ဆုံးဖြတ်ချက်တခု
ရှုပ်ပွနေတယ်။
တွေးစရာအတွေးတွေတပုံတပင်
ဒါပေမယ့် ဘာမှတွေးမရ
ရှုပ်ပွနေတယ် ဆိုတာအဲ့တာ
စိတ်မှာလား၊ အတွေးမှာလား၊ ဦးဏှောက်မှာလား။ ဘယ်နေရာမှာ ဘာမှားနေတာလည်း အတွေးသွားမယ့်လမ်းကြောင်းက ဘာကြောင့် jam ဖြစ်နေတာလည်း ။
သစ်တစ်ပင်ဟာ တောတစ်အုပ်ကို ဖြစ်စေနိုင်တယ်။ သစ်တစ်ပင်ကောင်းငှက်
တစ်သောင်းနားနိုင်တယ် ။ ဒါပေမယ့် ကျုပ်မှာတော့ ကိုယ်တိုင်အပင်ဖြစ်ဖို့ နေနေသာ သာ ဘယ်အကိုင်းနားရမယ်မှန်းမသိ
အသက်က စကောစက၊ ပညာကတစ်ပိုင်း တစ်စ၊ အတတ်ပညာက မယ်မယ်ရရမရှိ ။
အလုပ်အကိုင်က ခေတ်စကားအရ (109-110)
အစမကောင်းခဲ့တော့အနှောင်းမသေချာ
ဝိုးတဝါးနဲ့ဖြတ်ကျော်ခဲ့မိသောနေ့ရက်တွေကများပါဘိနဲ့  ။
အတိတ်ကရွှေထီး ပြန်တွေးတော့
ဘယ်လို မှန်းတောင်မစဉ်းစားတတ်။
မွဲတေမှု မှာ အသားကျနေခြင်းလား ။
ဒါဟာအတိတ်မေ့ရောဂါလား ။
အသိဉာဏ်တွေ အတွေးတွေထက်မြက်ခြင်းတွေ ဘာကြောင့်များပျောက်ဆုံးကုန်တာ
လည်း ။
တစ်ချိန်ကပေါ့ အားမာန်အပြည့် နဲ့  အရာရာကို စစ်ချီတေးတီးပြီး မြူးကြွသောခြေလှမ်းတွေနဲ့ ထိုက်သင့်တဲ့ အောင်မြင်မှုရယူခဲ့တဲ့ငါလား။ ဒါမဟုတ် အိပ်မက်ထဲများငါကျင်လည်ခဲ့လေသလား။ မတွေးတတ်။
ဘုရင့်နောင်ဖောင်ဖျက်ခဲ့ပေမယ့် ခုတော့ သစ်ပင်လည်းမဖြစ်နိုင် တောအုပ်လည်း မဖန်တီးနိုင် ငှက်တစ်သောင်းနားနိုင် အောင် လည်း အဖြစ်မရှိတော့ ။ ရှုပ်ပွနေတယ် ။ အတွေး တွေ တကယ် ပဲရှုပ်ပွနေတယ် ။
အရာရာဟာ မသေချာမှုတွေ နဲ့ ပြည့်နှက်နေတယ်။ စိတ်ကူးတွေ ခရီးသွားတိုင်း
ဦးနှောက်က ရူးချင်လာတယ် ။
ဆုံးဖြတ်ချက်မှားယွင်းခဲ့ ခြင်းကအရာရာကို
စိတ်ဓာတ်ကျခြင်း၊ အလိုမကျခြင်းတွေနဲ့ 
စိုးမိုးနေတယ်။ ဘယ်လိုပဲတည့်မတ်ပေမယ့်
မရနိုင်ခဲ့ ။
လူ့ ဘုံတစ်ခုမဟုတ်ပဲ ငရဲဘုံတစ်ခုမှာ ခံစားနေရ
သလိုဆုံးဖြတ်ချက်မှားခဲ့တဲ့လမ်း ငါဘယ်လိုမှ ဆက်မလျောက်ချင်တော့။ အင်အားလည်းမရှိ
သွေးလည်းမရှိတော့။ကြောက်စိတ်တို့မင်းမူ
လျှက် နှင့်သာ။
နူးညံ့ခြင်း၊ သိမ်မွေ့ ခြင်းတွေ လည်း မရှိလည်း စိတ်ချမ်းသာခြင်းတွေ ရှိတဲ့ အရပ်ဆီမှာသာ
စိတ်လွတ်ကိုယ်လွတ်အတွေးနယ်ချဲ့ နေချင်မိတော့တယ် ။
...
အသိလေးတစ်ခု ...
ဘဝမှာ ပြောင်းလဲမရတဲ့အရာတွေအတွက် ဆုံးဖြတ်ချက်မမှားဖို့ လို တယ်။ကိုယ်မှန်တယ်
ထင်ပေမယ့် တကယ်တမ်းတော့ မှားချင်လည်း
မှားနေတတ်တာမျိုး။လူ့ ပတ်ဝန်းကျင် ကလည်း
ကိုယ့်မသိနိုင်တဲ့ ဖိအားတွေစဉ်ဆင်မပြတ်ပေးနေတတ်တာကို သတိထားရမယ်။
...
Post by @ahkhayar
Image by google