ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်
Steemit အဖွဲ့ ဝင်များအားလုံး မင်္ဂလာပါလို့
နှုတ်ခွန်းဆက်သပါတယ်ခင်ဗျာ။အားလုံးပဲ
ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ဆန္ဒပြုပါတယ်။ စာလည်းမရေးဖြစ်တာကြာပိုစ့် လည်း မတင်ဖြစ်တာကြာနေတော့ ဘယ်ကစရေးရမယ်မှန်းတောင်မပြောတတ်တော့ဖူး။ အရှိန်လေးရနေတုန်းကတော့ အဟုတ်သား။ ခုပြန်ရေးပြန်တော့ စိတ်က စိုးရိမ်မှုအပြည့်ငါရေးတာ အဆင်မှပြေပါ့ မလား။ ဖတ်တဲ့သူတွေက ကိုယ်ဒီလိုရေးတင်လိုက်ရင် ကိုယ့်ကိုများ ဝိုင်းရယ်ကြမလား စိုးရိမ်မှုများစွာနဲ့  ရန်ဖြစ်စမရှိတော့ ရန်ဖြစ်ရမှာကြောက်နေသလိုလို ၊ ရည်းစားနဲ့ချိန်းမတွေ့ ဖူးတော့ ချိန်းတွေ့ ရမှာစိတ်လှုပ်ရှားနေသလိုလို စတဲ့ခံစားမှုမျိုး ။ ယုံကြည်မှု အားနည်းတယ်ဆိုရမှာပေါ့ ။ဘာဖြစ်ဖြစ်ပါ steemit အဖွဲ့ ဝင်မန်ဘာများအားလုံး နားလည်ပေးနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ခုလထဲ စာမရေးဖြစ်ဖူးဆိုတာထက် ခရီးသွားနေတာကပိုများတယ်ဆိုရမယ်။ နေရာတစ်ခုသွားလိုက်တာ နေရာသုံးလေးခု ရောက်ဖြစ်ခဲ့တယ်။ ထမင်းစားနေရင်း ငြုပ်သီးလိုလို့ အိမ်နောက်ဖေးက ဆင်းခူးရင်း ရန်ကုန်ရောက်သွားတယ်ဆိုတာမျိုး 😃😃
ခုရက်ပိုင်းတော့ ကိုယ့်မွေးရပ်မြေကို ခနရောက်ဖြစ်ခဲ့တယ် ။ အမျိုးအဆွေတွေနဲ့ တွေ့ ဖို့ထက်ဘာလုပ်ရင်အဆင်ပြေမလဲ ။လက်ရှိလုပ်နေတာကရောအလားအလာကောင်းရဲ့ လား အင်ကွာရီ လုပ်ရင်းဆိုပါတော့ ။
အဲ့တော့ငယ်သူငယ်ချင်းတွေနဲ့ လည်းဆုံဖြစ်တယ်။ဆုံတော့လည်းထုံးစံအတိုင်းသောက်ကြ စားကြတယ်ပေါ့ ။စကားတွေစပ်မိစပ်ရာနဲ့  ပြောကြဆိုကြရင်းတဖက်ကဖုန်းလေးကိုင်လို့  လိုင်းသုံးဖြစ်တယ်။ လိုင်းသုံးနေတာ ကောင်မလေးတွေအများကြီးဖြစ်နေမှာပေါ့ ငါ့ကိုအလန်း လေးတစ်ကောင့်လောက်ပေးပါလားတဲ့ ။ ။ သူငယ်ချင်း တစ်ယောက်က အဲ့လိုပြောတယ် ။ ကျနော်အံသြသွားတယ်။ ပြီးတော့ တခု နား လည် လိုက်တယ်။ ရှေးရိုးစွဲတွေထဲက မထွက်နိုင်ကြသေးဘူးလို့ ။
နောက်တစ်ခုက
ကိုယ့်အရပ်နဲ့ကိုယ့်ဇတ်ပေါ့။
လိုင်းသုံးရင် လိုင်းပေါ်မယ် ရည်းစားထားတယ်။
ဖုန်းပြောကြတယ်။ viber သုံးရင်ကောင်မလေးနဲ့စကားပြောတယ်။ဖုန်းပြောကြတယ်။
အိမ်ထောင်ရှိသူကရည်းစားခိုးထားတယ်။အိမ်ထောင်မရှိသူက ရည်းစားပွေတယ်။ အဲ့လို ထင်မြင်နေကြတာ ။တခြားကိစ္စဘယ်သူမှမတွေးကြ တကယ်လည်းအကုန်လုံးက အဲ့လိုဖြစ်နေကြ တာ။ ညနေဆို ကမ်းခြေဆင်း ဖုန်းမီးတလင်း လင်း နဲ့ ပုဆိုးခြုံခြင်ကိုက်ခံပြီး အိမ်သူသိမှာ စိုးလို့ ခိုးကြောင်ခိုးဝှက် ချက်နည်းအဖုံဖုံ 😃😃
အိမ်သူက လိုက်လာ နရင်းရိုက်ဖုန်းကိုလွင့်ပစ်
ရန်ဖြစ်ကြလို့  တစ်ပတ်တန်သည်နှစ်ပတ်တန်သည်ကွဲနေကြတာမျိုးလည်းရှိရဲ့ ။ အိမ်သူက
တုတ်နဲ့ရိုက်လို့  ခေါင်းကွဲ ခေါင်းပေါက်ဆေးခန်း ရောက်သူတွေလည်းရှိရဲ့ 😃😃 နင်တောင်အဲ့လိုလုပ်သေးငါလည်းအဲ့လိုလုပ်မဟဲ့ .. ဆိုပြီး ကလေးတွေထားခဲ့ပြီး နောက်ယောကျာ်းနောက် ကောက်ကောက်ပါအောင် လိုက်သွားတာလည်း ရှိရဲ့ ...။ ခက်တော့ခက်စ်နေပြီ ..အော် ဖေ့စဘုတ်ရယ် 😃
ဒါနဲ့ပြန်ဆက်ရအောင် ..
အဲ့တော့ မဟုတ်ဖူး ငါဒီမှာ ပစ္စည်းလေးတွေဝရ်ရောင်းလုပ်နေတာ။မင်းကကွာ ဘေလ်ကုန်ခံပြီး အလုပ်ရှုပ်ခံနေတယ် ။ ဖုန်းကလိနေတာနဲ့ပိုက်ဆံရစရာလားတဲ့ ။ ရတော့ရော မင်းဘယ်လို ထုတ်မှာလည်း ။ အရူးသွားပြောတဲ့ ငါတို့အပြင်မှာ လုပ်နေတာတောင် ဝမ်းစာမှန်အောင်မနည်း ရှာနေရတာတဲ့။ ဖုန်းကလိတတ်ရုံနဲ့ ရရင်လူတိုင်း လုပ်နေမှာပေါ့တဲ့ ။ကလေးသွားပြောတဲ့ ။လော
လောဆယ် အလန်းလေးတစ်ကောင့်သာပေးပါတဲ့ ...။
ကောင်းရော..။ ။😃😃😃😃😃😃
လခွမ်း .. သူများတိုက်တဲ့အရက်လည်းမျိုဆို့ ထားသေးတယ်။ အရူးလို့လည်းအပြောခံလိုက်ရသေးတယ်။ ကံဇာတွေ မြင့်ပုံပြောပါတယ် 😃
ကျနော်ကလည်း တမင်တကာ
ထပ်ပြောလိုက်သေးတယ်။ လိုင်းပေါ်မှာပိုက်ဆံရအောင်စာလည်းရေးသေးတယ်ဆိုတော့ ။
သူတို့ကပြန်ပြောတယ်။လိုင်းပေါ်မှာစာရေးတိုင်း ပိုက်ဆံရမလားတဲ့။ ရတယ်လေဒီမှာကြည့်ဆိုပြီး steemit မှာတင်ထားတဲ့ ပိုစ့် သုံးလေးခု ပြလိုက်တော့ အဲ့တာတွေ မင်းဘယ်လို ထုတ်မှာလည်းတဲ့ ။ တကယ့်စာရေးဆရာတွေတောင်
Facebook ခေတ်မှာ အခြေနေမကောင်းတာ
ပြာပုံတိုးမနေပါနဲ့ကွာဆိုပြီး ပြောခံခဲ့ရတယ်။
သူတို့သောက်နေတဲ့ အရက်ဖိုးအွန်လိုင်းက
ရှာလို့  ရတဲ့ ငွေနဲ့  ဝယ်တိုက်ခဲ့တယ်ဆိုတာ သူတို့ မသိခဲ့ရှာဘူး။
ကျနော်လည်းကျွဲပါးစောင်း မတီးခဲ့တော့ဘူးလေ။
အားလုံးက ပညာတတ်ဘွဲ့ ရတွေချည်းပဲ။
ကိုယ့်တစ်ယောက်ထဲသာပညာက
တစ်ပိုင်းတစ်စ။ ပတ်ဝန်းကျင် ကြောင့်လား၊ ဗဟုသုတပိုင်းဆိုင်ရာအားနည်းတာလား၊ ဘဝ
ကို နိစ္စဓူဝ ရုန်းကန်ခြင်းမှာ အသားကျနေခြင်း လား စိတ်ပါဝင်စားမှုမရှိတာကြောင့်လား
ကျနော်မဝေခွဲ တတ်ခဲ့တော့ ။
Internet သုံးနေကြတဲ့ ခုခေတ်မှာ မိုဘိုင်း banking , wave money လိုငွေသွင်းငွေထုတ် အချိန်ပြည့်ဝန်ဆောင်မှုလုပ်ငန်းစတာတွေကိုမသိတာလား။
ကျနော်တို့ကရောထုတ်လို့မရတဲ့လုပ်ငန်းစဉ်
တခုကိုအချိန်ကုန်ခံဘေလ်ကုန်ခံပြီး အရူးဇတ်ခင်းနေမလားဆိုတာ သူတို့အနေနဲ့မတွေးမိခဲ့ဘူး
ထင်ပါတယ်။
Online searching money job ဒါဟာ
109-110 တွေ လုပ်နေတဲ့ သီးခြားအလွှာ
တစ်ခုပါ 😃 ကျနော့်ထင်မြင်ချက်ပါ။
အမှားအယွင်းရှိခဲ့ရင် တောင်းပန်ပါတယ်။
အလုပ်လုပ်ရင်းလည်း လုပ်လို့ရနေတယ်။
တကယ်တမ်း ထဲ ထဲဝင်လုပ်ဖြစ်သွားရင်
စိတ်အာရုံခံစားမှုက သူ့အပြင်ဘာမှမရှိ ။
Free claim လေးတွေနဲ့  စတင်ခဲ့တုန်းက
နှစ်ပတ်ကြာလို့  1$ လောက် coinbase ထဲ
ရောက်လာတယ်ဆိုရင်ပဲ ။ ပျော်ရွှင်ပီတီဖြစ်မှု
ကအတိုင်းမသိ။ လုပ်ဖူးသူတွေ အဲ့ခံစားမှုကို ကြုံဖူးမှာပါ။
အွန်လိုင်းမန်းနီးရှာတဲ့အလုပ်ဆိုတာ အချိန်ကုန်
တယ် ဘေလ်ကုန်တယ်။ risk ခံနိုင်ရမယ်။
Invest , hourly , hyip တွေရဲ့ အကျိုးကျေး
ဇူးတွေလေ။ လုံးလည်ချာလည်လိုက်ပြီးမျက်ကွင်းသာညိုလာတယ်။ အလုပ်မဖြစ် ။တကယ်တမ်းကျွမ်းကျင်သူတွေ ကတော့ ခိုင်မာတဲ့ market တွေမှာရင်းနှီးမြုပ်နှံပြီး တိုက်ဆောက်ကားစီး foreign ကို shopping ထွက်နေကြ
တာမျက်မြင်ပါ။ကိုယ်တွေကတော့ အဲ့နေရာ
ရောက်ဖို့ စိတ်ကူးယဉ်နေရုံမှတပါး။ 😃😃😃
တကယ်တော့ ကျနော်ခရီးသွားတာ ရုတ်တရက်
ဖြစ်သွားခဲ့တဲ့အစီစဉ်ပါ။သူငယ်ချင်းတစ်ယောက်ကလည်း အလုပ်ကိစ္စ မကြည့်တာ ၊ မလာတာကြာလို့ လာကြည့်ဖို့  ပြောထား
တာရယ် ။ကျနော်ကလည်း နှစ်စဉ် ဒီအချိန်သွား
နေကျဆို တော့ ရောက်ဖြစ်ခဲ့တာပါ။ဒီနှစ်တော့
ငွေကြေးအခြေနေအရမသွားတော့ဘူးနေပေမယ့် သွားဖြစ်လိုက်တယ်ပေါ့ ။
ပိုက်ဆံတကယ်မရှိပါဘူး။ လမ်းသွားရင်း ထရိတ်လုပ်ထားတဲ့ coin လေးတွေရယ်
ရထားတဲ့ steem လေးတွေကို အဆင်ပြေ
သလို ထုတ်ရောင်းရင်း၊ ပွားရင်း စရိတ်
လုပ်ခဲ့ရတာပါ။ မညာပါဘူး ခရီးစဉ်တခုလုံး
ကို ထရိတ်က ရတဲ့ ငွေနဲ့သွားခဲ့ တာပါ။ခါတိုင်း
တော့ အဒေါ်ဆီ လိုသလောက်ဆွဲ စိတ်ကြိုက်
အမုန်းသုံးနောက်မှ ပြန်ပေးပေါ့။ ဒီတစ်ခေါက်တော့ တခြားဘယ်သူ့ဆီကမှ မယူခဲ့ပါဘူး။
ကံမကောင်းတာတခုကတာ့ ကိုယ်သွားမိတဲ့နေရာကကိုယ်ကိုင်တဲ့ကဒ်နဲ့  အင်တာနက်
လိုင်းကမမိတော့ နစ်နာမှုတွေရှိခဲ့ပါတယ်။
အော်လဒူ နဲ့ မပုတင်ပဲ သုံးလို့ ရတဲ့နေရာ။ ဘေလ်တုတ်ချက်က တော့ပြောမယုံကြုံမှသိ။ တကယ်လက်လန်တယ်။
ဖုန်းအားသွင်းရတာကလည်းအဆင်မပြေ။
မပြေတာတွေကများနေတယ်။ ကုန်ကုန်ပြော
ရရင် အရက်တောင်လားတိုက်တဲ့ အရက်ပဲ
သောက်ခဲ့ရတယ်။ အရက်နာမည်က စိတ်ပျက်စရာ အာမီ 😃😃😃
မြို့ နယ်ခွဲလို့ ဆိုင်းဘုတ်ထောင်ထားတာတော့တွေ့ ခဲ့ မိပါတယ်။ ဘာသဘောလည်းတော့ စဉ်း စားမရ ။ ကိုယ်ဉာဏ်မမှီခဲ့တာပဲနေမှာပါလေ။ 😑😑 ပြန်လာကာနီးတော့ ဆိုင်းဘုတ်ကို တစ်ချက်ကြည့်ခဲ့မိသေးတယ်။ ဖုန်တွေကိုတက်လို့ 
😜😜😜
..........
MSC - 048
Author - @ahkhayar
Image facebook and ahkhayar
အားပေးနေပါတယ်@ahkhayar
ကျေးဇူး
ဘဝတူတွေပါ :-)
ကြုံရဆုံရ လူ့ ဘပေါ့ 😃😃
aww ငွေနောက်လိုက်နေရတယ်လေ
ဒါတော့ လူ တိုင်းအတွက် တာဝန်တခုလေ 😃
အရင်ကဆို bitcoin လေးတွေ free ရှာ၊ တစ်လလောက်နေလို့ ရလာတာက 5$ လောက်၊ ကုန်သွားတဲ့ ဖုန်းဘေက သုံးသောင်း
😂၊ ဒါပေမယ့်လည်းပျော်တယ်။
ဆုံးရှုံးတာမမြင်
ရတာကိုပဲမြင်ပြီး
ပျော်မဆုံးမော်မဆုံးကြွားမဆုံး
ဖြစ်ခဲ့ဖူးပါသည် 😃
တကယ်လုပ်ကြည့်တော့သူလည်းအချိန်ပေးရတာရယ်..
သေချာလေးလုပ်ချင်မိတော့ အာရုံစိုက်မှရတာ
ဟုတ်ပ ..
me too , fighting
Thank you !
5ting
Thank you !
အားပေးနေပါတဟ် good post
ကျေးဇူးပါဗျာ
အားပေးနေပါတယ် bro
အားပေးနဲ့  voteပေး 😛😛😛
ကျွန်တော်တို့ အရပ်မှာကျတော့ တစ်မျိုးဗျ သိလား
လင်းဦးလေ