Woman Walks Ahead (2017) အညွှန်း

in #msu6 years ago

Rating အနေနဲ့ 5.6 သာ ရရှိထားပေမယ့် အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းနောက်ခံ Biography ဇာတ်ကားလေးတစ်ကားညွှန်းချင်ပါတယ် သမိုင်းနောက်ခံကားတွေ အရိုက်များတဲ့ ဒါရိုက်တာ
Susanna White ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီး Sci-fi ကား Interstellar ထဲက မင်းသမီး Jessica Chastain အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းပုံစံလေးကတော့..
နယူးယော့ခ်မြို့ကနေပြီးတော့ ဒါကိုတာမြို့ဆီကိုရောက်ချလာတဲ့ပုံတူပန်းချီဆရာမလေးကတ်သရင်းဝယ်ဒန်
ဒီနယ်မြေမှာအင်ဒီးယန်းတွေရဲ့နယ်မြေကိုအပိုင်သိမ်းဖို့ကြိုးစားနေတဲ့မျက်နှာဖြုလူစုကြားထဲမှာ
ကတ်သရင်းတစ်ယောက်မိန်းမသားဖြစ်တာနဲ့အညီ
ဖိနှိပ်ခံပြောဆိုဆက်ဆံမှုတွေကိုရောက်ရောက်ချင်းမှာပဲ
ကြုံတွေ့ခံစားလိုက်ရပါတော့တယ်
သူ့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့အင်ဒီးယန်းတို့ရဲ့ခေါင်းဆောင်စစ်တင်းဘောလ်ရဲ့ပုံတူကို
ရေးဆွဲခွင့်မရနိုင်တော့တဲ့အပြင် မြို့ကနေပါနှင်ထုတ်နေတာကြောင့်ကြံရာမရဖြစ်နေပါတော့တယ်
ဒီအချိန်မှာ သူ့ရဲ့ရည်ရွယ်ချက်ကိုအောင်မြင်စေမဲ့အကြောင်းတရားတစ်ခုဖန်လာခဲ့ချိန်မှာတော့...
ကတ်သရင်းအတွက်တော့ အင်ဒီးယန်းမျိုးနွယ်စုတွေရဲ့အဖိအနှိပ်ခံ အနိုင်ကျင့်ခံရတဲ့အမှန်တရားတွေကိုသိလာရပြီးတဲ့နောက်မှာတော့ သူတို့နယ်မြေကိုမသိမ်းပိုက်ခံရဖို့ကြိုးစားပေးပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်
၁၉၀၀ပြည့်နှစ်တွေကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်
အင်ဒီးယန်းလူမျိုးစုတွေရဲ့ဓလေ့စရိုက်တွေကိုပါ ထည့်သွင်းရိုက်ကူးထားပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

သတိပေးလိုတာကတော့ ဒီလိုကားမျိုးဟာ ကြည့်လေ့ကြည့်ထမရှိရင် မကြည့်တတ်ရင် အရမ်းပျင်းဖို့ကောင်းပါတယ်။ အဲ့ဒါကြောင့် မိမိဟာ စိတ်အပန်းပြေရုံသပ်သပ် အက်ရှင်ကားတွေ နည်းနည်းမြူးတဲ့ကားမျိုးကြိုက်သူတွေဆို ဒီကားကို မကြည့်ပါနဲ့ ဒီကားဟာ စိတ်အပန်းပြေဖို့ထက် စိတ်ကို ပိုမိုပင်ပန်း မွန်းကြပ်သွားစေမယ့်ကားမျိုး ဖြစ်နေလို့ပါ

Myo Khant
MSU-063

Photo Credit: https://www.imdb.com/title/tt5436228/mediaviewer/rm3842723584

Sort:  

ဒါဆို ငါနဲ့မကိုက်လောက်ဘူး အိပ်ပျော်သွားနိုင်တယ်

ကုလားကားမိုက်တယ် ပေးမယ်

UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Hi @jameshlaing, you have passed our validation. To finalize your registration go to the following url and grant @Upvotebank access to use your vote - https://steemconnect.com/authorize/@upvotebank?scope=vote

ကြည့်တတ်လျှင်အရာအားလုးံကောင်းမှာပါ

ဟုတ်ကဲ့ reply မပြန်မိတာ တောင်းပန်ပါတယ်ဗျာ ကျနော် နာရေးလေးရှိလို့ ဒီဘက်ကို လုံးဝမလှည့်ဖြစ် ဖြစ်သွားလို့ပါ

Video review ​တွေလုပ်​ရင်​....
အောက်​က​နေ downlord link ​လေး​တွေပါချ​ပေးနိင်​ရင်​ပိုအဆင်​​ပြေမယ်​ဗျ။ကြည့်​ချင်​တဲ့သူ​တွေအတွက်လွယ်​ကူတာ​ပေါ့ဗျာ။

ruleနဲ့ ညိမယ်ထင်လို့​ချမပေးတာပါ
reply မပြန်မိတာ တောင်းပန်ပါတယ်ဗျာ ကျနော် နာရေးလေးရှိလို့ ဒီဘက်ကို လုံးဝမလှည့်ဖြစ် ဖြစ်သွားလို့ပါ

ရပါတယ်​.
Rule နဲ့မငြိပါဘူး။
Video link ကို မူရင်းပိုင်​ရှင်​ရဲ့linkကို
Original link - (link)
အဲ့လိုချ​ပေးလိုက်​ပါ။
ကိုယ်​ကူးယူထားတဲ့page acc
တခုလုံးထည့်​​ပေးလိုက်​ပါ:-)

ဇာတ်​ကား​လေး​ကောင်းမယ့်​ပုံပဲ

ကောင်းလဲကောင်းတယ် နည်းနည်းလဲအေးတယ် ဟီး
reply နောက်ကျတာ တောင်းပန်ပါတယ်ဗျာ ကျနော် နာရေးလေးရှိလို့ ဒီဘက်ကို လုံးဝမလှည့်ဖြစ် ဖြစ်သွားလို့ပါ

ကြည့်​မယ်​ဗျို့

နည်းနည်းတော့အေးတယ်ဗျ

ဟုတ်ကဲ့ ကျေးဇူးပါခင်မျာ

Congratulations @myokhant! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Russia vs Croatia


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!