လူတိုင်းအတွက် တစ်နေ့တာ

in #myanmar3 years ago (edited)

လူတို့၏အသက်တာကာလတွင် အချိန်တည်းဟူသောအရာသည်ကား အလွန်အရေးကြီးလှပေသည်။ ကြီးကြီးကျယ်ကျယ်လေသံပေါက်နေနိုင်သော်လည်း ထိုကိစ္စသည်အမှန်ပင်ဖြစ်သည်ကို သင်လက်သင့်ခံရပေလိမ့်မည်။

00.png

ကုန်လွန်လေပြီးသော အချိန်တို့ကို မည်သည့်နည်းနှင့် ပြန်ရနိုင်ပါသနည်း? မည်သည့်နည်းနှင့်မျှပြန်မရနိုင်ပါ။

အကျိုးတစ်စုံတစ်ရာမရှိပဲနှင့် ဖြတ်သန်းလာခဲ့ရတဲ့ မိမိတို့၏ ကုန်ဆုံးခဲ့လေပြီးသောအချိန်တို့သည် ဘယ်လိုနည်းမျိုးနှင့်မှ ပြန်လည်ရရှိနိုင်မည်မဟုတ်သောကြောင့် မိမိတို့၏ အချိန်များကို အကျိုးရှိရှိအသုံးချရမည်မှာ မိမိတို့၏ တာဝန်သာဖြစ်ပါသည်။

အချိန်ကို အကျိုးမဲ့ဖြုန်းတီးပစ်လိုက်ခြင်းသည်ကား အခြားသောအရာတို့ကို ဖြုန်းတီးပစ်လိုက်သည်နှင့် မတူကွဲပြားခြားနားလှပါသည်။ အခြားသောအရာတို့ ကုန်ဆုံးပျောက်ပျက်သွားခြင်းသည် ပြန်လည်ရရှိနိုင်သော်လည်း ကုန်ဆုံးသွားသောအချိန် တို့ကိုကား ပြန်လည်မရရှိနိုင်တော့ပါပေ။

ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် တစ်နေ့တာကာလ ညီတူညီမျှ ရရှိနေသော အချိန်တို့ကို အကျိုးမဲ့ အလဟဿ မကုန်ဆုံးစေပဲ မိမိတို့၏ ကျန်းမာရေးအတွက်သော်လည်းကောင်း၊ ပညာရေးအတွက်သော်လည်းကောင်း၊ စွားပွားဖြစ်ထွန်းရေးအတွက်သော်လည်းကောင်း၊ ကုသိုလ်ရေး၊ လူမှုရေး စသည်တို့အတွက် အကျိုးရှိရှိအသုံးချနိုင်ကြပါစေကြောင်း အကျိုးမျှော်လို့ နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း မြန်မာအမျိုးကောင်းသား အမျိုးသမီးကောင်းတို့

@ansoe


Time is very important in people's lives. It may sound loud, but you will find that it is true.
How can I recover my lost time? There is no way to get it back.

It is our responsibility to use our time wisely, as we will never be able to reclaim the time we have wasted without any benefit.

Waste of time is very different from wasting anything else. The loss of everything else can be regained, but the lost time can not be regained.

Therefore, we should not waste our equal amount of time each day for our own health and well-being. For education; For growth; Charity We, the good men and women of Myanmar, urge you to use it for the benefit of society.