ညီမလေးဖတ်ဖို့
ညီမလေး ဖတ်ဖို့
လွတ်လပ်စွာ နေထိုင်ခွင့်ရှိတယ်
စည်းတော့ မကျော်စေနဲ့ပေါ့
ပွင့်လင်းစွာ ပြောဆိုခွင့်ရှိတယ်
မရိုင်းစေနဲ့ပေါ့---------------
စကပ်တို ပေါင်ခွဲ
ယဉ်ကျေးမှု့တွေ ရှောင်လွှဲလို့
ဒီမိုကရေစီနဲ့ အပြိုင်
မိန်းမတို့ သိက္ခာ မယိုင်ပါစေနဲ့ကွယ်------ညီမလေးရယ်---)
စောင့်ထိန်းရမယ့် သိက္ခာ
လိုက်နာရမည့် ကျင့်ဝတ်
ကိုယ်တွေ လက်ထဲမှာ အဆင်သင့်မဖြစ်ခဲ့ရင်
သားကောင်းမိခင် စကားလုံး
အဆင်ပြေပြေ သုံးနိုင်မယ်မထင်ဘူး-----ညီမလေး)
တွေ့မြင်တုန်း ခဏ
ဟာ ဟင် ဆိုတဲ့ အမေဋိတ်သံကြားမှာ
ဂုဏ်ယူချင်တဲ့ စိတ်
တိတ်တဆိတ် ပယ်ဖျောက်နိုင်ပါစေ---ညီမလေး
ကျားတို့ သဘာဝ
တပ်မက်စိတ်က လွဲရင်
တန်ဖိုးထားတဲ့ စိတ်ထား
တစ်ပြားသားမှ မရတဲ့ အလှ
ဘာလို့များ ရချင်နေတာပါလိမ့်
ယောက်ျားတစ်ယောက်
ညဥ့်နက် သန်းခေါင်ထိ
လမ်းမပေါ် ရောက်နေရင်
အိမ်ပြေး ဆိုတဲ့ စကားလုံးထက် ပိုမရဘူး
မိန်းမတစ်ယောက်
ညဉ့်နက်သန်းခေါင် ထိ
လမ်းမပေါ်ရောက်နေရင်
ညကြေးတွေ ခွဲ
မကောင်းတဲ့မိန်းမပဲ လို့ 
တမ်းစွပ်စွဲကြဖို့များတယ်
်
ယောက်ျား တစ်ယောက်
ပေါ်အောင် ပြရတဲ့ အလှ
ဝိတ်မတဲ့ ကာလ ပင်ပင်ပန်းပန်း
လုပ်ရတဲ့ တဒင်္ဂပဲ ရှိတယ်
မိန်းမတစ်ယောက်
ပေါ်အောင် ပြရတဲ့ အလှ
sexy ကျတယ် ဆိုတဲ့ စကားလုံးထက် ပိုမရဘူး-----
ဒီတော့ ညီမလေးရယ်
ဘယ်နေရာ ဘယ်ဒေသကို ပဲသွားသွား
ညီကို မောင်နှမ မျက်နှာလေးတွေကိုတော့
ပတ်ဝန်းကျင်မှာ ထားခွင့်ပြုနိုင်ပါစေ-----
ပြောင်းလဲ လာတဲ့ ခေတ်ယဉ်ကျေးမှု့အရ
ပေါ်အောင် ပြရမှ
ကျေနပ်နိုင်မယ် ဆိုရင်လည်း
သေချာတာ တစ်ခု
သတိပြုနိုင် ပါစေကွယ်
ပေါပေါလောလော ရတဲ့အလှ
ဘယ်သူမှ ထာဝရ
တန်ဖိုး မထားဘူးဆိုတာ ကိုပေါ့
မိန်းကလေးတွေရဲ့ အလှ
ပေါ်အောင် ပြနိုင်မှ
ဒီခေတ်ကြီးမှာ အဆင်ပြေနိုင်မယ် ထင်တဲ့စိတ်
လွင့်ပစ်နိုင်ပါစေ-----ညီမလေး)
credit
#နှလုံးသားဒိုင်ယာရီ
ဗဟုသုတများ ဖတ်မိမှတ်မိသမျှဝေမျှပါမည်

ㅤ
ㅤ
ㅤ