Cooperative Learning Part(2)
Theoretical Background of Cooperative Learning
ပူးပေါင်းပါဝင်သင်ယူခြင်းနည်းစနစ်၏ သီအိုရီပိုင်းဆိုင်ရာ နောက်ခံသမိုင်းကြောင်း
There are at least three general theoretical perspectives that have guided research on cooperative learning cognitive developmental, behavioral, and social interdependence. The cognitive-developmental perspective is largely based on the theories of Piaget and Vygotsky. The work of Piaget and related theorists is based on the premise that when individuals cooperate on the environment, sociocognitive conflict occurs that creates cognitive disequilibrium which in turn stimulated perspective-taking ability and cognitive development. The work of Vygotsky and related theorists is based on the premise that knowledge is social, constructed from cooperative efforts to learn, understand and solve problems. The behavioral learning theory perspective focuses on the impact of group reinforces and rewards on learning. The cognitive-developmental and behavioral theoretical orientations have their followings by far the theory dealing with cooperation that has generated the most research is social interdependence theory.
သုတေသနပြုချက်အရ ပူးပေါင်းပါဝင်သင်ယူခြင်းနည်းစနစ်အပေါ်တွင် သီအိုရီပိုင်းဆိုင်ရာ ရှုထောင့် ၃ မျိုးရှိသည်။
၁. သိမြင်တိုးတက်မှုဆိုင်ရာ အပြန်အလှန်မှီခိုမှု
၂. အမူအကျင့်ဆိုင်ရာ အပြန်အလှန်မှီခိုမှု
၃. လူမှုဆက်ဆံရေးဆိုင်ရာ အပြန်အလှန်မှီခိုမှု တို့ဖြစ်ကြသည်။
သိမြင်တိုးတက်မှုဆိုင်ရာ ရှုထောင့်သည် Piaget နှင့် Vygotsky တို့၏ သီအိုရီများအပေါ် များစွာအခြေခံထားသည်။ Piaget နှင့် အပေါင်းအပါများသည် လူတစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်နှင့် ဆက်ဆံရာမှ ဖြစ်ပေါ်လာတတ်သော လူမှုအမြင်မညီမျှမှု(ရှုထောင့်မတူညီမှုပြဿနာ) မှတစ်ဆင့် ရှုထောင့်ပြောင်းလဲတွေးတောခြင်းစွမ်းရည်နှင့် အသိအမြင်တိုးတက်စေနိုင်သည်ဆိုသော အဆိုပြုချက်အပေါ် အခြေခံကြသည်။
Vygotsky နှင့် အပေါင်းအပါများသည် အသိပညာဗဟုသုတဆိုသည်မှာ ပြဿနာဖြေရှင်းခြင်း နားလည်ရန်ကြိုးစားခြင်း နှင့် သင်ယူခြင်းများ ပြုလုပ်ရန်အတွက် အားစိုက်ထုတ်မှုများမှ တည်ဆောက်ယူထားခြင်းဖြစ်သည်ဆိုသော အဆိုပြုချက်အပေါ် အခြေခံသည်။
အမူအကျင့်ဆိုင်ရာ ရှုထောင့်သည် မိမိတို့အုပ်စု၏ သင်ယူမှုအပေါ်ထားရှိသော အားဖြည့်တင်းမှုခွန်အားနှင့် ဆုချီးမြှင့်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုရလဒ်ပေါ်တွင် အခြေခံထားသည်။ သိမြင်တိုးတက်မှုဆိုင်ရာ နှင့် အမူအကျင့်ဆိုင်ရာ ရှုထောင့်တို့၏ အနှစ်ချုပ်သည် သုတေသနပြုချက်များအရ လူမှုဆက်ဆံရေးဆိုင်ရာ အပြန်အလှန်မှီခိုမှု သီအိုရီဖြစ်နေပြန်သည်။
Social interdependence exists when individuals share common goals and each person’s success is affected by the action of the others (Deutsch, 1962, Johnson and Johnson 1989). It may be differentiated from social dependence (i.e, the outcomes of one person are affected by the actions of a second person, but not vice versa) and social independence (i.e, individual’s outcomes are unaffected by each other’s actions). There are two types of social interdependence cooperative and competitive. The absence of social interdependence and dependence results in individualistic efforts. Social interdependence is one of the most fundamental ubiquitous aspects of being a human being and it affects all aspects of our lives.
လူမှုဆက်ဆံရေးဆိုင်ရာ အပြန်အလှန်မှီခိုမှုသည် တူညီသောပန်းတိုင်ကို ဝေမျှခြင်းနှင့် တစ်ဦးတစ်ယောက်၏အောင်မြင်မှုအပေါ် အခြားသူများက သက်ရောက်မှုဖြစ်စေနိုင်သောအခါတွင် ဖြစ်ပေါ်လာသည်။ လူမှုဆက်ဆံရေးဆိုင်ရာ အပြန်အလှန်မှီခိုမှုသည် လူမှုဆက်ဆံရေးဆိုင်ရာ မှီခိုခြင်း(အပြန်အလှန်မဟုတ်) နှင့် လူမှုဆက်ဆံရေးဆိုင်ရာ မမှီခိုခြင်း(လုံးဝ) တို့နှင့် အဓိပ္ပါယ်ကွဲလွဲမှုရှိသည်။ လူမှုဆက်ဆံရေးဆိုင်ရာ အပြန်အလှန်မှီခိုမှု ၂ မျိုးရှိသည်။
၁. ပူပေါင်းပါဝင်ဆောင်ရွက်ခြင်း နှင့်
၂. ယှဉ်ပြိုင်ဆောင်ရွက်ခြင်း တို့ဖြစ်သည်။
လူမှုဆက်ဆံရေးဆိုင်ရာ အပြန်အလှန်မှီခိုခြင်းနှင့် မှီခိုခြင်း(အပြန်အလှန်မဟုတ်)တို့ ကင်းမဲ့သွားခြင်းသည် တစ်ကိုယ်ကောင်းဆန်သော ပြုမူဆောင်ရွက်ခြင်းများကို ဖြစ်ပေါ်လာစေသည်။ စင်စစ်အားဖြင့် လူမှုဆက်ဆံရေးဆိုင်ရာ အပြန်အလှန်မှီခိုခြင်းသည် လူသားတို့ဖြစ်တည်မှု၏ အခြေခံအကျဆုံးနေရာမှ ပါဝင်နေပြီး လူသားတို့ဘဝကို သက်ရောက်မှုအများဆုံးပေးနိုင်သော အရေးကြီးကဏ္ဍတစ်ခုဖြစ်ပေသည်။
Theorizing on social interdependence began in the early (1900) when one of the founders of the Gestalt School of Psychology Kurt Koffka, proposed that groups were dynamic wholes in which the interdependence among members could vary. ၁၉၀၀ ပြည့်နှစ်အစောပိုင်းတွင် Gestalt School of Psychology Kurt Koffka ၏ တည်ထောင်သူတစ်ဦးဖြစ်သူက အသင်းအဖွဲ့တစ်ခု၏ အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်မှီခိုမှုသည် နေရာဒေသအခြေအနေကိုလိုက်၍ ပြောင်းလဲနိုင်သည်ဆိုသော အဆိုတစ်ခုကို အတည်ပြုခဲ့သည်။ ထိုအဆိုပြုချက်ထွက်ပေါ်လာသည်မှစ၍ လူမှုဆက်ဆံရေးဆိုင်ရာ အပြန်အလှန်မှီခိုမှုအပေါ် သီအိုရီကျကျ လေ့လာခြင်းဖြစ်ပေါ်လာသည်။
The essence of a group is the interdependence among members which results in the group’s being a “dynamic whole”, so that a change in the state of any member or subgroup changes that state of any other member or subgroup and an intrinsic state of tension within group members motivates movement toward the accomplishment of the desired common goals. အသင်းအဖွဲ့တစ်ခု၏ အနှစ်သာရသည် အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်မှီခိုမှုကို ဖန်တီးပေးခြင်းဖြစ်သည်။ အဖွဲ့ဝင်တစ်ဦး (သို့) အဖွဲ့ခွဲတစ်ခု၏ ပြောင်းလဲမှုသည် အခြားအဖွဲ့ဝင်များနှင့် အဖွဲ့ခွဲများကိုပါ ပြောင်းလဲစေသည်။ အဖွဲ့ဝင်များအတွင်းရှိ အားပြိုင်မှုများသည် တူညီသောပန်းတိုင်သို့ ရောက်ရှိနိုင်ရန် တွန်းအားများစွာကို ဖြစ်စေသည်။
For interdependence to exist there must be more than one person or entity involved, and the persons or entities must have impact on each other in that a change in the state of one causes a change in the state of the others. အပြန်အလှန်မှီခိုမှုသဘောတရား တည်ရှိရန်အတွက် တစ်ဦးတစ်ယောက်ထက်ပိုသော အဖွဲ့ဝင်များနှင့်ဖွဲ့စည်းထားသော အသင်းအဖွဲ့များ လိုအပ်သည်။ ထို့ပြင် အဖွဲ့ဝင်များ (သို့) သီးခြားဖြစ်တည်နေသောအရာများသည် တစ်ဦးနှင့်တစ်ဦးအပေါ် (သို့) တစ်ခုနှင့်တစ်ခုအပေါ် အပြန်အလှန်အကျိုးသက်ရောက်မှု ရှိရမည်။
From the work of Lewin’s students and colleagues, such as Ovisankian, Lissner, Mahler and Lewis, it may be concluded that is the drive for goal accomplishment that motivates cooperative and competitive behavior. Positive interdependence tends to result in promotive interaction negative interdependence tends to result in oppositional or continent interaction and no interdependence results in an absence of interaction. The relationship between the type of social interdependence and the interaction pattern it elicits is assumed to be bidirectional. Each many cause the other.
Ovisankian၊ Lissner၊ Mahler နှင့် Lewis ကောလိပ်မှကျောင်းသားများပြုလုပ်သော စာတမ်းအရ အပြန်အလှန်မှီခိုမှုသဘောတရားတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် ယှဉ်ပြိုင်ဆောင်ရွက်ခြင်းတို့ကို တွန်းအားပေးသည့် ပန်းတိုင်ရောက်ရှိရန် မောင်းနှင်မှု ပါဝင်သည်။ အပြုသဘောဆောင်သော အပြန်အလှန်မှီခိုမှုသည် တိုးတက်သော တုံ့ပြန်မှုကိုဖြစ်စေပြီး အပျက်သဘောဆောင်သော အပြန်အလှန်မှီခိုမှုသည် ဆန့်ကျင်ဘက် (သို့) ထိန်းချုပ်ထားရသော တုံ့ပြန်မှုကို ဖြစ်စေသည်။ အပြန်အလှန်မှီခိုမှု (လုံးဝ)မရှိခြင်းသည် ကောင်းမွန်သော တုံ့ပြန်မှုကို ပျောက်ဆုံးစေသည်။ လူမှုဆက်ဆံရေးဆိုင်ရာ အပြန်အလှန်မှီခိုမှုနှင့် တုံ့ပြန်မှုသဘောတရားပုံစံတို့၏ ဆက်နွယ်မှုသည် တစ်ခုအပေါ်တစ်ခု အကျိုးသက်ရောက်မှုရှိသော ရပ်ညွှန်းနှစ်ဖက်ပါသည့် ယူဆချက်ဖြစ်သည်။
In Vygotsky’s social constructivism social interaction is an important way in which children learn knowledge available in their culture without needing to reinvent it by them. Parents, adults, caregivers, teachers and peers play important roles in the process of appropriation in children’s learning. Teachers and adults give direction and instructions, comments and feedback to students. These are not passively received by students but they also communicate with teachers, conveying them their problems or their answers in an interactive manner. Children also are conversation in working with their peers in handling exercise projects and problems. In this way, the exchange ideas and receive information thereby generating understanding and developing knowledge.
Vygotsky ၏ လူမှုဆက်ဆံရေးဆိုင်ရာ ဖန်တီးတည်ဆောက်ခြင်းစနစ်တွင် လူမှုဆက်ဆံရေးဆိုင်ရာ တုံ့ပြန်မှုသည် အရေးကြီးသောနည်းလမ်းဖြစ်သည်။ ဤစနစ်တွင် ကလေးများသည် မိမိတို့ပတ်ဝန်းကျင်ဓလေ့စရိုက်များမှ အသိပညာဗဟုသုတများကို ကိုယ်တိုင်ဖန်တီးတည်ဆောက်စရာမလိုဘဲ သင်ယူလေ့လာနိုင်မည်ဖြစ်သည်။ မိဘများ၊ အုပ်ထိန်းသူများ၊ ဆရာဆရာမများ၊ သက်တူရွယ်တူများသည် ကလေးငယ်များ၏သင်ယူလေ့လာမှုဖြစ်စဉ်တွင် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေသည်။ မိဘများနှင့် အုပ်ထိန်းသူများသည် ဦးတည်ချက်၊ ညွန်ကြားမှုများ၊ ထင်မြင်ချက်များ၊ ဝေဖန်တုံ့ပြန်ချက်များကို ကျောင်းသားများအား အမြဲလိုလိုပေးကြသည်။ ကလေးငယ်များသည် ထိုအရာများကို မတုန်မလှုပ်ရရှိသည်မဟုတ် တုံပြန်မှုပြုသောသဘောမျိုးဖြင့် သူတို့၏ပြဿနာများ၊ အဖြေများကို ဆရာဆရာမများအား ပြန်လည်ပြောပြကြသည်။ ထို့အပြင် ကလေးများသည် သူတို့၏ လေ့ကျင့်ခန်းများ၊ စီမံချက်များနှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် သက်တူရွယ်တူများအချင်းချင်း ပြောဆိုဆက်ဆံကြသည်။ ဤနည်းအားဖြင့် အချက်အလက်များ၊ စိတ်ကူးများကို လဲလှယ်နိုင်ပြီး ဗဟုသုတနှင့် နားလည်နိုင်စွမ်းများ ထွက်ပေါ်လာစေသည်။
This process of learning is regarded as important because knowledge itself is developed through history and it should go through appropriation in a social environment. Learning is achieved through the process of development learners should be active participants in the process of learning. Activity is important in learning it is also a key concept in socio-cultural theories that explain the importance of doing. By engaging in meaningful activities learners interact with peers and more knowledgeable people. To Vygotsky language plays an important role in learning.
ဤသို့သင်ယူလေ့လာခြင်းသည် အရေးကြီးသည်ဟု သတ်မှတ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် လူမှုပတ်ဝန်းကျင်တွင် လျာထားချက်တစ်ခုအပေါ်အခြေခံ၍ မိမိတို့ပြုလုပ်လိုက်သော လုပ်ဆောင်ချက်များကြောင့် အသိပညာဗဟုသုတများစွာ ရုတ်ချည်းတိုးတက်လာနိုင်သောကြောင့်ဖြစ်သည်။ သင်ယူခြင်းသည် တိုးတက်မှုဖြစ်စဉ်ကို ဖြတ်သန်း၍ ရရှိခြင်းဖြစ်ပြီး သင်ယူလေ့လာသူများသည် သင်ယူခြင်းပြုလုပ်ရာတွင် သွက်လက်သော ပါဝင်ဆောင်ရွက်သူများဖြစ်ရန် လိုအပ်သည်။ လူမှုယဉ်ကျေးမှုနယ်ပယ်တွင် လှုပ်လှုပ်ရှားရှားပါဝင်ဆောင်ရွက်ခြင်းသည် သင်ယူမှုအတွက် အရေးကြီးသော သော့ချက်တစ်ခုဖြစ်သည်။ ကောင်းမွန်ပြီး အဓိပ္ပာယ်ရှိသော လှုပ်ရှားမှုများပြုလုပ်စေခြင်းသည် သင်ယူသူများကို သက်တူရွယ်တူများနှင့်သာမက ဗဟုသုတပိုရှိသောသူများနှင့် ထိတွေ့မှုဖြစ်စေသည့်အတွက် Vygotsky ၏ သီအိုရီသည် သင်ယူလေ့လာခြင်းတွင် အရေးကြီကဏ္ဍမှ ပါဝင်နေသည်။
MSO 44
အလည်ရောက်ခဲ့သည်။ဗို့စရာမရှိ၍မန့်ခဲ့သည်။
Post တင်အုံးနော်ညေး
Post တင်ပါအုံးဗျ
Inactive member