အစွန်းနှစ်ပါး

in #flowers6 years ago

``အစွန်းနှစ်ပါး´
...................
အချစ်ဆိုတာ ....
ချုပ်နှောင်ထားမယ့်ကြိုးတစ်ချောင်းဖြစ်နိုင်သလို..
သင့်စိတ်ကို ပရမ်းပတာမဖြစ်အောင်ထိန်းချုပ်ပေးတဲ့
အထိန်းအကွပ်တစ်ခုလည်းဖြစ်နိုင်တယ်...

သင့်ကို ချုပ်နှောင်မှာလား ....
ထိန်းကွပ်ပေးမှာလားဆိုတာကတော့ ....
သင်ရွေးချယ်လိုက်တဲ့ချစ်သူအပေါ်မှာမူတည်သလို...
သင့်အပေါ်မှာလည်း မူတည်တယ် ။

သံယောဇဉ်ဆိုတာ ....
နောက်ဆန်ငင်စရာ အပူတစ်မျိုးဖြစ်နိုင်သလို...
သင့်စိတ်ရဲ့နွေးထွေးလုံခြုံရာလည်း ဖြစ်နိုင်တယ်...။

အပူလား နွေးထွေးစရာလားဆိုတာကတော့ ...
သင် သံယောဇဉ်ထားမိသူတွေအပေါ်မှာ မူတည်သလို...
သင့်စိတ်အပေါ်မှာလည်းမူတည်တယ်။

မိသားစုဆိုတာ....
လွတ်လပ်မှုကို တားဆီးပိတ်ပင်နေသူတွေဖြစ်နိုင်သလို...
သင်ဘာဖြစ်ဖြစ်သင့်နောက်ကအမြဲရပ်တည်ပေးမယ့်အရိပ်တစ်ခုလည်းဖြစ်နိုင်တယ်

ပိတ်ပင်သူလား အရိပ်လားဆိုတာကတော့ ....
သင့်မိသားစုအပေါ်မှာ မူတည်သလို ...
သင့်ပေါ်မှာလည်းမူတည်တယ် ။

သင်ရထားတဲ့ အဆိုး အကောင်း အရာအားလုံးဟာ .....

သင်ကရွေးချယ်လိုက်သူတွေ .....

သင့်ကိုရွေးချယ်သူတွေ ......

သင်ကမရွေးချယ်ရဘဲ အလိုလိုရရှိထားတဲ့အရာတွေပေါ်မှာ မူတည်နေပေမဲ့

သင် စိတ်ထားတတ်တဲ့အပေါ်မှာ မူတည်ပြီး ....

သင့်စိတ်ချမ်းသာမှု သင့်စိတ်ဆင်းရဲမှုတွေကို ဖြစ်ပေါ်စေတတ်ပါတယ် ။

                        ပုညခင်
                      ၂.၆.၂၀၁၆

#အောင်မြင်မှု၊ဘဝနှင်ချစ်ခြင်းမေတ္တာ အတွေးစာစုများ စာအုပ်မှ
image