တွေ့သမျှကူးချ.၂၇.
အခန်း.၃.၈.
သူတို့ နေသော တိုက်ခန်းများက အခန်းပေါင်းများစွာဖြင့်
နေချင်သလို နေနိုင်သော အိမ်ကြီးများကဲ့သို့  မဟုတ်...
ဆယ့်နှစ်ပေ ဆယ့်ရှစ်ပေလောက်ရှိသော ဧည့်ခန်း တခု
ဆယ့်နှစ်ပေပတ်လည် အိပ်ခန်းနှစ်ခန်း နှင့် ကျန်အခန်း
များက မီးဖိုနှင့်ထမင်းစားခန်းတွဲလျက်..ရေချိုးခန်း တခန်း
အိမ်သာတခန်း ဒါပဲရှိသည်..နောက်ထပ် နေရာလွတ်တခု
က လေးပေ ဆယ့်နှစ်ပေလောက်ရှိသော ဝရန်တာ...
သူတို့ နှစ်ယောက် စာကြည့်စရာနေရာကို ဝရန်တာတွင်
စားပွဲတလုံးခင်း ဟိုဘက်ခြမ်း တယောက် ဒီဘက်ခြမ်းတ
ယောက်ထိုင် အပေါ်က မီးလုံးတလုံးထွန်းပီး မျက်နှာချင်း
ဆိုင် အနေအထားဖြင့် စာကြည့်နေခြင်းဖြစ်သည်...
ကပ်လျက်ရှိနေသော ဧည့်ခန်းနှင့် အဆက်အသွယ်ပြတ်
နေအောင်လည်း ဧည့်ခန်းမှ ဝရန်တာဘက်ထွက်သော
တံခါးကို စေ့ထားကြသည်...
လင်းလင်းက ရန့် စကားကြောင့် တံခါးအပေါ်ပိုင်းမှန်ချပ်
များမှ တဆင့် ဖြတ်၍ အတွင်းဘက်ကို တချက်အကဲခတ်
သည်..ဧည့်ခန်းမှာ လူရှင်းနေသည်ကို မြင်မှ ရန့် ဘက်ပြန်
လှည့်၍...
နင့်ကို ငါမေးမယ် ရန်..နင် မှန်မှန်ဖြေနော်..ငါ့ကို မညာနဲ့´´ ရန် ခေါင်းညိတ်ပြသည်..လင်းလင်းက လေသံကို နှိမ့်ပီး...
ဟိုတနေ့ က နင်ပြောတယ် မဟုတ်လား...နင့်မှာ
ကြိုက်နေတဲ့သူ ရှိတယ်ဆိုတာလေ..မှတ်မိလား´´
မှတ်မိတာပေါ့..မမှတ်မိစရာ အကြောင်းမရှိ ကိုယ့်ပါးစပ်က
သေချာထွက်ထားသည့်စကားမှ မမှတ်မိရအောင် ရန် က
ရူးနေသည်မှ မဟုတ်တာလေ..ထိုစကားက လွန်ခဲ့သည့်
သုံးလေးရက်လောက်က ကျောင်းမှအပြန်တွင်သူ့ ဟာနှင့်
သူ စကားလမ်းကြောင်းသင့်သွား၍ ပြောဖြစ်ခဲ့သော
စကား..ခုမှ ဘာကိစ္စ ပြန်ပီး အစပြန်ကောက်နေမှန်း မသိ
သဖြင် ရန် အံ့အားသင့်သွားသည်...
မှတ်မိပါတယ်..အဲ့ဒါ ဘာဖြစ်လို့ လဲ´´
ဘာမှ မဖြစ်ပါဘူး..မှတ်မိရင် ပီးရော..အဲ့ဒါဆို
ငါမေးမယ်..နင်ကြိုက်နေတဲ့သူဆိုတာ မမစိုးမဟုတ်လား´´
ဘာ...ဘယ်သူ လင်းလင်း..မမစိုး ဟုတ်လား ဘယ်က မမစိုးလဲ´´ မဆီမဆိုင်နှင့် မမျှော်လင့်သော အမေးမို့  ရန် အလန့် တ ကြား ပြန်မေးသည်..လင်းလင်းက စိတ်မရှည်ဟန်ဖြင့်...
အောင်မယ်...ဘာ ဘယ်ကမမစိုးလဲ မနေနဲ့..
ဘယ်ကမမစိုးရှိမလဲ..ငါ့အစ်မ စိုးစိုးအောင်ကို ပြောတာ
ပေါ့´´
ဗုဒ္ဓေါ...´´ဟု စိတ်ထဲက အထိတ်တလန့်  ရေရွတ်မိသည် မျက်နှာတခုလုံးလည်း ထူပူသွားပီး...
ဟာ...တောက်တီးတောက်တဲ့ လင်းလင်းရာ
ငါက မစိုးစိုးအောင်ကို ဘာလို့ ကြိုက်ရမှာလဲ´´
လုပ်မနေနဲ့..နင် ဟိုနေ့ က အဲ့ဒီစကား ပြောပီး ကတည်းက နင့်ကို ငါ အကဲခတ်နေတာ..နင် မမစိုးကို စ ကားပြောတာ မရိုးဘူး..မမစိုးနဲ့ စကားပြောတိုင်း နင့်သွား ကြီးက တဖြဲဖြဲနဲ့..ဟုတ်တယ်..နင် မမစိုးကို ကြိုက်နေတာ ပဲဖြစ်ရမယ်´´ ရန် စိတ်မထိန်းနိုင်တော့..ဒေါသထောင်းကနဲထွက်သွားပီး
သေပါတော့ လင်းလင်းရာ..ခုချက်ချင်း ဒီတိုက်
ပေါ်က ခုန်ချပီးသာ သေလိုက်စမ်းပါတော့....
ငါ မစိုးစိုးအောင်ကို စိတ်နဲ့တောင် မပြစ်မှားဖူးဘူးဟ....
နားလည်လား´´
``ငါ မယုံဘူး...နင် တကယ်ဟုတ်နေလို့ 
ဒီလောက် ငြင်းနေတာ ဖြစ်ရမယ်´´
ဒီတခါ သေချင်သွားသူက ရန်ပဲ ဖြစ်တော့၏..ကုလားထိုင်
ပေါ်ထိုင်နေရင်းကိုပင် ငုတ်တုတ် သေပစ်လိုက်ချင်စိတ်
ပေါက်သွားသည် ။