်လေး.လူသတ်လိုက်လို့ဆို ဟုတ်လား ပြောပာဦး ထက်မြက်ရဲ့ ပါးစပ်ပိတ်မနေနဲ့ ဖဲဝိုင်းကနေကြားခဲ့တာ ဟုတ်ရဲ့လား သိရိကို စော်ကားမို့ လုပ်တဲ့ကောင်ကို သတ်လိုက်တာဆို
"ဘာ လူသတ်တာ
ပြောရင်းနဲ့ မေသော်တာ မြေကြီးပေါ်ကို ထိုင်ချလိုက်သည်။ ထိုင်ချလိုက်တာနဲ့တူတူ မျက်ရည်စတို့ ဝဲတက်လာသည်။
"သော် ကိုယ်ရှိတယ်နော် ကိုယ်တို့ အမှုလိုက်လို့ ရတာပဲလေ နော် သော်
"မိသော်တာ ငိုလိုက် ငိုလိုက် တင်းခံမထားနဲ့ သော်တာ ငိုချလိုက်
"အီးးးးဟီးးးး အီးးးးဟီးးးး
မေသော်တာ ငိုချလိုက်သည်။
ပိုင်ဖြိုးရဲ့ ရည်းစားမကျ သူငယ်ချင်းမကျ သိရိကို စော်ကားမို့ လုပ်တဲ့ကောင်နဲ့ ချရင်းနဲ့ ဓားနဲ့ထိုးမိသွားချင်းဖြစ်သည်။ နောက်တော့ သူကိုယ်တိုင်ပဲ ရဲကို ဖုန်းဆက်လိုက်သည်။ မေသော်တာတို့ အမှုလိုက်ရင်း လေးလကျော်ကျော်ကြာလာသည်။ နောက်ပိုင်းရောက်တော့ ဒေါ်ကြင်ကြင် သူ့မြေးနဲ့ မေသော်တာကို သဘောတူလိုက်သည်။
"အန်တီတို့ လောင်းထားသလို ကမ္ဘာက သမီးဆီကို လာခဲ့တယ် သမီးနိုင်တယ်ပဲထားပါ သမီးတို့ကို အန်တီသဘောတူလိုက်ပြီ သမီးမောင်လေး ကိစ္စလည်း အန်တီဆက်လိုက်ပေးမယ် သမီးကျေနပ်တယ်မလား
ကော်ဖီဆိုင်လေးမှာ ထိုင်စကားပြောနေကြသည်။
"ကျွန်တော် မကျေနပ်ဘူး
ဒေါ်ကြင်ကြင်နဲ့မေသော်တာတို့နှစ်ယောက် ကမ္ဘာလွှမ်းကို ကြည့်လိုက်သည်။
"ဟုတ်တယ်လေ ဘာလို့ လောင်းကစားလုပ်တာလဲ ဒါကတော့ လွန်တယ်လေ သော် အရမ်းလွန်တယ်နော်
"ဟုတ်ပါပြီ ငါ့မြေးရယ် အဖွကိုယ်တိုင် မင်းတို့ကို သဘောတူပါတယ် ဟုတ်ပြီလား လေးလတောင် အဖွားဆီကို တစ်ခေါက်မှမလာဘူး နေနိုင်လိုက်တာ အဖွားကလွမ်းနေတာ
"မဟုတ်ပါဘူး အဖွားရဲ့ အမှုတွေနဲ့ကော ရှုပ်နေတာမို့ပါ
"ဟုတ်ပါပြီကွယ်
"အဖွား ကျွန်တော် ခုတလော သော်တို့အိမ်မှာပဲ နေလိုက်မယ်နော် သော် အားငယ်နေမှာ
"အင်းပါ ငါ့မြေးသဘော
"မဟုတ်တာ ကမ္ဘာ အဖွားနဲ့ပဲ သွားနေပါ မဟုတ်တောင် လင်မယားတွေလား အမေးခံနေရတာ
"ဟား ခုလို အဖွားအိမ်မှာသွားနေတော့ ကွဲသွားတာလား မေးနေအုံးမယ်
"ဟာ အန်တီကလည်း
"အဖွား ပြန်တော့မယ် ကမ္ဘာရုံးလာတော့နော် မေသော်လည်း အလုပ်ပြန်ဝင်ပေါ့
"ဟုတ်ကဲ့ အဖွား
ဒေါ်ကြင်ကြင် ပြန်သွားသော်လည်း မေသော်တာတို့ကတော့ ဆက်ထိုင်နေသည်။
"သော် ဒါကတော့ လွန်တယ်နော်
"မလွန်ပါဘူး ခုချိန်ထိ သော်ကတော့ မတင်မကျလေးတွေ ရှိသေးတယ် သွား ဟိုဘက်ကို သော်နားမထိုင်နဲ့
"ဟား ဘာ သော် ပိုတောင်လွန်သွားပြီနော် ကိုယ်ကို လောင်းကြတာကတော့
"ဒါကတော့ ဒီလိုလေးတွေ ရှိတယ်လေ
"ကိုယ်ရဲ့ ခံစားချက်ကို ကစားနေတာလား
"သော် အဲလိုမဟုတ်ပါဘူး သော်လည်း မတက်နိုင်လို့ပါ
"မရဘူး မရဘူး ဒီလို ကိုယ်ကိုကစား.....
ကမ္ဘာလွှမ်း ပြောလို့မဆုံးခင်မှာပဲ မေသော်တာ ထသွားသည်။ခြေလှမ်းတွေက တော်တော်ကြဲလှသည်။ ကမ္ဘာလွှမ်းလည်း သိလိုက်တာမို့ တန်းလိုက်သွားသည်။
"သီရိ
သိရိတို့အတွဲကို မြင်လိုက်ခြင်းပင် သီရိအမေလည်း ပါလာသည်။
"ဟို မမ ဟိုလေ
"ဖြောင်း ဖြောင်းးးး
လျှင်မြန်လှတဲ့ မေသော်တာရိုက်ချက်ကြောင့် သီရိသတို့သားလောင်းကော သူ့အမေပါ မကာကွယ်နိုင်လိုက်။
"မမ
''နင်ကြောင့် ငါ့မောင် ခုထောင်ထဲမှာ နင်က တခြားယောကျာင်္းနဲ့ ပျော်ပါးနေတယ် ငါ့မောင်ကို အလေးမထားတာလား ငါ့မောင် မေတ္တာကို စော်ကားတာလား
"ဟိုလေ မမ ဒါက ဒါက
"မေသော်တာ နင်ကများ ငါ့သမီးကို
သီရိအမေ မေသောတာကို ပြန်ရိုက်လိုက်သည်။လက်ဝါးချက်က မေသောတာနား မရောက်ခင် ဝင်ကာလိုက်တဲ့ ကမ္ဘာလွှမ်း ။မေသောတာရှေ့ ရပ်လို့သလိုလုပ်လိုက်တာကြောင့် ပုခုံးကိုသာ ရိုက်မိလိုသည်။
ဦးလေးကြီလည်းထမင်းဟင်းများကိုအားပါးတရပင်စားလေသည်။ စားသောက်ပြီး၍ရေနွေးသောက်နေရင်းဦးလေးကြီးကဖြစ်ခဲ့တဲ့နေရာလေး မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်အတွင်းကတောင်ပေါ်ကရင်ရွာလေးတစ်ရွာမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးပါ... ဒီဝတ္တုနဲ့ပတ်သတ်ပြီးအဲဒီဒေသမှာနေထိုင်ကြတဲ့လူမျိုးတွေရဲ့လူနေမှုစရိုက်ကိုအရင်ဆုံးပြောပြချင်ပါတယ်.. အဲဒီဒေသကကရင်လူမျိုးအများစုမှာကျမတို့သိကြတဲ့အတိုင်းဘားအံဖက်မှာနေကြတဲ့ပိုးကရင်များလိုအသားဖြူဖြူချောချောများမဟုတ်ကြပါ။ ကရင်မှန်သော်လည်းလူမျိုးစုတစ်ခုနှင့်တစ်ခုဘာသာစကားမတူပေ...အနည်းငယ်ကွဲပြားကြသည်။
သို့သော်အဲဒီကရင်လူမျိုးများမှာပွင့်လင်းရိုးသားသူများဖြစ်ကြပါသည်။
အလွန်ကျယ်ဝန်းပြီးစည်းရိုးမခတ်ထားသောတောရိုင်းခြံကျယ်ကြီးများပိုင်ဆိုင်ကြပြီးခြေတံရှည်အိမ်မြင့်ကြီးများနှင့်နေထိုင်တတ်ကြသည်...
အစားအသောက်စားရာတွင်လည်းအခြားလူမျိုးများကဲ့သို့ချေး(ဂျီး)မများတတ်ကြ...
ဖြစ်သလိုကြုံသလိုစားသောက်ကြပြီးအလွန်အနေအေးသူများလည်းဖြစ်သည်။
သို့သော်...ကျမတို့မစားဝံ့ကြသောပုတ်သင်ညို၊ဖားခုံညင်း၊ဖားပျံ၊လင်းနို့၊လင်းဆွဲစသည့်အကောင်များကိုလည်းဟင်းကောင်းတခွက်ပမာမြိန်ရည်၊ရှက်ရည်စားတတ်ကြသေး၏။
အစားကြူးသော်လည်းပင်ကိုယ်စိတ်ဓာတ်မှာကျမတို့ဗမာလူမျိုးများထက်သာသည်ကိုတော့ဝန်ခံရပေမည်။
ထိုကရင်လူမျိုးအများစုမှာဧကများစွာကျယ်ဝန်းသောတောခြံကြီးများတွင်ပိန္ဒဲ၊ဒညင်း၊ကြက်မောက်၊ဒူးရင်း၊ငှက်ပျောစသည့်ဥယျာဉ်ခြံဆန်ဆန်စိုက်ပျိုးလေ့ရှိကြသည်။
စိုက်သလောက်လည်းဖြစ်ထွန်းလှ၏...
တောအလုပ်များဖြစ်သည့်သစ်ခုတ်၊ဝါးခုတ်၊အကောင်ရှာ၊ပျားဖွတ်စသည့်ကြုံရာကျပမ်းဗမာအလုပ်သမားများ၎င်းတို့စိုက်ပျိုးထားသောစိုက်ပျိုးခြံများထဲသို့ရောက်သွားပါကပိုင်ရှင်ကိုခွင့်စရာမလိုပဲအသီးအနှံများကိုကြိုက်သလောက်အဝအလင်စားသုံးနိုင်ပါသည်။
သို့သော်အသီးအနှံများကိုအလဟသဖျက်ဆီးခြင်း၊အဝစားရုံမကအိမ်သို့ပြန်သယ်ခြင်း၊ပြန်ရောင်းချရန်ရည်ရွယ်ပြီးယူဆောင်ခြင်းတို့ကိုခွင့်မပြုတတ်ပေ။
ခိုးယူသွားပါကပိုင်ရှင်များသိလျင်ခြေလက်ဖြတ်ခြင်း၊စကားမပြောနိုင်အောင်လျှာဖြတ်ပစ်ခြင်းစသည့်မှတ်သားလောက်အောင်အပြစ်ပေးတတ်သည်...
စစ်တပ်နှင့်အလှမ်းဝေးသောအညိုရောင်နယ်မြေမို့်လည်းတိုင်တန်း၍ရသောနေရာလည်းမဟုတ်သောကြောင့်ကိုယ့်ဖက်ကအမှားမရှိအောင်တော့ဂရုစိုက်ရသည်။
အဆိုပါကရင်လူမျိုးများကားကိုယ်ကရိုးရိုးသားသားဆက်ဆံလျင်အလွန်ဖော်ရွေတတိကြသလို၊သူတို့ကိုလိမ်လျင်လည်းရက်ရက်စက်စက်ပြန်တုန့်ပြန်တတ်ကြသည်...
သို့သော်...တောအလုပ်လုပ်ကြသောဗမာလူမျိုးများကလည်းလူလည်ကျရာ၌နှစ်ယောက်မရှိပေ...သူတိ့စိုက်ပျိုးထားသောသီးနှံများကိုမရ ရအောင်ခိုးယူရောင်ချတတ်ကြသလို၊ပိုငိရှင်မိသွား၍ခြေပြတ်၊လက်ပြတ်ဖြစ်သွားကြသောလူများလည်းမနည်းပေ။
ဤသို့ခိုးယူခြင်းကိုစိတ်ချစေရန်အတွက်ခြံမစောင့်လိုသောအချို့ပိုင်ရှင်တော်တော်များများကသရဲတစ္ဆေများမွေးထားတတ်ကြသည်။
မွေးထားသောသရဲကလည်းခြံထဲသို့ဖြတ်သွားသောလူတိုင်းကိုအသားလွတ်လိုက်ကာခြောက်လှန့်ခြင်းမဟုတ်...
သီးနှံသူခိုးများကိုနေက်လုံးဝမလာရဲအောင်ခြောက်ထုတ်ခြင်းဖြစ်သည်။
သူတို့စိုက်ပျိုးခြံဆိုသည်ကားကျနော်တို့လူနေရပ်ကွက်ကဲ့သို့စည်းရိုးကာထားသောစနစ်တကျမသတ်ထား...
တခြံနှင့်တစ်ခြံသက်ဆိုင်ရာနယ်နိမိတ်အဖြစ်အပင်ကြီးများစိုက်ပျိုးထားပြီးအချင်းချင်းနားလည်မှုဖြစ်စည်းခတ်ထားသောသဘောဖြစ်၏...
အဆိုပါတောင်ပေါ်ကရင်လူမျိုးများ၏မနှစ်သက်ဖွယ်အကျင့်တစ်ခုကား၎င်းတို့မိသားစုဝင်တဦးဦးသေဆုံးသွားပါကသင်းချိုင်းသို့ဝေးဝေးလံလံသွားမမြှုပ်ကြပဲ...သူတို့၏အနီးအနားခြံထဲမျာပင်မြှုပ်ပစ်တတ်ကြသည်။
ကျနော်တို့မိသားစုသည်လည်းကရင်လူမျိုးများကြားတွင်ရှားရှားပါးပါးတောခြံပိုင်ရှင်ဗမာလူမျိုးများဖြစ်ကြသည်
..
ကျနော်တို့ခြံမှာဧက၇၀ခန့်ကျယ်ပြီးဝါးပိုး၊ပိန္ဒဲ၊ဒူးရင်း၊တောင်ထန်းဖက်စသည်တို့ကိုအဓိကစိုက်သည်..
တစ်နှစ်တစ်နှစ်ခြံမှထွက်သောသီးနှံဖိုးသည်ကျနော်တို့မိသားစုစီးပွားရေးကိုအတော်လေးပြေလည်စေသည်။
အဖေကိုယ်တိုင်ကခြံကိုဦးဆောင်လုပ်ကိုင်ပြီးကျနော်တို့ညီအစ်ကိုနှစ်ယောက်ကတော့နောက်လိုက်သက်သက်ပေါ့။
ကျနော်တို့ခြံဘေးကပ်လျက်တွင်စောသာဖိုးခေါ်ကရင်အိုကြီးနှင့်တပည့်ကရင်လေး၃ယောက်နေထိုင်ကာခြံစိုက်ကြ၏..
စောသာဖိုးသည်သီးသန့်နေထိုင်တတ်ပြီးသဘောကောင်းလှသူဖြစ်၏..
တောပစ်ဝါသနာပါသောကြောင့်ခြံထဲတွင်ပစ်ခတ်ရတတ်သောဂျီသား၊တောဝက်သား၊မျောက်သားစည့်တောကောင်သားများကိုလည်းရသည့်အခါတိုင်းသူ့တပည့်ကလေးနှင့်လာပို့ပေးခိုင်းလေ့ရှိသည်။
စောသာဖိုးနှင့်ကျနော်တို့ခြံစည်းရိုးအဖြစ်ဒညင်းပင်များကိုလည်းခြံနယ်နိမိတ်များအဖြစ်တန်းစီစိုက်ထား၏..
ဒညင်းပင်များကတော့ကျနော်တို့အပိုင်ပါ..
နှစ်ဖက်ပိုင်ရှင်များကလည်းဆွေမျိုးများပမာခင်မင်လျက်ရှိသောကြောင့်ပြသနာတစုံတရာမရှိခဲ့ပေ.။
သို့သော်လအနည်းငယ်အကြာတွင်စောသာဖိုးတစ်ယောက်အကြီးအကျယ်နေမကောင်းဖြစ်ကာသူ့တပည့်ကလေးများနှင့်အတူခြံကြီးကိုရောင်းချပြီးအမျိုးများရှိရာဘားအံဖက်သို့အပြီးအပိုင်ထွက်သွားလေ၏...
ခြံကြီးကိုတော့ဗမာမိသားစုတစ်စုကိုရောင်းချခဲ့ခြင်းဖြစ်သည်...
ထိုဗမာမိသားစုရောက်လာပြီးပြသနာစတက်ခြင်းဖြစ်သည်။
ပိုင်ရှင်သစ်ရောက်လာသောကြောင့်ထုံးစံအတိုင်းအဖေကသူတို့ခြံသို့သွားရောက်နှုတ်ဆက်၏။
သို့သော်သူတို့မိသားစုကကျနော်တို့မိသားစုကိုပျုပျုငှါငှါမရှိလှပေ...ရန်သူများပမာခပ်စိမ်းစိမ်းပင်ဆက်ဆံကြသည်။
ဗမာအချင်းချင်းပင်သော်လည်းသူတို့ဆက်ဆံပုံမှာအတော်လေးရန်သူဆန်နေ၏....
ရက်အနည်းငယ်အကြာတွင်ခြံနယ်နိမိတ်အဖြစ်စိုက်ပျိုးထားသောဒညင်းပင်တန်းသည်သူတို့အပိုင်ဖြစ်ကြောင်းဆိုလာသည်
အဖေကအရင်ပိုင်ရှင်ဟောင်းနှင့်နှိုင်းယှဉ်ပြီးအမျိုးမျိုးရှင်းပြသော်လည်းလက်မခံပေ။
ထိုဒညင်းပင်တန်းကဝင်ငွေမည်မျှရကြောင်းသိနေ၍သူတို့ကလည်းအလျော့မပေး...
ကြာတော့အဖေဒေါကန်လာသည်...သူပိုင်သည့်အပင်မို့အသီးခူးရမည့်အချိန်ရောက်လျင်သူသာခူးမည်အကြောင်းအပြတ်ပြောလိုက်သည်..
တဖက်ခြံရှင်ကလည်းခူးရဲခူးကြည့်ဟုပြောလာသည်...
ထိုကိစ္စဖြစ်ပြီးနောက်ပိုင်းကျနော်တို့နှင့်ဟိုဖက်ခြံကလူစိမ်းမိသားစုတို့စကားမပြောကြတော့..သူတို့ခြံထဲတွင်လည်းသရဲမွေးထားသည်ဟုလူပြောများလာသည်...ကျနော်တို့ကလန့်နေသော်လည်းအဖေကတော့ခပ်အေးအေးပင်...
ဟုတ်တယ်လေ..ကိုယ့်ကိုကြည့်မရလို့သရဲနဲ့သတ်ခိုင်းနေရင်ဒုက္ခ...
ဒီလိုနဲ့ဒညင်းချိန်ရောက်လာတော့နယ်နိမိတ်အဖြစ်သတ်မှတ်ထားသည့်ဒညင်းပင်တန်းမှထိပ်ဆုံးဒညင်းပင်ကိုတက်ခူးရန်ပြင်ဆင်နေခိုက်အပင်အောက်ခြေတွင်နှစ်ပေခန့်ရှိဝါးတိုင်ကလေးများစိုက်ထားပြီးမလှမ်းမကမ်းတွင်တခုခုတူးပြီးမြှုပ်ထားသလိုမြေသားမို့မို့လေးတွေ့လိုက်ရသည်..
မြေပုံလေးပေါ်တွင်လည်းနီရဲရဲညှီစို့စို့အရည်များရှိနေ၏..
ကျနော်တို့ညီအစ်ကိုနှစ်ယောက်ကလန့်နေသော်လည်းအဖေကစိုက်ထားသောဝါးတိုင်ကလေးများကိုဆွဲနူတ်ပစ်ပြီးအပင်ပေါ်သို့တက်သွား၏...
အဖေအပင်ပေါ်တက်နေချိန်တခြားအပင်မှလူလိုလို၊မျောက်လိုလိုအလွန်မြန်လှသောအကောင်တစ်ကောင်အဖေရှိရာအပင်သို့အလျင်အမြန်ခုန်ကူးလာသည်မသဲမကွဲကိုမြင်လိုက်ရသည်။
အဖေဒညင်းသီးနှစ်ဆယ်ပြည့်အောင်မခူးရသေးအပင်ပေါ်မှခြေလွတ်၊လက်လွတ်ပြုတ်ကျလာသည်..
ဘယ်လိုမှပြန်မထနိုင်သောကြောင့်ကျနော်တို့ညီအစ်ကိုနှစ်ယောက်လည်းပြေးထူလိုက်၏...
အဖေ့ကိုကူတွဲပြီးတဲဆီသို့ပြန်မည်ဆဲ့ဆဲဒညင်းပင်ပေါ်မှတဟီးဟီးခြောက်ကပ်ကပ်ရယ်သံကြီးပေါ်လာ၏...
ကျနော်လှည့်ကြည့်လိုက်တော့ထောင်ထောင်မောင်းမောင်းလူကြီးတစ်ယောက်ကိုအပင်ဖျားတွင်ခွထိုင်လျက်တွေ့လိုက်ရသည်။...။..။
အချိန်ကားညနေ၄နာရီခန့်...တောတောင်ရိပ်ကြောင့်အလင်းအားတော့နည်းလာ၏။
ဤသို့ဖြင့်ကျနော်တို့မြို့ရှိတိုက်နယ်ဆေးရုံလေးသို့အဖေ့ကိုတင်ပို့လိုက်ရသည်။
ပေနှစ်ဆယ်ခန့်အမြင့်မှပြုတ်ကျသောကြောင့်အဖေမှာတင်ပါးဆုံရိုးအက်သွားပြီးထိုင်၍ပင်မရတော့ချေ။
ဆေးရုံတွင်နှစ်ပတ်ခန့်အဖေနားနေရ၍ကျနော်တို့လည်းအဖေ့အတွက်စောင့်ရှောက်ပေးနေရသောကြောင့်ခြံထဲရှိအလုပ်များကိုပင်ဒီအတိုင်းရပ်ထားရသည်...
အဖေကတော့ခြံအလုပ်သမားဘဝနှင့်နှစ်၃၀နီးပါးလုပ်လာခဲ့သည့်သက်တမ်းတလျောက်တစ်ခါမှမဖြစ်ဖူး၍အံ့သြနေသလိုဒေါသလည်းထွက်နေ၏။
ကျနော်တို့ညီအစ်ကိုနှင့်အမေကတော့ဒညင်းပင်ခြေရင်းမှာစိုက်ထားသည့်ဝါးတုတ်ကလေးများ၊တခုခုမြှုပ်ထားသလိုဖြစ်နေသောမြေပုံမို့မို့များနှင့်နီနီရဲရဲအရည်ပျစ်များအကြောင်းကိုသာအဖေ့ကွယ်ရာတွင်ပြောနေမိသည်။
အဖေ့ရှေ့တွင်တော့မပြောရဲပေ....အဖေကသရဲ၊တစ္ဆေ၊စုန်း၊အောက်လမ်းစသည်တို့ကိုအယုံအကြည်မရှိသူဖြစ်သည်။
အမေကတော့မိန်းမသားပီပီအောက်လမ်းဖြင့်ပြုစားတာလို့ယုံကြည်နေသည်...ဆေးရုံတွင်နှစ်ပတ်ခန့်နေပြီးနောက်အဖေကိုအိမ်သို့ပြန်ခေါ်လာခဲ့သည်...အိပ်ယာထဲမှတော့မထနိုင်သေး..
အဖေမရှိသော်လည်းကျနော်တို့ညီအစ်ကိုနှစ်ယောက်ခြံထဲဆင်းကာရပ်ထားသောအလုပ်များကိုပြန်ဆက်လုပ်ရလေသည်..
ဒညင်းပင်များကိုလိုက်စစ်တော့အသီးများပြွတ်ခဲနေသောဒညင်းပင်တန်းမှာသိသိသာသာအသီးများလျော့နည်းနေ၏...
ဟိုဖက်ခြံကခိုးခူးထားကြောင်းသေချာနေပြီ။
ထိပ်ဆုံးအပင်အောင်မှာတော့ထုံးစံအတိုင်းဝါးတုတ်စိုက်ထားသောမြေမို့မို့လေးများနှင့်အရည်နီနီပျစ်ပျစ်များကိုအရင်လိုပြန်တွေ့ရသောကြောင့်အပင်ပေါ်သို့မတက်ရဲ့တော့ပါ။
ရက်နည်းနည်းကြာလာတော့အဖေ့အခြေအနေကပိုဆိုးလာသည်
ထမင်းလည်းအရင်လိုသိပ်မစားတော့ပဲစကားလည်းနည်းလာသည်။
မျက်လုံးကလည်းတစုံတယောက်ကိုကြောက်လန့်နေသလိုကျီးကန်းတောင်းမှောက်လျောက်ကြည့်နေသည်။
အမေကစိုးရိမ်ပြီးအသိဗေဒင်ဆရာတွေဆီလိုက်မေးတော့လည်းဗေဒင်ဆရာအားလုံးလိုလိုကအောက်လမ်းပညာဖြင့်ပြုစားတာဖြစ်ကြောင်းတညီတညွှတ်တည်းဖြေကြသည်...
ပေးလိုက်သောယတြာများလိုက်ချေတော့လည်းဘာမှမထူး..ရက်ပိုကြာလာသောအခါအဖေ့အခြေအနေကတော်တော်ဆိုးလာသည်.
ညနေဖက်နေဝင်သည်နှင့်အိမ်ထဲမှထွက်ပြေးမလိုအတင်းကုန်းထတတ်လေသည်...
ကျနော်တို့ညီအစ်ကိုနှစ်ယောက်အတင်းချုပ်ထားသောအခါ
"ငါ့ကိုဆံပင်ရှည်နဲ့လူနီကြီးတစ်ယောက်ကသတ်တော့မယ်..သူ့နေ့တိုင်လာတယ်...ငါသေတော့မယ်"
ဟုအော်ဟစ်ကာရုန်းကန်နေ၏။
ပယောဂဆရာများပင့်ပြီးပြတော့လည်း
"ဟိုဖက်ကတိုက်ထားတဲ့မကောင်းဆိုးဝါးအကောင်ကသိပ်ကြီးတယ်..ကျနော်တို့ပညာနဲ့မရနိုင်ဘူး..အခန့်မသင့်ရင်ကျနော်တို့ပါသေသွားလိမ့်မယ်"
ဟုပြောကာပြန်ပြေးသွားကြသည်ကတော်တော်များသည်။
အဖေလည်းအရမ်းပိန်လာပြီးစကားပင်မပြောနိုင်တော့...
ငါမကြာခင်သေရတော့မယ်ဟူ၍သာ..တွင်တွင်ပြောနေလေသည်။
ကျနော်တို့ညီအစ်ကိုလည်းအဖေ့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရုံမှတစ်ပါးဘာမှမတတ်နိုင်ကြ...အမေကတော့တငိုငိုတရီရီဖြစ်နေလေသည်...အဖေ့ကိုဒီအတိုင်းကြည့်ပြီးလက်လွှတ်လိုက်ရတော့မည်ဟုကျနော်အားငယ်စွာတွေးမိသည်။
ထိုသို့စိတ်ဆင်းရဲနေကြသည့်တစ်နေ့တွင်ခြံထဲသို့အသက်၅၀ခန့်ခရီးသွားဦးလေးကြီးတစ်ယောက်ရေလာတောင်းသောက်သည်။
"တုမောင်တို့အိမ်မှာအမှောင့်ပယောဂတစ်ခုခုဝင်နေပုံရတယ်ထင်တယ်"
..အဆက်အစပ်မရှိပဲကောက်ကာငင်ကာမေးလာသည်။
ကျနော်နှင့်အမေလည်းအံ့သြနေသောကြောင့်ဦးလေးကြီးက
"ဘယ်လိုမှမထင်ကြပါနဲ့..စိတ်ထဲမှာထင်လို့မေးကြည့်တာပါ"
"ဟုတ်ပါတယ်...ဆရာကြီးရယ်..ကျမအမျိုးသားကိုကယ်ပေးပါရှင်..ဆရာကြီးကျေးဇူးမမေ့ပါဘူး"အမေလည်းအံ့သြတကြီးဆောင်းပန်သည်။
"ဆရာကြီးမခေါ်ပါနဲ့လေ..ကျနော်ကဆရာမဟုတ်ပါဘူး..တတ်ထားသလောက်လေးနဲ့တွေ့ရင်ကူညီတဲ့သဘောပါ...ကဲလူနာဘယ်မှာလဲ..ကြည့်ရအောင်"
ဦးလေးကြီကိုအဖေ့အခန်းထဲခေါ်လာလိုက်သည်။အဖေသည်စကားမပြောနိုင်သော်လည်းဦးလေးကြီးကိုတွေ့လျင်ဝမ်းသာသလိုမျက်လုံးများတောက်ပလာသည်ကိုတွေ့ရသည်....
"နေသာသလိုနေပါကိုလှမောင်..ခင်းဗျားကကျနော့ကိုသိမှာမဟုတ်ဘူး...ကျနော်ကတော့ခင်ဗျားကိုသိပါတယ်ဗျာ.."ဟုပြုံးရွှင်စွာပြောလာသည်..
ဒီနေ့ကတော့ခင်ဗျားမှာဖြစ်နေတဲ့ရောဂါမှန်သမျှအမြစ်ပြတ်အောင်ကျနော်တာဝန်ယူပြီးကုပေးမယ်ဗျာ...ဟုတ်ပြီလား
ကျနော့နာမည်လဲမှတ်ထားပါဦး...ကိုညိုကြီးတဲ့ဗျာ"
ဦးလေးကြီးကသူ့ကိုယ်သူမိတ်ဆက်လိုက်သောအခါအဖေကဝမ်းသာအားရမျက်ရည်များကျမတတ်ခေါင်းညိတ်ပြလေ၏။
ထို့နောက်ဦးညိုကြီးကအဖေမကြားအောင်ကျနော်နှင့်အမေဖက်လှည့်ကာခပ်တိုးတိုးပြော၏...
"ဒီလူနာအတွေ့စောလို့ဗျ...မဟုတ်ရင်အများဆုံးနေရဆယ်ရက်ပဲ" ဟုပြောလိုက်သောအခါအမေမှာရင်ဘတ်ပင်ဖိထားရလေသည်..ကျနော်ကတော့ယုံချင်သလို၊မယုံချင်သလိုနဲ့ပေါ့။
ဒုက္ခရောက်နေပါတယ်ဆိုလာလိမ်စားမယ့်လူလားဟုသံသယဖြစ်နေမိသည်...
ကျနော့အတွေးကိုဦးညိုကြီးကလည်းသိနေသည်လားမသိ...
"တူမောင်ကဦးလေးစကားကိုသိပ်မယုံဘူးပဲ..အင်းလေခေတ်လူငယ်ပဲ..ဒါတွေအယုံအကြည်မရှိတာတော့မဆန်းပါဘူးလေ...
ဒါပေမယ့်..ဘာမှမပူနဲ့မင်းအဖေလူကောင်းတစ်ယောက်လိုပြန်ဖြစ်လာအောင်ဦးအာမခံတယ်..ဒါမကောင်းတဲ့အောက်လမ်းပညာနဲ့တိုက်ထားတာလို့"ရဲရဲတောက်ပြောလာသည်...
ကျနော်လည်းသံသယစိတ်ကိုဖျောက်ပြီးအဖေ့အတွက်စိတ်ကိုဒုန်းဒုန်းချလိုက်လေသည်။
ညနေခင်းမရောက်ခင်ဦးညိုကြီးကရေချီုးသန့်စင်ကာအိမ်ရှိဘုရားကျောင်းဆောင်ကိုသူ့စိတ်တိုင်းကျသန့်ရှင်းရေးလုပ်နေ၏.....ကျနော်တို့လည်းအဖေ့ကိစ္စနှင့်အလုပ်ရှူပ်နေကြောင့်မြတ်စွာဘုရားရှင်ကိုဆွမ်းပင်မကပ်အားသည်မှာကြာလေပြီ။
ဦးညိုကြီးကခြံထဲရှိတောပန်းများခူးကာပန်း၊ဆီမီး၊ရေချမ်းကပ်လှူ၏...အမွှေးနံ့သာများဖြင့်ပူဇော်၏...ညစာတော့မစားပါရှစ်ပါးသီလယူထားကြောင်းပြော၏..
ကျနော်တို့မိသားစုကိုလည်းရေမိုးချိုးသန့်စင်ခိုင်းပြီးဘုရားရှင်ထံ၌ငါးပါးသီလဆောက်တည်ခိုင်း၏...
ပြီးနောက်ညအိပ်ယာဝင်ချိန်အထိသရဏဂုဏ်သုံးပါးကိုနူတ်မှတတွတ်တွတ်ရွတ်ရန်မှာကြားထား၏။
သူကတော့ဘုရာေးကျာင်းဆောင်ရှေ့တွင်ပရိတ်ကြီး၁၁သုတ်၊ဓမ္မစကြာနှင့်ပဌာန်းပါဋိတော်များကိုရွတ်ဖတ်လျက်ရှိသည်...ဘုရားကျောင်းဆောင်မှထွန်းထားသောဖယောင်းတိုင်ကုန်လျင်အသစ်ပြန်လည်ထွန်းညှိ၏...
ကျနော်တို့မိသားစု၏ပူလောင်နေသောစိတ်အစဉ်သည်ဦးညိုကြီး၏ရွတ်ဖတ်နေသောတရားတော်များကြောင့်ပြောမပြလောက်အောင်တည်ငြိမ်အေးငြိမ်းသွားသည်...အရာရာကိုရင်ဆိုင်ဝံ့သောသတ္တိများလည်တိုးပွားလာသလိုခံစားရသည်။
မြတ်စွာဘုရား၏တရားရေအေးသည်ဤမျှလောက်စွမ်းပကားကြီးမားလှကြောင်းကျနော်တို့မေ့နေလေသည်။
ဦးညိုကြီးကားတစ်ညလုံးမအိပ်ပဲရွတ်ဖတ်လျက်ရှိသည်၊ဘုန်းကြီးကျောင်းမှရဟန်းသံဃာတော်များအသံမစဲမဟာပဌာန်းရွတ်ဖတ်သကဲ့သို့ဖြစ်နေ၏...
မနက်မိုးလင်း၍အိပ်ယာထသောအခါကျနော်ဆို့မိသားစုသည်လန်းဆန်းတက်ကြွလျက်ရှိသည်...အံ့သြစရာအကောင်းဆုံးကားအဖေသည်သာမန်လူကောင်းကဲ့သို့စကားပြောနိုင်၍အစားအသောက်များလည်းပြန်လည်စားသောက်လာနိုင်သည်။
ကျနော်တို့မိသားစုလည်းဦးညိုကြီးကိုရှိခိုးမတတ်ကျေးဇူးတင်မသည်...
သူတော်ကောင်းနှင့်ဆုံမိလေခြင်းဟူ၍လည်းယုံကြည်နေမိကြသည်။
ဦးညိုကြီးကတော့ကျနော်တို့မိသားစုပျော်နေသည်ကိုကြညိ့ပြီးပြုံးကာခေါင်းညိတ်နေ၏။
"အမှောင့်ပယောဂကပ်နေတဲ့ပုဂ္ဂိုလ်နဲ့ဒီညနေမှာတွေ့ရမယ်"ဟုဦးညိုကြီးကပြော၏..
"အရင်ကဆရာတွေပြောသွားတာအဲဒီအကောင်ကတော်တော်ကြီးတယ်ဆိုဦးလေး" ကျနော်လည်းသိချင်တာမေးလိုက်မိသည်။
"ဘယ်လောက်ပဲကြီးနေပါစေတူမောင်ရယ်..မြတ်စွာဘုရားရှင်ရဲ့တန်ခိုးအာဏာစက်ကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူး...ငါ့တူမယုံရင်စောင့်ကြ ည့်နေပါ"ဟုပြန်ရှင်းပြသည်..
ကျနော်တို့ကိုလည်းသရဏဂုံ၃ပါးမပြတ်ပွားများနေရန်မှာကြားထား၏..
ညနေနွားရိုင်းသွင်းချိန်ရောက်သော်ဦးညိုကြီးနှင့်ကျနော်တို့မိသားစုသည်ဒညင်းပင်ရှိရာသို့ထွက်လာခဲ့သည်။
ဒညင်းပင်သို့ရောက်သော်ဦးညိုကြီးက ထိပ်ဆုံးအပင်ပေါ်သို့မော့ကြည့်ပြီး
"ကိုင်း..အပင်ပေါ်ကပုဂ္ဂိုလ်ဆင်းလာခဲ့တော့..ဒီနေ့ဒီအပင်ကနေသင်ထွက်သွားဖို့အချိန်ကျပြီ"ဟုခပ်ကျယ်ကျယ်အော်ပြောလိုက်သည်။
ဦးညိုကြီးကကျနော်တို့ကိုခပ်လှမ်းလှမိး မှကြည့်နေရန်လှမ်းပြောသည်။
ကျနော်တို့ကြည့်နေစဉ်မှာပင်ဒညင်းပင်ပေါ်မှလူကောင်ထွားထွားအကောင်းကြီးတစ်ကောင်ကမျောက်ဝံကဲ့သို့သစ်ကိုင်းတစ်ကိုင်းခုန်ကူးပြီးဦးညိုကြီးရှိရာသို့ဒညင်းသီများဖြင့်ပစ်ပေါက်လေ၏..ဦးညိုကြီးကားမတ်တပ်ရပ်ပြီးအေးအေးဆေးဆေးမျက်လွှာချကာဒီအတိုင်းငြိမ်နေသော်လည်းအားကုန်းလွှဲပေါက်သောဒညင်းသီးများတစ်လုံးမှလာမထိချေ...
ထိုလူထွားကြီးကားအဝေးမှရန်ပြုမရသဖြင့်ဒညင်းကိုင်းတစ်ကိုင်းကိုဆွဲချိုးပြီးဦးညိုကြီးကိုရိုက်ရန်မြေပေါ်ပြေးဆင်းလာသည်။
နားရွက်ရှည်ကြီးများ...အမွှေးရှည်ကြီးများနှင့်ဒေါသထွက်နေသောဘီလူးပြိတ္တာကြီးမှာဦးညိုကြီးအနားသို့ပင်ကပ်မရချေ..အနောက်သို့ပြန်လန်လန်သွားသည်။
ကျနော်တို့ကားကြည့်နေရင်းအသက်ပင်မရှူရဲကြချေ...
အံ့သြစရာကောင်းသည်ကဦးညိုကြီးကားမျက်လွှာသာချနေပြီးအကောင်ကြီးကိုဘာမှပြန်မလုပ်သောကြောင့်ပင်။
အကောင်ကြီးအော်သံကားတတောလုံးဟိန်းနေလေ၏..
အတ်နကြာသော်ဦးညိုကြီးမျက်လုံးပွင့်လာပြီးအကောင်ကြီးကိုစိုက်ကြည့်ပြီးတခွန်းပြောလိုက်သည်...ဘာပြောလိုက်လဲတော့မကြားလိုက်ရချေ....
အကောင်ကြီးကားဦးညိုကြီးစကားအဆုံး၌စူးစူးဝါးဝါးအာခေါင်ခြစ်အော်ကာတွန့်လိမ်သွားသည်..
အတန်ကြာသော်သတ္တဝါကြီးမှာဦးညိုကြီး၏ရှေ့သို့ပုဆစ်တုပ်ကာထိုင်၍ငြိမ်သွားလေ၏။
"သင်ကားမကောင်းဆိုးဝါးနာနာဘာဝတစ်ကောင်ဖြစ်တယ်..ယခုဖြစ်ရပ်မှာသင့်ကိုစေခိုင်းသူရှိတယ်ဆိုတာလည်းငါသိတယ်..ဒီတော့သူ့ကိုအခုသွားခေါ်ပါ"
အကောင်ကြီးကဘာပြန်ပြောလိုက်လဲမသိ...ဦးညိုကြီးကထပ်ပြောသည်။
"သင်မခေါ်ရဲရင်ငါကိုယ်တိုင်ခေါ်ရလိမ့်မယ်..သင့်ကိုလည်းငါ့တပည့်တွေကဆုံးမကြလိမ့်မယ်...သင်သွားပါတော့..."
စကားအဆုံးတွင်ပုဆစ်တုပ်ထိုင်နေသောအကောင်ကြီးကိုပိုအားကြီးသောအကောင်တစ်ကောင်ကောင်ကဆောင့်ဆွဲလိုက်သလိုနောက်တောစပ်ထဲသို့တရွတ်တိုက်ပါသွားလေသည်။
ဆွဲခေါ်သွားသူကိုတော့ညမိုးစုံးစုံးချုပ်နေပီဖြစ်သောကြောင့်သဲကွဲစွာမမြင်ရတော့ချေ...
ခဏအကြာဒညင်းပင်တန်းသို့ခြေံသံပြင်းပြင်းနှင့်မိန်းမကြီးတစ်ဦးလျောက်လာ၏...သေချာကြည့်လိုက်တော့..
အိုး...ဘေးခြံပိုင်ရှင်ရဲ့အမေအဖွားကြီးပါလား..
"ဪ....နင်ကိုး...ဒါနင့်ကိစ္စမဟုတ်ဘူး..နင်ဘာလာရှူပ်တာလဲ"အဖွားကြီးကဦးညိုကြီးကိုမေးလိုက်သည်။ဦးညိုကြီးကားဘာမှမပြော...
ဒါဆိုဦးညိုကြီးနဲ့အဖွားကြီးတို့ကအရင်ကတည်းကသိနေတာပေါ့...ကျနော်တွေးမိခြင်းဖြစ်သည်။
ထို့နောက်အဖွားကြီးခြံဘက်မှတောခြောက်သလိုဆူဆူညံညံအသံများပေါ်လာပြီးကျနော်ရှိရာဒညင်းပင်တန်းဘက်သို့ပြေးလာသောခြေသံများကြားလိုက်ရသည်။
သရဲတစ္ဆေများအော်သလိုအသံဆိုးကြီးများလည်းကြားလိုက်ရသည်။
ကျနော်တို့မိသားစုလည်းကြောက်လွန်း၍နေရာမှပင်ထွက်ပြေးချင်စိတ်ပေါ်လာကြသည်..ဦးညိုကြီး၏ဘေးပတ်လည်တွင်အရိပ်မည်းကြီးများလူးလွန့်ပြေးလွှားနေ၏...
ဒညင်းပင်ကြီးများကလည်းမုန်တိုင်းတိုက်သလိုယိမ်းနွဲ့လှုပ်ရှားနေ၏...
ညဖက်ကြီးကျီးပြိုသံကြီးလဲပေါ်လာ၏။
သို့သော်ဦးညိုကြီးအနားသို့ဘာကောင်မှကပ်မရချေ...
ဦးညိုကြီက
"အို...ကဝေမနင့်ဆိုးရွားတဲ့အောက်လမ်းအတတ်နဲ့ငါ့ကိုလာမစမ်းနဲ့...နင်လူနှစ်ယောက်ကိုသတ်ပြီးတာတောင်အားမရသေး..နောက်ထပ်သတ်ဖို့ကြိုးစားသေးတယ်...ဒီတစ်ခါတော့နင့်ကိုနတ်ကောင်းနတ်မြတ်များဒဏ်ခတ်ကြလိမ့်မယ်..."
ဟုပြောလိုက်သောအခါနားကွဲမတတ်ဆူညံနေသောအသံများစွာမီးကိုရေနဲ့ငြိမ်းလိုက်သလိုငြိမ်သက်သွား၏။
အပ်ကျသံပင်မကြားရတော့...ကျနော်တို့လည်းအံ့သြပြီးကြည့်နေစဉ်အဖွားကြီးကားမြေပေါ်လူးလိမ့်နေ၏...
ဒညင်းပင်တန်းကားထူးဆန်းစွာပင်အလင်းတန်းများပေါ်လာသည်။....။
"ကျမအမှားကြီးမှားပါပီ..အဘိုးရှင့်ခွင့်လွတ်ပေးကြပါ..သေရတော့ပါမယ်..."အဖွားကြီးကားမြေပေါ်တွင်လိမ့်နေ၏...
"နင့်ရဲ့အကုသိုလ်အပြစ်တွေကကြီးလွန်းတယ်..နင့်ကိုအဖိုးအပါအဝင်နတ်ဒေဝါတွေကခွင့်လွှတ်မှာမဟုတ်ဘူး..သူတို့နင့်ကိုအပြစ်ပေးဖို့စောင့်နေကြတယ်...
နင့်ရဲ့ယုတ်ညံ့တဲ့ပညာတွေကိုစွန့်လွှတ်ပါ.....
မဟုတ်ရင်နင့်ခေါင်းအစိတ်စိတ်ကွဲလိမ့်မယ်."ဦးညိုကြီးကပြောလေသည်။
"ဟုတ်ကဲ့ပါ...အသက်ကိုချမ်းသာပေးပါ...ပညာတွေကိုစွန့်လွှတ်ပါတယ်..."
အဖွားကြီးကပြောလိုက်သောအခါခုနကထက်ကြီးပြီးဆူးတင်းပုတ်ကိုင်ထားသောနတ်ဘီလူးကြီးတစ်ကောင်ကအဖွားကြီးကိုဆံပင်ကနေဆောင့်ဆွဲပြီးခေါ်သွားလေ၏...
တဖြည်းဖြည်းအဖွားကြီးလည်းအော်ဟစ်ရုန်းကန်ရင်းပါသွား၏။
ဒညင်းပင်တန်းမှအလင်းရောင်များလည်းပျောက်သွားကာပုံမှန်အမှောင်ကျရောက်လာသည်...
သို့သော်ညကတော့အေးချမ်းနေ၏....ပိုးကောင်အော်သံလေးများပင်ကြားနေရ၏...
ဦးညိုကြီးလည်းရပ်နေရာမှလှုပ်ရှားလာပြီးကျနော်တို့မိသားစုဆီလျောက်လာကာအဖေ့ပုခုံးကိုဖက်ပြီး
"ပြီးသွားပါပြီ ကိုလှမောင်..ဘာမှမဖြစ်တော့ပါဘူးဗျာ"
ဟုပြု့းရင်းပြောလာသည်။
ကျနော်လည်းနားမလည်တော့ဦးညိုကြီးကားခုနကအပြောအဆိုနဲ့တခြားဆီဖြစ်သွားလေသည်။
ဘာတွေဖြစ်ကုန်ပြီလဲမသိတော့....
အိမိပြန်ရောက်တော့ဦးညိုကြီးကရှင်းပြသည်။
"ဒညင်းပင်ခြေရင်းကစိုက်ထားတဲ့ဝါးတုတ်ကလေးတွေကရိုးရိုးဝါးမဟုတ်ဘူး....လူတွေသေတဲ့အခါအသုံးပြုတဲ့ဝါး.(တံစူးဝါး)လို့ခေါ်တယ်..။မြေပု့မို့မို့လေးကလည်းသေပြီးသားလူတွေရဲ့အရိုး၊ဆံပင်၊လက်သည်းတွေကိုမြှုပ်ထားတာ...ပြီးမှအဲဒီမြေပုံကိုသွေးပုံမှန်လောင်းပြီးသရဲမွေးတာပေါ့....ယုတ်ညံ့တဲ့အောက်လမ်းနည်းတွေပါ....
စုန်းအတတ်လည်းပါတယ်။
"အဲဒီမိန်းမကြီးနဲ့ဦးလေးနဲ့ကအရင်တည်းကသိတာလား"ကျနော်မေးလိုက်သည်။
"အင်း...ဆိုပါတော့သူကဝမ်းတွင်းစုန်းလို့ခေါ်လို့လည်းရတယ်..ပညာကြီးတော့တော်ရုံဆရာမနိုင်ဘူး..အရင်ကလည်းလူနှစ်ယောက်ကိုသူဒီလိုပဲပြုစားပြီးသတ်ဖူးတယ်...
ဒါပေမယ့်သေသွားတဲ့လူနှစ်ယောက်ကအတိတ်ကဝဋ်ကြွေးကံပါလာတော့ဘယိလိုမှမကယ်နိုင်ဘူး..
အခုသူကအပြစ်မရှိတဲ့သူကိုလာပြီးပြုစားတော့ဦးကလာပြီးစောင့်ရှောက်ရတာပါ"ဟုရှည်လျားစွာရှင်းပြလာသည်။
"ဦးမပြန်ခင်သေချာမှာချင်ခဲ့တာကဒီနေ့ကစပြီးမိသားစုအားလုံးရတနာသုံးပါးကိုမပြတ်နှလုံးသွင်းပါ...နူတ်ကရွတ်နေတာထက်..စိတ်ထဲကဆင်ခြင်နေတာပိုကောင်းပါတယ်။
လူတွေ ကပြောကြတယ်က့နိမ့်ရင်သရဲတစ္ဆေပြုစားတာခံရမယ်ကံမြက့်ရင်မခံရဘူေးပါ့...တကယ်တော့အဲဒီကံကကုသိုလ်ကံပါပဲ..ကုသိုလ်ကံမြင့်သလောက်မြင့်အောင်ကောင်းသထက်ကောင်းအောင်အမြဲကြိုးစားရပါမယ်။
အနည်းဆုံးတော့ငါးပါးသီလကိုလုံခြုံအောင်စေါင့်ထိန်းကြပါမေတ္တာတရားကိုလည်းလက်ကိုင်ထားကြပေါ့...အထူးပြောချင်တာကကိုလှမောင်တို့မိသားစုကတောထဲတောင်မှာနေတာဆိုတော့ဖြစ်နိုင်ရင်ဘုရားတရားများများလုပ်ပေးပေါ့...တောတောင်စောင့်နတ်တွေကိုလည်းအမျှဝေကုသိုလ်လုပ်ပေးဖို့မမေ့ကြနဲ့...
အရင်တည်းကဘုရားတရားကိုထိထိရောက်ရောက်မလုပ်ထားပဲဘေးတွေ့မှတရင်တော့ဘုရားလည်းမကယ်နိုင်ဘူးပေါ့ကွယ်...ဒါလေးတော့သတိထားကြပါ။
အဖေကကိုညိုကြီးကဘယ်လိုပုဂ္ဂိုလ်လဲဆိုတာသေချာမသိပေမယ့်ကျနော့အသက်ကိုကယ်ခဲ့တာကျေးဇူးတင်ပါတယ်...
"ဒိလိုပါပဲကိုလှမောင်ရာ..လုတွေကနိဗ္ဗာန်မရောက်မချင်းဒီလိုပဲဆုံတွေ့ရဦးမှာပါ...အရင်ဘဝကလည်းခင်ဗျားကကျနော့ကိုကယ်ခဲ့ဖူးတယ်ဗျ...ဒါကြောင့်ကျနော်လည်းပြန်ကယ်တယ်ပဲသဘောထားပါ..ခင်ဗျားကတော့မှတ်မိမှာမဟုတ်ဘူး
ကဲ...ရောင်နီလည်းသန်းတော့မယ်..ကျနော်လည်းကယ်စရာရှိသေးလို့ခွင့်ပြုကြဗျာ...သွားတော့မယ်။"
"ဦးညိုကြီးကဘယ်မှာနေတာလဲ"ကျနော်ကမေးလိုက်သည်
.ဦးကနေရာအတိအကျမရှိဘူးတူမောင်ရဲ့..ဒီလိုပဲကြုံရာသွားနေတာ...သံသရာကကျေးဇူးရှင်တွေကိုကျေးဇူးလိုက်ဆပ်နေတာ.....ပြီးတော့ရငိထဲမှာဘုရားတည်ထားဖို့လည်းမမေ့နဲ့...နော်"ဟုသေချာမှာကြားကာရောင်နီလာကာစမြူမှောင်များကြားထဲတိုးဝင်ပျောက်ကွယ်သွားလေသည်။
ကျနော်တို့မိသားစုစိတ်ထဲတွင်ဦးညိုကြီးသည်တန်ခိုးကြီးပုဂ္ဂိုလ်တစ်ဦးပင်လော...
နတ်ဒေဝါတစ်ဦးပင်လော..ဆိုသည်မှာယခုထိဝေခွဲမရသေးပါ..
သို့သော်....သူမှာကြားခဲ့သည့်အတိုင်းတော့ဘုရားတရားများကိုတော်တော်လေးယုံယုံကြည်ကြည်လုပ်ဖြစ်ခဲ့တော့နောက်ထပ်တော့ဘာအနှောင့်အယှက်မှမတွေ့ရတော့ပါ....။..။
နောက်ရက်များတွင်လည်းဘေးခြံကမိသားစုများကိုလုံးဝမတွေ့ရတော့ပါ။
ဘယ်ကိုထွက်သွားကြလဲမသိတော့။......။
နောင်နှစ်ပေါင်းများတိုင်အောင်ငြိမ်းအေးသောသီးနှံပေါသောပိုင်ရှင်မဲ့ခြံကြီးတစ်ခြံဖြစ်သွားပါတော့သည်။