FunnysteemCreated with Sketch.

in #funny7 years ago

#ဂျင်းစစ်​စစ်

" အဘ မေးစရာရှိလို့ ပါ "
တူတော်မောင်တစ်ယောက်လှမ်းမေးလာတယ်။
" အေး မေးလေ " ဆိုတော့

" ဂျင်း ထည့်တာ ဘာအဓိပ္ပါယ်လဲဗျ လင်းပါဦးဗျ" တဲ့

"ဟ မင်းတို့ လူငယ်တွေပြောပြောနေပီးမသိဘူးလားဟ"

" မသိဘူးဗျ ကျနော် သူများပြောလို့ သာ ပြောရတာ "

" အေး မှတ်ထား မင်း အိမ်မှာ ဝက်သား နှပ်တယ်ကွာ ကျက်ပြီးချခါနီးရင်
ဂျင်းလေးထောင်းထည့်လိုက်တယ်မလား
ဂျင်းလေး အုပ်ထားပြီး အဖုံးလေးများ ဖွင့်လိုက်ရင် အနံ့လေးကိုသင်းနေရော"

" အေး ချက်တာကတော့ ဝက်သားပေါ့ကွာ ဂျင်းနံ့လေး သင်းနေတော့နောက်မှလည်းထည့်တယ်နဲနဲလေးပဲထည့်ရတယ် ဒါမဲ့ဂျင်းက နေရာ ရကိုရနေတာ"
အဲ့ဒါ ဂျင်းထည့်တာခေါ်တယ်။

" နားလည်ပြီလား "

" သိပ်တော့မရှင်းဘူး အဘ "

ဒီလိုကွာ
"ငါတို့ ရိုးရာနှစ်သစ်ကူးဆိုရင်
သင်္ကြန်ဆိုတာရှိတယ်။ရေကစားတယ် ရေပတ်တယ်။ အဲ့လို ချိန် သုံးတဲ့ ရေခွက် ရေပြွတ် ရေသေနတ် မျက်နှာဖုံးတွေ ကို တရုတ်က ဈေးပေါပေါ နဲ့ငါတို့ ဆီလာထည့်ရောင်းတယ် သင်္ကြန်က ငါတို့ သင်္ကြန်လေ အကျိုးမြတ်က သူတို့ နှစ်တိုင်းရတယ် အဲ့ဒါ ဂျင်းထည့်ခံရတာ ခေါ်တယ်။

ငါတို့ သီတင်းကျွတ်ကို ကြည့်လိုက် ကလေးတွေဆော့တဲ့ မီးထွန်းကား ရောင်စုံ မီးပုံးကနေစပြီး ဗြောက်အိုးတွေထိ တရုတ်ကဈေးပေါပေါနဲ့လာထည့်ရောင်းတယ်။ ငါတို့ ငယ်ငယ်ကတောင် ဗြောက်အိုးတွေဘာတွေ ဖေါက်ခဲ့ရသေး အဲ့ဒီသီတင်းကျွတ်က ငါတို့ ကျွတ်တာလေ စီးပွားဖြစ်တာသူတို့ ဖြစ်တာ အဲ့ဒါကို ဂျင်းကောင် ခေါ်တာပဲ"

နှစ်ပေါင်းများစွာ ငါတို့ ဘာဖြစ်ဖြစ် ငါတို့ ဖြစ်စဉ်ကနေသူတို့ အကျိုးယူသွားတာ ကျက်ပြီးသားဝက်သားအိုးကို ဂျင်းထည့်တာပဲ။

" ဟား ဟား လင်းပြီ အဘရ ခုမှ လင်းတာ"

" လင်း မနေနဲ့ဦး အဲ့လောက်တင်လား မဟုတ်သေးဘူး တရုတ်ကကွာ သူများနိုင်ငံတင်မဟုတ်ဘူး ကိုယ့်ပြည်တွင်းလဲ ဂျင်းထည့်တာပဲ"

"တရုတ်မှာ "ဆားလ် " ရောဂါ အကြီးကျယ်ကူးစက်မှု ဖြစ်တော့ လူတွေရဲ့ ထိတ်လန့် မှုကို ခုတုံး လုပ်ပြီး
တရုတ်သတင်းမီဒီယာတွေအကြီးကျယ်ချမ်းသာကုန်တယ်

"ရောဂါအကြောင်း နဲ့ပါတ်သက်ပြီး အမျိုးမျိုး ခြောက်ရေးတယ် လှန့် ပြီး တနေကုန်သတင်းလွှင့်တယ် ရောဂါကို အခြေခံပြီး စီးပွားဖြစ်ဂျင်းထည့်တာ။ Mark နှခေါင်းအုပ် ရောင်းတဲ့သူတွေအပါဝင် Bus ကားတိုးမစီးရဲတော့လို Taxi သမားကနေ တိုင်းရင်းသမားတော်တွေ ထိ စီးပွားဖြစ်ကုန်တယ်"

"အခုလာပြီ ကွာ မြန်မာပြည်မှာ H1N1ဝက်တုပ်ကွေးလားဘာလား လာပီ အရင်းမြစ်ကို သေချာ မလေ့လာပဲ အကုန်ယုံရင်တော့
ဂျင်း ထည့်မဲ့ သတင်းသမားတွေ စီးပွားရေးသမားတွေ ဂျင်းထည့် ဖို့  ပြုံဆင်းလာမှာပဲ မောင်ရေ "

" ဟား ဟား နားလည်ပြီ အဘ ရေ မှတ်ထားပါ့မယ်"

" အေးကွာ တစ်လက်စတည်း မှတ်ထားဦး အခုထိဖြစ်နေတာလေ ရှမ်းပြည် နမ့်ခမ်းက မီးကို နှစ် ၅၀စာလောက် အဘ တို့ ဆီကနေ ဝယ်ပြီး ရှမ်းပြည်ကိုပဲ တရုတ်ကလျှပ်စစ်မီး ပြန်ရောင်းစားသလိုပေါ့ကွာ"

" ဟာ ဒါဆို အဘတို့ ဂျင်း ထည့်ခံရတာပေါ့ "

" ဟား ဟား ဟား ဂျင်းတောင်မှ ကိုယ့် ခြံထဲကဂျင်းနဲ့ ထည့်သွားတာ မွှေးလို့ မောင်ရေ"
FB_IMG_1501347709790.jpg
😂😂😂

#ကိုစန်ရဲ