ကျွန်အဖြစ်မခံကြပါနဲ့

in #esteem6 years ago

ကျွန်အဖြစ်မခံကြပါနဲ့

image
မြန်နိုင်ငံဟာစိုက်ပျိုးရေးနိုင်ငံဖြစ်ပါတယ်။
ဒါပေမယ့်စိုက်ပျိုးရေးကိုလုပ်ဆောင်နေတဲ့တောင်သူ၊လယ်သမားတွေအများစုဟာမချမ်းသာကြပါဘူး။
တောနေလူတန်းစားဟာ ၇၀ ရာနှုန်းလောက်ရှိတဲ့အတွက် အဲဒီလူတွေဆင်းရဲရင် ။
စီးပွားရေးဆင်းရဲတော့ ပညာရေးလည်းဆင်းရဲလာမယ်။
ပညာရေး ဆင်းရဲလာပြီဆိုတော့ အသိဉာဏ်တွေပါဆင်းရဲလာမယ်။
အသိဉာဏ်တွေဆင်းရဲလာရင်တော့ ဘာသာရေး၊လူမှုရေး၊ကျန်းမာရေး စတဲ့အရာတွေပါဆင်းရဲလာပါမယ်။
ဖြစ်နိုင်၏၊မဖြစ်နိုင်၏ကိုမစဉ်းစားမဆင်ခြင်နိုင်ဘဲ
ပြောသမျှယုံပြီး ခေါင်းညိတ်နေတတ်တဲ့ ပုတ်သင်ညိုလိုလူသားတွေများလာပါမယ်။
နယ်ပယ်အမျိုးမျိုးကနေပြီးတော့
လူအမျိုးမျိုးရဲ့ အသုံးချခံ သနားစရာသတ္တဝါများတဖြည်းဖြည်းနဲ့များပြားလာပါမယ်။
image
၇၀ ရာနှုန်းလောက်သောသူတွေဘာဖြစ်လို့တဖြည်းဖြည်းနဲ့ပိုပြီးဆင်းရဲနေကြရတာလည်းဆိုရင်
#ကျွန်ဖြစ်နေကြလို့ပါ။
ဘာကျွန်လည်းဆိုတော့
#မျိုးစေ့ကျွန်
#ပိုးသတ်ဆေး၊မှိုသတ်ဆေး၊ပေါင်းသတ်ဆေး၊အားဆေးစတဲ့ဆေးဝါးကျွန်
#ဓာတ်မြေသြဇာကျွန်
နောက်အဆိုးဝါးဆုံးတစ်ခုကတော့
#ဈေးကွက်ကျွန်
အပြင် တစ်ခြားကျွန်ပြုခံထားရတဲ့အရာတွေအများကြီးရှိပါသေးတယ်။
မျိုးစေ့တော်တော်များများကခုနောက်ပိုင်းနိုင်ငံခြားကနေဝင်တာများပါတယ်။
အများစုကလည်းနိုင်ငံခြားမျိုးမှအထင်ကြီးပြီးစိုက်ကြပါတယ်။ရေကန်စွန်းရွက်ကအစထိုင်ဝမ်မျိုး၊ဘာမျိုး၊ညာမျိုး စသဖြင့်ပေါ့လေ။
အထင်လည်းကြီးချင်စရာပါ။
မျိုးစေ့ကစနစ်တကျသေချာထုတ်ထားတော့ အရည်အသွေးရော၊အထွက်ရောကအစကွာပါတယ်။
ဒါပေမယ့်ဈေးကြီးတယ်။
တော်တော်များများမျိုးစေ့တွေကပြန်ပြီးပွားယူလို့မရအောင်မျိုးသတ်ထားပါတယ်။
အဲဒီနိုင်ငံခြားမျိုးတွေကိုစိုက်ရင်းနဲ့ဒေသမျိုးတွေကတဖြည်းဖြည်းပျောက်ကွယ်လာပါတယ်။
ဒီနှစ်စိုက်ပြီးလို့နောက်နှစ်စိုက်ချင်ရင် မျိုးစေ့ကိုမဝယ်ချင်လည်း ဈေးကြီးပေးပြီးဝယ်ရပါတယ်။
ဒေသမျိုးကလည်းမရှိ၊နောက်ပြီး ကိုယ့်နိုင်ငံကလည်းမထုတ်တတ်တော့ မဝယ်ချင်ရင်မစိုက်ရုံပဲရှိတော့တယ်။
မျိုးစေ့ကျွန်မခံရဖို့တော့ဒေသမျိုးလိုပြန်ပြီးမျိုးခံယူလို့ရတဲ့မျိုးတွေကိုအသုံးပြုသင့်ပါတယ်။
မျိုးသတ်ထားတဲ့မျိုးစေ့တွေဟာရေရှည်မှာစိုက်ပျိုးသူတွေအတွက်အဆင်မပြေပါဘူး။
မျိုးထုတ်လုပ်တဲ့ကုမ္ပဏီတွေအတွက်ပဲအကျိုးအမြတ်ကသေချာပေါက်ဖြစ်နေပါတယ်။
တဖြည်းဖြည်းနဲ့မျိုးစေ့ကသူတို့ကိုယ်ပိုင်လိုဖြစ်လာပါတယ်။
အမှန်တော့မျိုးစေ့ဆိုတာမျိုးစေ့ထုတ်တဲ့ကုမ္ပဏီတွေအတွက်မဖြစ်သင့်ပါဘူး။
လူသားတိုင်းပိုင်ဆိုင်သင့်တဲ့အရာပါ။
ပိုင်ဆိုင်အောင်လည်းလုပ်သင့်ပါတယ်။
ဒါမှသာမျိုးစေ့ကျွန်အဖြစ်ကနေရုန်းထွက်နိုင်ပါလိမ့်မယ်။

image
ဓာတုပိုးသတ်ဆေး၊မှိုသတ်ဆေး၊ပေါင်းသတ်ဆေးအပါအဝင်ဆေးဝါးအမျိုးမျိုးနှင့်ဓာတ်မြေဩဇာစတဲ့အရာတွေဟာလည်းအစပိုင်းအသုံးပြုရာမှာအထွက်တိုးပါတယ်။
သုံးတာကြာလာတာနှင့်အမျှ (စနစ်တကျအသုံးပြုမှုမရှိတာလည်းပါပါမယ်)ဘယ်လောက်ပဲသုံးသုံးအထွက်ကထင်သလောက်မဟုတ်တော့ပါဘူး။တဖြည်းဖြည်းနဲ့လျော့လျော့လာပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ဆေးတွေသုံးတဲ့အတွက် ပိုးမွှားတွေသေတာတော့မှန်ပါတယ်။
သေတဲ့အထဲမှာစိုက်ပျိုးရေးနှင့်ဂေဟစနစ်ကိုအထောက်အကူပြုတဲ့သတ္တဝါတွေပါသေဆုံးကုန်ပါတယ်။
စိုက်ပျိုးမြေကလည်းမြေဩဇာနဲ့ဓာတုဆေးဝါးဓာတ်ကြွင်းတွေစုပုံလာပါတယ်။
အဲ့ဒီအတွက်ကြောင့်ဘာပဲစိုက်စိုက်ထင်သလောက်မဖြစ်ထွန်းတော့ပါဘူး။
တန်ဖိုးကြီးကြီးပေးပြီးဝယ်သုံးခဲ့ရတဲ့ဓာတ်မြေဩဇာဖိုး၊ဆေးဖိုး အရင်းရဖို့တောင်မနည်းလုပ်ယူရတဲ့အခြေအနေတွေဖြစ်လာပါတယ်။
ဓာတ်ကြွင်းပါတဲ့သီးနှံတွေကိုစား၊ရေတွေကိုသောက်ပြီးလူတွေရဲ့ကျန်းမာရေးပြသနာတွေလည်းတနေ့တခြားများသထက်များလာပါပြီ။
တကယ်ချမ်းသာသွားတာကတော့မြေဩဇာနှင့်ပိုးသတ်ဆေးကုမ္ပဏီတွေပါပဲ။
ဓာတ်မြေသြဇာနှင့်ဓာတုဆေးဝါးကျွန်အဖြစ်ကရုန်းထွက်ဖို့ကတော့တော်တော်လေးခက်ခဲပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့လူတွေကအဲ့ဒီပစ္စည်းတွေကိုမသုံးမဖြစ်သုံးရမလိုအရိုးစွဲနေကြပါပြီ။
မသုံးရင်ဘဲအပင်တွေကမရှင်သန်နိုင်သလိုဖြစ်နေကြပါပြီ။
ဒါပေမယ့် အဘိုး၊အဘွားတွေလက်ထက်မှာ အဲဒီပစ္စည်းတွေမရှိသေးဘူးဆိုတာသတိမူသင့်ပါတယ်။
ကုမ္ပဏီတွေရဲ့ကြော်ငြာအားနဲ့ ခေတ်အဆက်ဆက်မူဝါဒအမှားတွေလည်းပါပါမယ်။
မြေဩဇာ၊ဆေးဝါးကျွန်အဖြစ်ကနေလည်းရုန်းထွက်ကြရပါမယ်။
နွားချေး၊ကြက်ချေးလိုအရာတွေ၊ပေါင်းမြက်နဲ့ယာခင်းကစွန့်ပစ်ပစ္စည်းတွေကိုအကျိုးရှိရှိအသုံးချဖို့လိုပါမယ်။
EMလိုမျိုးအသုံးပြုပြီးစိုက်ပျိုးတဲ့နည်းစနစ်တွေကိုလေ့လာဖို့လိုအပ်ပါတယ်။
သဘာဝကနေအလကားနီးနီးရနိုင်တဲ့နည်းလမ်းတွေကိုအသုံးချဖို့လည်းလိုအပ်ပါတယ်။
image

နောက်တစ်ခုဈေးကွက်ကျွန်ကတော့အဆိုးဝါးဆုံးပါပဲ။
ခိုင်မာတဲ့သီးနှံဈေးကွက်မရှိပါဘူး။
စိုက်ပျိုးသူတွေသီးနှံပေါ်တဲ့အချိန်ဆိုဈေးကျတာဟာထုံးစံလိုဖြစ်နေပါပြီ။
ကုန်ချောအဆင့်မထုတ်လုပ်နိုင်တာပါတယ်။
ကုန်လှောင်တဲ့ကုန်သည်ပွဲစားတွေရဲ့လက်ဝါးကြီးအုပ်ခြယ်လှယ်မှုလည်းပါပါတယ်။
နောက်ပြီးတော့နိုင်ငံခြားဈေးကွက်ကိုမထိုးဖောက်နိုင်တာလည်းပါပါတယ်။
ပြည်ပနိုင်ငံတွေကလည်းမြန်မာပြည်ရဲ့စိုက်ပျိုးရေးထုတ်ကုန်တွေကိုပိုးသတ်ဆေးဓာတ်ကြွင်း၊မြေဩဇာဓာတ်ကြွင်းတွေများနေတဲ့အတွက်သဘောမကျကြပါဘူး။
ဓာတုပစ္စည်းတွေကိုသုံးမယ်ဆိုရင်စနစ်တကျအသုံးပြုဖို့အရမ်းအရေးကြီးပါတယ်။
ခိုင်မာတဲ့ဈေးကွက်ဖြစ်ပေါ်လာဖို့မိမိတို့ရဲ့ထုတ်ကုန်တွေကိုလည်းအရည်အသွေး၊စံချိန်စံညွှန်းပြည့်ဝအောင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်။
နိုင်ငံတော်အဆင့်အနေနဲ့လည်းဈေးကွက်တည်ငြိမ်ဖို့၊စိုက်ပျိုးရေးနှင့်ပတ်သက်တဲ့အသိပညာတွေကိုလည်းအားလုံးလက်လှမ်းမှီအောင်ပညာပေးဖို့အရမ်းအရေးကြီးနေပါပြီ။
စိုက်ပျိုးရေးစရိတ်ထုတ်ချေးတယ်ဆိုတာလောက်နဲ့တော့ဘာမှသိသိသာသာပြောင်းလည်းလာမှာမဟုတ်ပါဘူး။နည်းပညာနဲ့ထိရောက်တဲ့သွင်းအားစုတွေအလုံအလောက်ထောက်ပံ့ဖို့လိုအပ်ပါတယ်။
image

စိုက်ပျိုးရေးဆေးကုမ္ပဏီတွေကိုပဲအားကိုးနေလို့မရပါဘူး။
မျိုးစေ့၊ပိုးသတ်ဆေးမှိုသတ်ဆေး၊ပေါင်းသတ်ဆေး
အားဆေးတို့ထုတ်တဲ့ကုမ္ပဏီအများစုကလည်းကြော်ငြာကောင်း
၊ အပြောကောင်း၊အဆွယ်ကောင်းတွေများပါတယ်။
သူတို့ပစ္စည်းရောင်းရဖို့အဓိကပါ။
နောက်ပိုင်းဖြစ်လာနိုင်တဲ့ဈေးကွက်နှင့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုတွေကိုထည့်မတွက်ပါဘူး။
ခံရတော့စိုက်ပျိုးသူနဲ့စားသုံးသူပြည်သူအားလုံးပါ။
ဓာတုမြေဩဇာ၊ပေါင်းသတ်ဆေး၊ပိုးသတ်ဆေးတွေကြောင့်ပတ်ဝန်းကျင်ဂေဟစနစ်ကလည်းတော်တော်ပျက်စီးနေပါပြီ။
တောင်သူတွေလည်းဆင်းရဲပြီးရင်းဆင်းရဲကျွန်တွင်းကအတော်ကိုနစ်နေပါပြီ။
ကျွန်ဖြစ်တော့နွံနစ်လာပါတယ်။
ဘယ်နွံလည်းဆိုတော့ #အကြွေး ဆိုတဲ့နွံပါ။
အကြွေးနွံနစ်လာပြီဆိုရင်တော့ရုန်းထွက်ဖို့အတော်ခက်ခဲပါလိမ့်မယ်။
အကြွေးနွံမနစ်ဖို့ရာအားလုံးပဲ
#ကျွန်အဖြစ်မခံကြပါနဲ့ လို့
image

Sort:  

@yethihakyaw, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကျွန်ဖြစ် နွံနစ် ရောဂါရ တို့မြန်မာကွ😁😁😁

Posted using Partiko Android

ဒါပေါ့ 😁
Steem သူဌေးဖြစ်နေပြီလား
ဒီ ပို့စ် က steemit မှာသာ ဘာမှ မဟုတ်တာ
fb page မှာ တော်တော်အောင်မြင်နေတာ
Share တွေ 1.3 k ကျော်သွားပြီ
တစ်ချို့လည်း ကိုယ်ရေးသလိုလို
Credit မပေး ပဲ ကူး ချနေကြတယ်😁

ပျောက်နေတာကြာပြီနော် ဟုတ်တယ်ဗျ လေဒီယို
တီဗွီတွေမှာ စိုက်ပျိုးရေးသုံးဆေးဝါးတွေ အမျိုးမျိုးကို
ကြော်ငြာအားကောင်းကောင်းနဲ့ကြော်ငြာနေတော့
အသိမကြွယ်တဲ့တောင်သူတွေက အဟုတ်ကြီးမှတ်ပြီး
ဝယ်သုံးနေကြမှာ ကိုယ့်မူရင်းမျိုးစေ့တွေ ပျောက်ဆုံးသွားရင် ဒုက္ခများကုန်ကြမှာဖြင့် ရင်လေးစရာပါ

ပျောက်ဆို
Steem ကကျ။
တက်တုန်းကလည်း
Voting ပေးမယ့်သူမှ မရှိတာဆရာ။


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Thanks for your support.