ရှာမှရှား​သော

in #esteem6 years ago

image
သူတို့လိုချင်တာက သိတာကိုမသိသလို တတ်တာကိုမတတ်ချင်ယောင်ဆောင်ပြီး ခေါင်းညိတ်တတ်တဲ့လူကိုလေ ကိုယ်တွေကအဲ့လိုမနေတတ်တော့လည်းအခက်သားလားလူတစ်ယောက်ရဲ့ထက်မြက်မှူတွေကိုဘေးချိတ်ထားမှဖြစ်မယ်ဆိုတော့လည်း တာ့တာပါပဲလို့။နေရာတိုင်းမှာ ဦးဆောင်နေရတဲ့ မိန်းမတစ်ယောက်က လိုတာထက် မချိုသာတတ်ဘူး။စိတ်ဆတ်လိမ့်မယ် စိတ်ထားမကောက်ကျစ်ဘူး။ ဒေါသကြီးရင်ကြီးမယ် အချိန်ကြာကြာစိတ်မဆိုးတတ်ဘူး။ပွင့်ပွင့်လင်းလင်းဆက်ဆံတတ်တယ်။ဟန်မဆောင်တတ်ဘူး။မာယာမများဘူး။ရဲရင့်တဲ့ဆက်ဆံရေးရှိတယ်။အိနြေ္ဒကြီးတစ်ခွဲသားနဲ့မနေတတ်ဘူး။လူအများနဲ့နေရတာနှစ်သက်တယ်​။နေရာတကာဆရာကြီးလုပ်တတ်ပေမယ့် စာနာစိတ်ရှိတဲ့နေရာမှာသူတို့ကိုလိုက်မမှီဘူး။သူတို့အားနည်းချက်က... သနားတတ်တယ်​ အားနာတတ်တယ်​ လုပ်ချင်ရာကိုအကြောက်အရွံမရှိလုပ်ပြီး နောင်တဆိုတာမရှိဘူး။တစ်ခုပဲလူတစ်ယောက်ကိုမုန်းသွားရင် သေတောင်စကားလှည့်မပြောနိုင်အောင် သွေးအေးရက်စက်တတ်တာလေးပဲ။ထက်မြက်တယ်ဆိုထဲက သူများထက်တော်လို့ သူများထက်သာလို့မို့ ️သူတို့ရဲ့ရပ်တည်ချက်၊ခံယူချက်တွေက သူများနဲ့မတူဘဲခိုင်မာတယ်။️သူတို့ရဲ့အတွေးအခေါ်၊အယူအဆတွေကို ဆုတ်ကိုင်ထားတတ်လို့ခေါင်းမာတယ်ထင်ရပေမယ့် အမှန်တစ်ကယ်ဇွဲကြီးတဲ့သူတွေဖြစ်တယ်။️သူများဘယ်လိုကူညီမလဲဆိုတာထက် ငါဘာလုပ်နိုင်လဲဆိုတာပဲတွေးတယ်။အမှတ်သည်းခြေကြီးတယ် ရန်ငြိုးဖွဲ့ဖို့၊လက်တုန့်ပြန်ဖို့မဟုတ်ပေမယ့် သူတို့ကိုနာကျင်အောင်လုပ်မိရင်ဘယ်တော့မှမမေ့ဘူး။️နားလည်ခွင့်လွှတ်တတ်ပေမယ့် ဟင်ဆိုရင်လှည့်မကြည့်တော့ဘူး။အေးစက်စက်လို့ထင်ရပေမယ့် လိုအပ်လာရင်ကျောက်တုံးကို အရည်ဖျော်နိုင်စွမ်းရှိကြတယ်။ပျော်ပျော်နေရင်းဖြတ်သန်းတတ်တဲ့ သူတို့စိတ်တွေကတကယ်တော့ အခြားသူတွေကိုပေးဆပ်လိုက်ရတာတွေများတယ်။အခက်အခဲရှိပေမယ့် ဘယ်အခြေအနေမှာမဆို အဆင်ပြေပါတယ်လို့ပဲပြောလေ့ရှိတယ်။သင်အဆင်ပြေရဲ့လား ကိုယ်အဆင်ပြေပါတယ်​အောင်​မြင်​သူတိုင်းရဲ့​နောက်​ကွယ်​မှာတိကျတဲ့အချိန်​ဇယားရှိတယ်​အဲ့ဒီအချိန်​ဇယားကသူများ​ရေးဆွဲ​ပေးဖို့မလိုဘူးကိုယ်​တိုင်​​ရေးဆွဲမှစစ်​မှန်​တဲ့​အောင်​မြင်​မှုရှိမှာပါတိကျဖို့​တော့လိုတယ်​ ကြီးကြီးကျယ်ကျယ်အောင်မြင်ဖို့ဆိုရင်တော့ ကြီးကြီးကျယ်ကျယ် ကြိုးစားဖို့တစ်နည်းကလွဲလို့ ကျန်တာဘာမှ မရှိဘူး။ကျေးဇူးတင်​ပါသည်​။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by thuzarlin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.