အချစ်ဆုံး မို့ပါ အပိုင်း (34)

in #love7 years ago

အချစ်ဆုံး မို့ပါ
အပိုင်း (34)

ကောင်း အခန်းထဲ ထွက်လာကာအိမ်ရှေ့သို့
ကောင်းထွက်လာသဖြင့် ဦးအာကာ မေးလိုက်သည်။
"ကောင်း ဘယ်သွားမလို့လဲ"
"ကျုပ် ဦးအာဏာမိုးနဲ့ စာရင်း သွားရှင်းမလို့"
"ဘာကိစ္စကြောင့်လဲ ကောင်း"
"ကျွန်တော်အမေ သေတာ ရိုးသားမှုမရှိဘူး အဲ့ဒီလူယုတ်မာ
သတ်ခဲ့တာ"
"ဘာ သေချာလို့လားကောင်း"
"ဒီမှာသက်သေ"
ကောင်း ဦးအာကာကို ကတ်လေးပေးလိုက်သည်။
ဦးအာကာ နဲ့သံစဉ် ဖွင့်ကြည့်ပြီး အံ့သြမှုများစွာ
"ကျွန်တေိာ ဒီလူယုတ်မာကို သတ်ရမှ ကျေနပ်မယ်"
ကောင်း အိမ်ရှေ့ထွက်လာပြီး ကားဆီသို့
ဦးအာကာနဲ့ သံစဉ် လိုက်တားနေသည်။
"စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ကောင်း မင်းသူ့ကို သတ်လည်း
မေက အသက်ပြန်ရှင်လာမှာ မဟုတ်ဘူး"
"ဒါဆို ကျွန်တော်က သူ့ အပြစ်ကို ဒီတိုင်း မသိချင်
ယောင်ဆောင်နေပေးရမှာလား အန်ကယ်ရဲ့ညီမို့
ကာကွယ်ပေးနေတာလား"
"မဟုတ်ဘူးကောင်း အန်ကယ်က အမှန်တရားရဲ့
ဘက်တော်သားပါ ပြောချင်တာက သူ့လို တန်ဖိုးမရှိတဲ့
လူမိုက်တစ်ယောက်ရဲ့ အသက်ကို သတ်ပြီး မင်းရဲ့
တန်ဖိုးရှိတဲ့ အနာဂတ်ကို ထောင်ထဲမှာဘဲ ကုန်ဆုံးတော့မှာလား
ဒီကိစ္စကို သက်ဆိုင်ရာ အပ်တာ ပိုကောင်းပါတယ်
စိတ်အေးအေးထားပြီး ဖြေရှင်းပါကောင်း"
ဦးအာကာ ပြောတာလည်း မှန်နေသလိုလို
"ဟုတ်ပါတယ် ကိုကိုရယ် စိတ်အေးအေးထားပြီး ဖြေရှင်း
ကြတာပေါ့နော်"

ခ အခန်းထဲ အပိတ် ခံထားရသည်မှာ တစ်ပတ်လောက်
ရှိနေပြီး ဘယ်သူနဲ့မှလည်း အဆက်သွယ်မရ
ဒါပေမဲ့ သူ့မှာအားကိုးစရာ လူတစ်ယောက်တော့ရှိသည်။
သူ့အခန်းကို အစောင့်တွေနဲ့ စောင့်ခိုင်းသည်။
ထမင်း စားချိန်မှ မိညို ဆိုသော အစ်မတစ်ယောက်က
ထမင်းလာပို့သည်။
"ဟာ 12 ထိုးပြီ မညိုလာတော့မယ်"
သူကြားလိုက်သည်။ အပြင်မှ စကားပြောသံ
မညိုအစစ်ခံနေရတာပါ တစ်ခုခုကြံစည်မည် စိုးသောကြောင့်
ဦးအာဏာ တင်းကျပ်စွာ ထိန်းချုပ်ထားသည်။
ခဏအကြာ မညို အခန်းထဲဝင်လာသည်။
"ဟာ မညိုရာ စောင့်လိုက်ရတာ အခြေနေ ဘာထူးလဲ"
"ဘာမှတော့ထွေထွေ ထူးထူး မဖြစ်ဘူး ဒါမဲ့ သခင်ကြီး
1က သခင်ကြီး 2အကြောင်း လိုက်စုံစမ်းနေတယ်လို့ကြားတယ်
သခင်ကြီး 2လည်း ဒီကိစ္စကို ထိန်းချုပ်ဖို့ တစ်ခုခု ကြံစည်
နေသလိုဘဲ "
"ဟုတိလား ဒါဆို မညို မသိမသာနဲ့ ဆက်စုံစမ်းထားပေးပါ"
"အေး အေး ခုတော့ ထမင်းစားလိုက်ဦး "
"ဟုတ် မညို ညနေ တစ်ခါ ပြန်လာရင် နောက်ထပ်သတင်း
တစ်ခုယူလာပေးရမယ်နော် "
"အေးပါဟယ် သခင်ကြီး2သာ သိရင် ငါအမှုတ်ကြိတ်ခံရမယ်"
"စိတ်မပူနဲ့ ဒယ်ဒီက မညိုနဲ့ ကိုမိုးမြင့်ကို အယုံကြည်ဆုံးဘဲ"
"အေးပါဟယ်စား စား ကြာနေရင် သူတို့ သံသယ ဝင်မယ်"
ခ နေ့လည်စာ စားလိုက်သည်။
ခ ထိုင်လို့ မရ ထလို့ မရနဲ့ ဖြစ်နေသည်။
စိတ်ပူတာထက်ကို ပိုသည်။
ကောင်း နဲ့ဝသာန် သတင်းတွေ စုဆောင်းနေသည်။
ကောင်း ဦးအာဏာဆီ ဖုန်းဆက်လိုက်သည်။
"သူဌေးဟဖုန်းလာတယ် "
"ဘယ်သူလဲ "
"ကောင်း လို့ပြောပါတယ်"
"ကောင်း ဟုတ်လား ပေးစမ်း"
ဦးအာဏာ ဖုန်ကိုင်လိုက်သည်။
"ဟဲလို ဦးအာဏာမိုး ခင်များ အခု ခံနိုင်ရည် ရှိအောင်
ကြိုးစားထားပေတော့ ခင်များအလှည့်ရောက်ပြီး"
"ငါက ဘာလုပ်ထားလို့ ခံနိုင်ရည် ရှိအောင် ကြိုးစားရမှာလဲ"
"အဟက် သူတော်ကောင်း ယောင်ဆောင်နေတာဘဲ
ဒါမဲ့ ဘယ်လိုလုပ်မလဲ ခင်များလုပ်ရပ် အကုနိလုံးကို
သက်သေက ထင်သာမြင်သာအောင်ဟဖော်ထုတ်ပါလိမ့်မယိ
ကျွန်တော့်အကြောင်း သိတယ် မလား ပြောရင် ပြောတဲ့အတိုင်းလုပ်တယ်"
"စမ်းကြည့်လိုက်ပေါ့ကွာဟငါကလည်း အငြိမ်ခံနေမှာ
မဟုတ်ဘူး"
"ရပါတယ် ခင်များကာကွယ်ပိုင်ခွင့်ရှိတယ် ဒါဘဲဗျာ "
ကောင်းဖုန်းချလိုက်သည်။ မျက်နှာမှလည်း အပြုံးတစ်ခု
"ခင်များလုပ်ရပ်တွေ အတွက် ခံနိုင်ရည်ရှိအောင် ကြိုးစားထားတော့"
ဦးအာဏာ ပေါက်ကွဲနေမိသည်။
ဒီလောက် အကွက်ကျစီစဉ်ထားရက်နဲ့ ဖြစ်အောင်
မလုပ်သော သူ့လူတွေက်ု ဒေါသထွက်နေမိသည်။
"သူဌေး ဘယ်လိုလုပ်ကြမလဲ"
"ငါတို့ လုပ်ရက်တွေကို မဖော်ထုတ်နိုင်အောင် သူတိုရဲ့
အားနည်းချက်ကို ချုပ်ကိုင်ထားမှ ဖြစ်မယ် "
"ဒါဆို ဘယ်လိုလုပ်ရမလဲ သူဌေး"
ဦးအာဏာ စဉ်းစားလိုက်သည်။
"ဟာ ဟုတ်ပြီ ပြန်ပေးဆွဲဖို့ စီစဉ်တော့"
"သံစဉ်အိမ်ကိုလား သူဌေး "
"ဟုတ်တယ် မနက်ဖြန် သူအပြင်ထွက် တာကို စောင့်ကြည့်ထား
လူလစ်တာနဲ့ လုပ်ငန်စ"
"ဟုတ် ဘယ်နေရာ ခေါ်သွားရမှာလဲ "
"မြို့ပြင်က ဂိုထောင်ကို"
"ကောင်းပါပြီ သူဌေး"
သူတို့ ပြောနေတာကို အပြင်မှ ချောင်းနားထောင်နေသော
သူတစ်ယောက်
ညနေစာ ပို့ဖို့ မညို ခ ဆီသို့ လာခဲ့သည်။
အစစ်ဆေး ခံပြီးနောက် ခ အခန်းထဲဝင်လာသည်။
"မညို မြန်မြန်လာ ဘာထူးလဲ"
"ထူးတာတော့ အကြီးကြီး ထူးတယ် ခရေ"
"ပြောပါဦး စိတ်တွေတောင် လှုပ်ရှားလာပြီ"
"သခင်ကြီး2က မမလေးသံစဉ်ကို ပြန်ပေးဆွဲဖို့ ပြင်နေတယ်"
"ဘာ"
"တိုးတိုးလုပ်ပါ "
မညို ခရဲ့ ပါးစပ်ကို လက်နဲ့ အုပ်ထားလိုက်သည်။
"ဘယ်တော့လဲ မညို "
"နက်ဖြန်ပြောတယ် "
" ဟာ ဒါဆို အကြောင်း ကြားထားမှ ဖြစ်မယ် မညို
ကိုကောင်းကိုံဒီကိစ္စ သွားပြောပေးပါလား"
"ဟာ မိုးချုပ်နေပြီ ပြီး သဘက်ခါမှ အပြင်ထွက်ရက်လေ
မညို အပြငိမထွက်ရတာ သိသား"
"ဒါဆိုဘယိလိုလုပိမလဲ "
"သဘက်ခါမှ မညို သွားပြောလိုက်မယ်လေ ပြီးခကို
အပြင်ထွက်လို့ရအောင် ကူညီပေးမယ်"
"ဒါပေမဲ့"
"စိတ်မပူပါနဲ့ သူတို့က ပြန်ပေးဆွဲတာ သတ်မှာမဟုတ်ဘူး
ချကိချင်းကြီးလည်း ကောင်းတို့ က သက်သေတွေပေးမှာ မဟုတ်ဘူး
ပြီး ပြန်ပေးဆွဲမဲ့ နေရာ မညို သိထားတယ်"
"ဟုတ်လား ဘယ်နေရာလဲ"
"မြို့ပြင်က သိုလှောငိရုံ"
"ကောင်းပြီ မညို တာဝန်ကျေတယ် ကျွန်တော့်ကို ဒီက
လွတ်အောင်သာ မြန်မြန်ကူညီပေး"
"အေး မြန်မြန်စား ကြာနေရင် သူတို့ သံသယဝင်လိမ့်မယ်"

သံစဉ် အခန်းထဲ ထိုင်နေရင်း တံခါးခေါက်သံကြောင့်
"ဝင်ခဲ့ပါ aww ကိုကို လာလေ"
"ကိုယ်မင်းကို ပေးစရာရှိတယ် ရော့ "
"ဟင် နာရီပါလား"
"အဲ့နာရီထဲမှာ အသံဖမ်းစက် ထညိ့ထားတယ် "
"ဟုတ်လား ကျေးဇူးပါ ကိုကို"
"ရပါတယိ ကိုယ်ပြန်တော့မယ် ကိုယ် အလုပ်ရှိသေးတယ်"
"ဟုတ် gn ကိုကို"

သံစဉ် ဒီနေ့ အိမိမှာ နေရပျင်း၍ shopping ထွကိရန်
ဆုံးဖြတ်လိုက်သည်။အဖော်ကလည်းမရှိ
နေကလည်း ခုတလော ပျောကိနေကာ ဆောင်းဆီရောက်နေသည်။
သဘောရိုးနဲ့ သွာကူညီနေတာပါ နေကို မတွေ့သောကြောင့်
တစ်ယောက်ထဲသွားရန် ဆုံးဖြတ်လိုက်သည်။
သူမ တစ်ယောက်ထဲ အပြင်ထွက်သွားသည်။
သူမကို စောင့်ကြည့်နေသော လူတစ်စု
သူမ ကားကို ပါကင်ထိုးပြီး ဈေးဝယ်ရန် အပေါ်တက်သွားသည်။
သူမ တစ်ယောက်တည်းပါ နေကလည်း ဆောင်း
နင့်အတူ ဈေးဝယ်ထွက်လာသည်။
သံစဉ် နေနဲ့ ဆောင်းကို မြင်သောအခါ တစ်မျိုးအတွေးနဲ့
အထင်လွဲပြီး သူမ ပိုက်ဆံရှင်းပြီး သူတို့နဲ့ ဝေးရာ
ထွက်လာခဲ့သည်။နေ သံစဉ် အထင်လွဲသွားပြီ ဆိုတာ
သိ၍ သံစဉ် နောက် ပြေးလိုက်သွားသည်။
ဆောင်းကတော့ ငူတူတူနဲ့ တစ်ယောက်တည်းကျန်နေခဲ့သည်။
သံစဉ် ကားပါကင်သို့ ပြန်လာစဉ် နာခေါင်းထဲဝင်လာသော
အနံ့တစ်ခု နေသေချာမြင်လိုက်သည်။
"ဟေ့ ခင်မျာတို့ဘာလုပ် အ "
နေ သူ့ခေါင်းကို တစ်စုံတစ်ယောက်က ရိုက်လိုက်တာပါ
အစက နေက ကိစ္စထဲ မပါပေမဲ ခုသူက မျက်မြင်သက်သေ
ဖြစ်၍ သူပါ ကိစ္စထဲ ပါသလိုဖြစ်သွားသညါ။
"သူတို့ကို ကားပေါ် မြန်မြန်တင်"
သူတို့နှစ်ယောက်ကို ကားပေါ် အမြန်တင်ပြီး မြို့ပြင်
သိုလှောငိ ရုံသို့
မိုးမြင့် ဦးအာဏာ ဆီ ဖုန်းဆက်လိုက်သည်။
"သူဌေး ပြန်ပေးဆွဲပြီးပြီ ကျွနိတော်တို့ လုပ်ရပ်ကို နေဆိုတဲ့ ကောင်
မြင်သွားလို့ သူ့က်ုပါ ဖမ်းခေါ်လာတယ်"
"ကောင်းတယ်"
ဦးအာဏာ ကောက်ကျစ်စွာ ရယ်လိုက်သည်။
"ဟားဟား ဟားဟား "
သူကောင်းဆီ ဖုန်းဆက်ပြီး ခြိမ်းခြောက်ရန် ဖုနိးဆက်လိုက်သည်။
ကောင်း ဦးအာဏာ ဆီမှ ဖုန်းဖြစ်၍ ကိုင်ကာ
"ဘာလဲ ကိုယ်တိုင်ဟအပြစ်ဝန်ခံမယ်လို့ ဆုံးဖြတ်ထားပြီလား"
"ဟား ဟား အတွေးမစောပါသေးနဲ့ ငါက ဒီလောက်နဲ့
ကျရှုံးမဲ့သူ မဟုတ်ဘူး နားထောင်ပါ
ခုငါသံစဉ်နဲ့ နေကို ပြန်ပေးဆွဲလိုက်ပြီ နောက်သုံးရက်
အတွင်းမှ မငိးတို့ရထားတဲ့ သက်သေတွေ ငါ့ဆီ မအပ်ရင်
သူတို့ အလောင်းကောက်ဖို့ ပြင်ထားပါ "
"ဘာ ခငိများ ဘာပြောတယ်"