စုန်းမပျို ပုံပြင်​ (The Witch Lady) အပိုင်း ၂

in #myanmar7 years ago

ယာခင်း​စောင့်​ရွာသားထိတ်​လန့်​သွားရခြင်းမှာ က​လေးငယ်​၏လည်​ဂုတ်​​ပေါ်ရှိသ​င်္ကေတတစ်​ခု​ကြောင့်​ဖြစ်​၏။ထိုသ​င်္ကေတကိုဒဏ်​ရာဟုရုတ်​တရက်​ထင်​သွား​သော​​ကြောင့်​လန့်​ခြင်း
ဖြစ်​သည်​။သ​င်္ကေတတစ်​ခုဟု​သေ​သေချာချာမြင်​ပီးမှက​လေးကိုစိတ်​ပူခြင်း​လျော့သွားသည်​။သို့​သော်​ထိုအရာဘာမှန်းယာ​စောင့်​ကြီးမှာမသိ​ချေ။ဤက​လေးကိစ္စရွာလူကြီးကိုအသိ​ပေးရမည်​ဟုအ​တွေး​ပေါ်လာ၍ယာ​စောင့်​ကြီးသည်​အချိန်​မဆိုင်း​တော့ဘဲရွာထဲသို့ပြန်​လာခဲ့​လေသည်​။က​လေးငယ်​​လေးကို
မူညအ​အေးဓာတ်​​ကြောင့်​ဖျားနာမည်​စိုး၍​သေချာရင်​ခွင်​၌​ပွေ့ပိုက်​ကာသယ်​လာခဲ့​လေသည်​။


ရွာလူကြီးအိမ်​သို့​ရောက်​​သော်​_
ယာ​စောင့်​ကြီး "သူကြီးမင်းခင်​ဗျာ သူကြီးမင်းရှိပါသလား"
ရွာလူကြီး :"ျဟ့ ဘယ်​သူလဲဟညကြီးအချိန်​မ​တော်​"
ယာ​စောင့်​ကြီး: "ကျ​တော်​ဖိုး​မောင်​ပ့ခင်​ဗျာ"
ရွာလူကြီး: "ဘာကိစ္စလဲကွ"
ယာ​စောင်​ကြီး: "ကျ​တော်​​အ​ရေးတကြီး​ပြောစရာရှိလို့ပါခင်​ဗျာ အ​နှောင့်​အယှက်​ ဖြစ်​သွားခဲ့ရင်​အားနာပါတယ်​သူကြီးရယ်​"
ရွာလူကြီး : "​ဘာများလဲဟ ဒါနဲ့လက်​ထဲကဘာကြီးလဲ က​လေးအနှီးလားလို့ပဲငါ မြင်​မိတာ"
ယာ​စောင့်​: "ဟုတ်​ပါတယ်​အဲ့ကိစ္စပဲေ ပြာချင်​လို့ပါခင်​ဗျာ"
ရွာလူကြီး" ​ဒါဆိုဒီအနှီးထဲက က​လေးလား! ဘယ်​သူ့က​လေးလဲဟမင်းမှာမိန်းမမရှိဘဲနဲ့ ဘှာုပှ်ုပ်​ယှက်​ယှက်​​တေလုပ်​ထားတာလဲကွာ"
ယာ​စောင့်​ : "မဟုတ်​ရပါဘူးသူကြီးရယ်​ ကျ​တော်​မဟုတ်​တာလုပ်​ထားတာမဟုတ်​ရပါဘူးဗျာ ကျ​တော်​ကဒီက​လေးကို​ကောက်​​တွေ့တာပါ"
ရွာလူကြီး : "​ဟမ်​ ဘာေ ပြာတယ်​ဟုတ်​ရဲ့လား​မောင်​ရင်​ရယ်​ ကျုပ်​တို့ရွာမှာက​လေးပစ်​တဲ့ထုံးစံမရှိဖူးပါဘူး ကြားလဲမကြားဖူးပါဘူး ကျုပ်​တစ်​သက်​"
ယာ​စောင်​ကြီး :" တကယ်​ပါသူကြီးရယ်​ ကျ​တော်​မလိမ်​ရပါဘူး အဲ့ထက်​ထူးဆန်းတာကဒီက​လေးရဲ့ဂုတ်​​ပေါကအမှတ်​လိုလိုဘာလိုလိုဟာပါ ကျ​တော်​လဲအ ဖြစ်​ကဆန်းကြယ်​လွန်း​နေလို့ သူကြီးဆီအမြန်​ဆုံးသတင်းလာပို့တာပါခင်​ဗျာ"
ရွာကြီး : " ဟုတ်​လားဟ ဒါ ဖြင့်​က​လေးကို ပြကြည့်​စမ်းပါ​မောင်​ရင်​ရယ်​ "
က​လေးကိုသူကြီးလက်​ထဲထည့်​လိုက်​၏။သူ ကြီးက​ရေနံမီး ခွက်​အလင်း​ရောင်​ ဖြင့်​ က​လေးဂုတ်​ကို​သေချာစွာကြည့်​​နေ၏။ ​ကြည့်​​နေရာမှ သူကြီး၏မျက်​နှာတစ်​ချက်​ပျက်​သွားပီး ပါးစပ်​အ​ဟောင်းသား ဖြစ်​သွားသည်​ကိုလဲ​တွေ့လိုက်​ရ​လေသည်​။
ယာ​စောင့်​ : "သူကြီးဘာများ​တွေ့လဲခင်​ဗျ စာလုံး​တွေလိုလို မြင်​ရ​ပေမယ့်​ ကျ​တော်​ကစာမတတ်​​တော့ဘာမှန်းမသိဘူး "
ရွာလူကြီး " အိမ်း ပါဠိစာလုံး​တေပါ​မောင်​ရင်​ ဒါ​ပေမယ့်​ကျုပ်​​တော့အဲ့စာလုံး​တေ​ကြောင့်​​ချွေးပါပြန်​လာတယ်​"
ယာ​စောင့်​ " ဘာ​တေမလို့လဲသူကြီးရယ်​"
ရွာလူကြီး : "​အိမ်း​ပြောရတာ​တောင်​​ကျောချမ်းတယ်
'ဥုံ​ဇော်​ဂနီ​ဒေဝါ တိဌတု' တဲ့
မြန်​မာလိုဆိုရင်​​တော့​ဇော်​ဂနီနတ်​တည်​ပါ​စေသတည်းတဲ့
မဖြစ်​​​တော့ဘူး​မောင်​ရင်​ ဒီကိစ္စကထင်​တာထက်​နက်​နဲသွားပီ
ငါတို့ရဲ့ နတ်​ဆရာကြီးကို​မေးကြည့်​မှဖြစ်​မယ်​ မင်းလဲတစ်​ခါတည်း ဆရာကြီးဆီလိုက်​ခဲ့ "
--------------×××-------------×××---------×××××××--------------
အပိုင်း(၃) ဆက်​ရန်​ image