အိပ်မက်ဆိုးများနဲ့အတူ

in #life7 years ago

ပြီးဆုံးလို့သွားခဲ့ရတာတွေက အတိတ်တွေဘဲပေါ့ အဲ့ဒီလိုအတိတ်ဆိုသောစကားလုံးလေးက ကဘာပေါ်က လူတိုင်းနှင့် ရင်းနှီးပြီးဖြစ်ပါတယ် လွတ်ကင်းသူမရှိပါဘူး ဟုတ်ပါတယ်လေနော်ဘယ်လိုအတန်းအစားဖြစ်ဖြစ်လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်သောကိုယ်ပိုက်အတိတ်ကိုယ်စီရှိကြပါလေသည် အတိတ်ဆိုတာလည်းအမျိုးမျိုးရှိနေပြန်ပါသေးသည်
လွမ်းမောဆွတ်ပျံ့ဖွယ်ဖွယ်ကောင်းသော အတိတ်လေးလဲဖြသ်ချင်ဖြစ်လေမည်မေ့ပျောက်ဖို့မလွယ်သော တသသဖြစ်ခဲ့ရသော အတိတ်လေးလဲဖြသ်နေပါလိမ့်မည်ကိုယ့်ရဲ့နှလုံးအိမ်ထဲ၌ စိမ့်နေအောင် ပျောက်ကွယ်မသွားအောင်စွဲလမ်းခဲ့သော အတိတ်ကတော့ လွမ်းစရာကောက်းပါမည်ရင်ထဲမှာ တနင့်နင့်ခံစားခဲ့ရသော အတိတ်ပတော့အဆိုးဆုံးဖြစ်လေမည်ပြန်မတွေးချင်မိအောင်ကိုဘဲစိတ်ပျက်ဖွယ်ကောင်းသော အတိတ်ဆိုးတွေလည်းဖြစ်တက်ရှိတက်လေသည်နောက်တစ်ခါမကြုံချင်တော့သောအလွန်ခါးသီးဖွယ်ကောင်းသော အတိတ်တွေကြုံခဲ့နိုင်သေးသည်ကိုယ့်ရဲ့ စိတ်မနောတွင် အလွယ်တကူမေ့မရတော့သော အတိတ်တွေလည်းတွေ့ခဲ့ရပေမည် စသည်ဖြင့် စသည်ဖြင့် စာဖွဲ့၍ကုန်နိုင်ဖွယ်မရှိသော အတွေ့အကြုံနွေစုဖွဲ့ထားခဲ့သော အရာတွေသည် ပြီးခဲ့သောအတိတ်များဖြစ်ကြလေသည် တစ်ချို့အတိတ်တွေကတော့ ကိုယ့်နောက်ကို အရ်ပ်ပမာလိုပ်လို့နေတက်ပါလေသည်