ဆွစ်ဇာလန်နိုင်ငံ၏ အကြီးမားဆုံးဘဏ်မှ သုံးစွဲသူများထံ Crypto ဝန်ဆောင်မှုကို ပေးဆောင်ရန် မရှိသေးsteemCreated with Sketch.

in #msu6 years ago

မေ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Cointelegraph ၏ သတင်းတစ်ခုတွင် UBS ၏ Chairman ဖြစ်သူ Alex Weber မှ ဆွစ်ဇာလန်နိုင်ငံ၏ အကြီးမားဆုံးဘဏ်သည် သူ၏ Customers များကို Bitcoin နှင့် အခြားသော Cryptocurrencies များ အရောင်းအဝယ်ပြုလုပ်သော ဝန်ဆောင်မှုကို လတ်တလော ပေးဆောင်ရန် အစီအစဉ် မရှိသေးကြောင်း ပြောကြားခဲ့သည်။ထိုကဲ့သို့ ဝန်ဆောင်မှု မပေးရခြင်းမှာ Cryptocurrencies များ၏ မူမမှန်သေးသော ငွေကြေး လွှဲပြောင်းမှု ပုံစံများကြောင့် မလိုလားအပ်သော ပြသာနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း Weber မှပြောကြားခဲ့သည်။
download (16).jpeg

ဆက်လက်၍ Weber မှ Cryptocurrencies များသည် ဈေးနှုန်း အတက်အကျ မြန်လွန်းမြင့်လွန်းခြင်း အဆိုးဆုံးအနေဖြင့် ငွေမည်း ခဝါချမှု, ငွေကြေး လိမ်လည်မှု, မှောင်ခိုဈေးကွက်များတွင် အသုံးပြုလွန်းမှု နှင့် အတက်အကျ မြန်ဆန်ခြင်းကြောင့် ငွေပေးချေမှု တစ်ရပ်အဖြစ် အသုံးပြုရန် အခက်အခဲများ ရှိနေသေးပြီး ငွေကြေးတစ်ခု၌ ရှိသင့်ရှိထိုက်သည့် ဂုဏ်အဂါင်္များနှင့်လည်း မပြည့်စုံသေးသောကြောင့် ဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

သို့သော် Weber မှ Cryptocurrencies များကြောင့် ထွက်ပေါ်လာသည့် Blockchain နည်းပညာကိုမူ ချီးမွမ်းခဲ့ပြီး အဆိုပါ နည်းပညာ၏ ပိုမိုတိကျ မြန်ဆန်ပြီး လုံခြုံစိတ်ချရသော လုပ်ဆောင်ပုံများသည် ဘဏ်များ, ရှယ်ရာရှင်များနှင့် သုံးစွဲသူ ပြည်သူလူထု များအတွက် များစွာသော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

Source:Cointelegraph

Author : @daviddkl
ကျွန်တော့် ပို့စ်ကို ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။Cryptocurrency နှင့်ပတ်သက်သော နောက်ဆုံးရ သတင်းမျာကို ဆက်လက်ရေးသားပေးပါ့မယ်။ကျွန်တော်နှင့် Facebook တွင် သူငယ်ချင်းဖြစ်လိုပါက
https://www.facebook.com/yenaing.htwe.148

MSU 052