This is how we started very long journey to de moon ! :D
သူမနဲ့ စပြီးမတွေ့ခင် ကျွန်တော်က ဟိုယောင်ယောင် ဒီယောင်ယောင် ကင်မရာမန်းပေါ့ဗျာ.......အလုပ်တစ်ခုကိုမယ်မယ်ရရ လုပ်ကိုင်နေရင်း လက်ရှိလုပ်နေတဲ့အလုပ်တွေကို ပစ်ချထားခဲ့ပြီး Camera မြူစွယ်ရာနောက်ကို စိတ်ရော ကိုယ်ပါ ကောက်ကောက်ပါအောင်လိုက်ခဲ့တယ်။
ဓါတ်ပုံရိုက်ဖော်ရိုက်ဖက်တွေနဲ့...မြန်မာပြည်နေရာတော်တော်များများကို သွားရိုက်ဖြစ်ခဲ့တယ်။ ပြီးတော့ ထုံးစံအတိုင်း မော်ဒယ်(အမှန်တော့ professional model မဟုတ်ပါဘူး...မျက်နှာသစ်တွေပါ) တွေဘာတွေရိုက်တယ်ပေါ့ဗျာ..............တစ်ရက်တော့ ကောင်မလေးတစ်ယောက်ကို Myanmar Traditional Theme ရယ် Cutie Theme ရယ်ဆိုပြီး Themes နှစ်မျိုးရိုက်မယ်လို့ အဖွဲ့နဲ့တိုင်ပင်ဖြစ်တယ်။ အဲဒါနဲ့ ဘယ်သူမော်ဒယ်လုပ်ပေးမလဲပေါ့..facebook ပေါ်မှာရော အသိထဲကသူတွေရော ဟိုမေးဒီမေးနဲ့နောက်ဆုံး ကောင်မလေးတစ်ယောက်က သူမော်ဒယ်လုပ်ပေးမယ်ဆိုတာနဲ့ အဆင်ပြေသွားတယ်။ အတိုပဲပြောတော့မယ်.....ဒီလိုနဲ့သွားရိုက်ဖြစ်တယ်၊ နောက်ဓါတ်ပုံတွေရတော့ သူ့ကို facebook ပေါ်ကနေ ဓါတ်ပုံတွေပြပေါ့။ အဲဒီမှာ ဇတ်လမ်းကစတာဗျ.........
တစ်နေ့ ...... အဲဒီ မော်ဒယ်လုပ်ပေးတဲ့ကောင်မလေး ရဲ့  facebook မှာ သူ့ သူငယ်ချင်းကောင်မလေးတစ်ယောက်နဲ့တွဲရိုက်ထားတဲ့ပုံလေးတွေ့လိုက်တယ်...ဆံပင်အရှည်ကြီးရယ်...အချိုသာဆုံးအပြုံးလေးရယ်....အဲဒါပထမဆုံး သတိထားမိစေတဲ့ အရာတွေပဲ....
လုံးဝ(လုံးဝ)မရည်ရွယ်ပဲ အဲဒီကောင်မလေးရဲ့  profile ထဲသွားကြည့်မိတယ်......ပုံလေးတွေရော....Status တွေရော တင်ထားတာ ပေါမှပေါပဲ... ကျွန်တော်လည်းသူ့ wall ထဲရောက်ခါမှ တောသားမြို့ ရောက်သလို မြင်မြင်သမျှ ကျွန်တော့အတွက် အကုန် စိတ်ဝင်စားစရာတွေကြီးပဲဖြစ်နေတယ်ဆိုပါတော့ဗျာ...(ဟီး..ဟီး)
အဲဒါနဲ့ သူ့ကို သွား ပြီး Friend Request လုပ်လိုက်တယ်ဆိုပါတော့ဗျာ........အမယ် သူက အရမ်းမူတာနော် Friend Request လုပ်ထားတာကို ဆယ်မိနစ်တောင်မပြည့်ဘူး သူ Accept လုပ်လိုက်တယ် :D :D :D ပြီးတော့ ထုံးစံအတိုင်းပဲပေါ့ဗျာ....သိတယ်မလား Chat Box မှာ သွား Hi တော့တာပဲ....သူကလည်း ချက်ချင်းနီးပါ Reply ပြန်တယ် ( ကိုကလည်း ဖြောင့်တာလည်းပါတာပေါ့လေ :P :P ). အဲလို နဲ့ နှစ်ရက် သုံးရက်လောက် Facebook ကနေ စကားတွေရေပက်မဝင်အောင်ပြော...သူတင်သမျှတွေကို ဒိုင်ခံ Like ပေးတာပေးတာဆိုတာ... ဟိုးလွန်လေးပြီးသော ဘိုးတော်ဘုရား လေးဖက်ထောက်က သူတင်ထားတဲ့ ပိုစ်တွေပါမကျန်စေရဘူး...... ( အဲလိုဖွန်ကြောင်တာပေါ့ဗျာ ) တစ်ပါတ်လောက်နေတော့ facebook ပေါ်က စကားပြောရတာ အားမလိုအားမရဖြစ်လာတယ်....အာ့နဲ့ ဖုန်းနံပါတ်လေး ပေးပါပေါ့...စကားလေးပြောချင်လို့ပေါ့..ဆိုပြီး တောင်တောင်အီအီ အကြောင်းပြချက်တွေနဲ့ တောင်းလိုက်တယ်။ သူကလည်း ကိုယ့်ကိုသနားသွားလေသလား...ဒါမှမဟုတ် စိတ်ပဲဝင်စားလို့ပေးခဲ့တာလားဆိုတာတော့အခုမေးကြည့်ရမယ်။ ဖုန်းနံပတ်လေးရခဲ့တယ်.... ၀၉၂၅XXXXXX...................
အဲဒီနေ့ကနေစပြီး ကျနော် ဟာတစ်နေ့တစ်နေ့ MPT ကိုလုပ်ကျွေးတာ လုပ်ကျွေးတာဆိုတာလေ... တကယ်ဆို MPT က ကျွန်တော့ကို ဂုဏ်ပြု ဆုတွေတောင်ပေးသင့်တာ ( စကားချပ် ) ။ အကြောင်းမရှိအကြောင်းရှာပြီးဆက်.....လမ်းထိပ်က ဈေးပိတ်လည်းဆက် အိုဘားမား ခရီးသွားလည်းဆက် ဘေးအိမ်က ကြောင်မကြီးခလေးမွေးလည်းဆက် အိုဗျာ....တကယ်ကြီး အကြောင်းပြချက်မျိုးစုံနဲ့ဆက်တာပါဆို......သူလည်းကြာတော့ ဘယ်မူနိုင်တော့မလဲ..ဟဲဟဲ သိတယ်မလား ဒီလိုနဲ့ သူနဲ့ကျွန်တော် ချစ်သူတွေစဖြစ်ခဲ့တယ်....
တစ်ယောက်နဲ့တစ်ယောက် အတတ်နိုင်ဆုံး နားလည်မှု့ ပဲပေးနိုင်အောင်ကြိုးစားနေခဲ့ကြတယ်။ တစ်ခုလောက်ကြွားရဦးမယ် သူက ကျွန်တော့ထက် ၈ နှစ်နီးပါးလောက်ငယ်တယ်။ အခု ဆိုသူနဲ့ကျွန်တော်နဲ့ အိမ်ထောင်သက် (၂) နှစ် ပြည့်တော့မယ်။ ကြားထဲမှာ အဆင်မပြေတာတွေလည်းရှိခဲ့တယ်...ကြမ်းတမ်းမှု့ တွေလည်းရှိခဲ့တယ်....သာယာမှု့ တွေလည်းရှိခဲ့တယ်။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် တကယ်ကိုနားလည်မှု့  ကိုယ်ချင်းစာမှု့ တွေပေးနိုင်နေရင် ဒီအရာတွေကိုကျော်လွှားနိုင်မှာပါ...... အဆုံးထိဖတ်ပေးလို့ကျေးဇူးပါခင်ဗျာ
love story . done
ကျေးဇူးပါအကို
Bro, it is really great post.... why not in english version ... good job..
အမှန်တိုင်းပြောရရင် အရေးအသားအဆင်မပြေမှာဆိုးလို့ပြီးတော့ ပျင်းလို့ ဟီး
Steemit မှာ စိတ်ဝင်းစားစရာ အကြောင်းအရာ၊ ပြောချင်တဲ့ဇာတ်လမ်းတစ်ပုဒ် အဖြစ်အပြစ်လေးတွေ POST တင်တာ $ ရတယ်နော်။ ဟုတ်လား ကိုညီညီနိုင် အဲတာ ဘယ်သူကပေးတည်လည်း လင်းပြပါဦး
Steem ကပေးတာပါအကို
ဒါဆိုရင် ဘယ်လိုအကြောင်းအရာမျိုးတွေကို ရေးပြီးတင်သင့်သလဲ Vote တဲ့လူများမှ $ ရတယ်မဟုတ်လား
အဓိကကတော့ အခုလက်ရှိ trend ဖြစ်နေတဲ့အကြောင်း cryptocurrency တွေအကြောင်း နောက်ပြီး local traveling review စသဖြင့်ပေါ့အကို
နောက်ပြီးအကောင့်စဖွင့်ဖွင့်ချင်း umyatoo(25) လို့ပေါ်ပြီး အခု umyatoo(27)ပေါ်နေတာလေး ၇ှင်းပြပါဦး
Reputation scores ပါအကို။ အဲဒါက အကို vote ဘယ်လောက်ရခဲ့တယ်။ comment ဘယ်နှစ်ခုရတယ်ဆိုတဲ့အပေါ်မူတည်ပြီးတွက်တာပါ
မတ်တယ်ဟ အရေးလဲကောင်းတယ် အဆင်ပြေပုံရတယ် ကျွှိန်တော်ကတော့် မရေးတတ်ဆော့်ခက်တယ်ယ်ကွယ်
How nice!
အလွင့်ကြီး ဟ