သက်ကြီးရွယ်အိုတွေကို ကိုယ်ချင်းစာပါ

in #esteem6 years ago

သက်​ကြီးရွယ်​အိုတွေနဲ့ အနီးကပ်နေခွင့်ရတာ
ကံကောင်းခြင်းဆုလာဘ်ပါ။
သူတို့နေမကောင်းတဲ့အခါ သည်းခံစိတ်ရှည်ပြီး
စေတနာထားပြုစုပါ။

သက်​ကြီးရွယ်​အို တွေက ပါးစပ်ကပွစိပွစိနဲ့
ပြောရင် စိတ်မဆိုးလိုက်ပါနဲ့
လူကြီးဆိုတာ ထမင်းစားပြီး အသက်ကြီးလာတာမဟုတ်ဘူး
အတွေ့အကြုံအရမ်းများပြီး ရင့်ကျက်လာလို့ လူကြီးဖြစ်လာတာပါ
သူတို့စကားတိုင်းမှာ ဘဝသင်ခန်းစာတွေပါပါတယ်။

သက်​ကြီးရွယ်​အိုဆိုတာ ဘာသာရေးရပြောရရင်
အကျင့်သီလကောင်းလို့ အသက်ရှည်ကြတာပါ
သူတို့ရဲ့သမာဓိကို လေးစားသောအားဖြင့်
သူတို့ကိုနွေးထွေးစွာ ဆက်ဆံပါ။

သက်​ကြီးရွယ်​အိုတွေကို စေတနာထားပြီး
ကြည်ဖြူ စွာဆက်ဆံခဲ့ရင် တူ​သောအကျိုး ပေးပါတယ်
ဘာလို့လဲဆိုတော့ ကိုယ်လည်းတစ်ချိန်ကျရင်
သူတို့လိုပဲ "အို "ရအုံးမှာလေ။

ကိုယ့်ကိုယ်ကို အားမကိုးနိုင်တော့တဲ့ အဘိုး ၊ အဖွားကို
စိတ်ရောကိုယ်ပါ နစ်ပြီးကျွေးမွေးပြုစုသူတိုင်းသည်
ဘဝမှာ ဒုက္ခ ဆိုးတွေ ကြုံတွေ့ရလည်း ခဏပါ
အကူအညီပေးမည့်သူ ပေါ်လာပါလိမ့်မယ်။

Sort:  

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!