ငါးမျှားခြင်း
လွန်ခဲ့သော ၄၊၅ရက်ခန့်က မိုးများ ဆက်တိုက်ရွာနေချိန်က ငါးမျှားခဲ့သည့်အကြောင်းလေး ရေးပါရစေ။
သူငယ်ချင်းတစ်စု မိုးများရွာနေ၍ လုပ်ငန်းသွးရန်မဖြစ်နိုင်သောအခု လက်ဖက်ရည်ဆိုင်၌သာ ဟေးလားဝါးလားနှင့် အချိန်ဖြုန်းနေကြလေသည်။
ရောက်တတ်ရာရာ စကားများပြောနေရင်းမှ
"ငါးသွားမျှားရအောင်ကွာ"ဟု ဇော်ထွန်းတစ်ယောက်မှ စတင်အဖော်ညှိလေသည်။
" ငါးကဆွဲပါ့မလားဟ မိုးရွာလို့ ရေတွေ ဒီလောက့များနေတာ" ကျွန်ုပ်လည်း စောဒကတက် ၍မေးလိုက်မိသည်။
"ဟ မင်းနဲ့ အ စရာမရှိ ကြံဖန် အ ပါ့ကွာ။မိုးရွာလို့ ရေကြီးတော့ မွှေးမြူရေးကန်တွေရေလျှံတယ်လေကွာ။ရေလျှံတော့ ကန်ထဲကမွှေးထားတဲ့ငါးတွေ လွတ်ကုန်တာပေါ့ဟ။ဒီအချိန်မျှားရင် အဲ့မွေးမြူးရေးကန်က လွတ်လာတဲ့ ငါးကြင်းတွေဘာတွေတောင်ရနိုင်သေးတယ်"
ဇော်ထွန်းရှင်းပြတော့လည်း ဟုတ်သလိုလိုပင်။
" ဖိုးဇော်မင်းရောလိုက်မှာလား"
"ငါလိုက်တော့လိုက်မယ်လေ။ငါးမျှားရင် ချိတ်မှာတီကောင်မတတ်ရဲဘူး။မင်းတို့တတ်ပေးလေ"
ဇော်ထွန်းမှတတ်ပေးမည် ဟုဆိုကာ သုံးယောက်သား ငါးမျှားရန် ငါးမျှားချိတ်များယူကာ ကန်လယ်ဘေးရှိ ချောင်းများစီသို့ ထွက်ခွာလာကြလေသည်။
ဤနေရာ၌ အကျိုးပေး၏မပေး၏ကား စကားပြောလာချေတော့သည်။
အရင်က ဇော်ထွန်းတစ်ယောက်တည်း ငါးမျှားလျှင် ငါးများအတော်ပင် ရတန်လေသည်။
ယခုအခါ ကျွန်တော်နှင့်ဖိုးဇော်ပါလာ၍လော၊ငါးတစ်ကောင်ရ ရန်ပင်အတော်လေးစောင့်နေရလေသည်။ တခြားသူများလည်း မိမိတို့ကဲ့ပင် ငါးမျှားနေကြသူများ အားတွေ့ရလေ၏။ထိုသူတို့ကား အဆင်ပြေလှပေသည်။ငါးများပင် အတော်အသင့်ရနေလေသည်။
မိမိတို့သာ အချိန်တော်ကြာသည်ထိ ငါးတစ်ကောင်မျှပင် မရသေးပေ။ထိုသို့နှင့်နေ့လည်ခင်း ထမင်းစားချိန်သို့ပင်ရောက်၍လာတော့သည်။
" ထမင်းစားပြန်လိုက်ဦးမယ်ကွာငါတော့"ဟု ကျွန်ုပ်ဆိုတော့ ဖိုးဇော်ပါ လိုက်မည်ဆို၍ နှစ်ဦးသား ပြန်လာကြလေသည်။ဇော်ထွန်းတစ်ယောက်သာ ငါးမျှားရင်းကျန်နေခဲ့လေသည်။
ကျွန်ုပ်တို့လည်း စားသောက်ပြီးစီး၍ ဇော်ထွန်းသား သွားရောက်ခေါ်ကြရလေသည်။
သူတစ်ယောက်တည်းမျှာသောအခါမှသာလျှင် ငါးများပင် အတော်ရရှိနေလေတော့သည်။
အကုသိုလ် အကျိုးပေးသည်ဟုပင် ဆိုရမည်လော။သူပင်ငါးများ အတော်ရနေသောအခါ ကျွန်ုပ်တို့လည်း အားတက်၍ ဒုတိယအကြိမ် ထပ်မံမျှားကြလေတော့သည်။
သို့သော် နာရီ၊မိနစ်တို့သာ ကုန်လွန်၍သွား၏။ငါးကား တစ်ကောင်တစ်မြီးမှ မရပေ။
ရေလှိုင်းရိုက်၍လောမသိပေ။ငါးကြင်းပေါက်တစ်ကောင်သည် မူးနေ၍ မိမိတို့အနားကမ်းစပ်ထိကပ်ကာ ဟိုပြေးသည်ပြေးဖြစ်နေလေတော့သည်။ငါးမျှားနေသည်မှာ တစ်ကောင်မှ မရမည့်အတူတူ ထိုငါးကြင်းပေါက်အား ကျွန်ုပ်နှင့် ဖိုးဇော်တို့ ဆင်း၍ဖမ်းကြတော့သည်။
တော်သေးသည်ဟုဆိုရပေမည်။ကျွန်ုပ်နှင့် ဖိုးဇော်တို့ နှစ်ဦးပေါင်းမှ ငါးကြင်းပေါက်တစ်ကောင်တော့ရရှိခဲ့သေး၏။
.
Crd-org-source
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ရလာတဲ့ ငါးလေး မစ္စတာချီးကို ပေးလိုက်ပါအေ ဝေစုလာခွဲတာနေမှာ
စေစုမတည့်😂
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.dreamtrips.com/trips
😐
@aunggyi100, go and place your daily vote for Steem on netcoins! http://contest.gonetcoins.com/
Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ကျေးဇူးပါပဲ
တွပ်ပီ ကံမကောင်းဘူးပေါ့
ဟုတ်ဦးယု
ငယ်ငယ်က ဝါသနာပါသော်လည်း ခုတော့ မလုပ်တော့ပါဘူး
Posted using Partiko Android
လုပ်နဲ့ ကောင်းဘူး အကို
တစ်နေ့တာ ပျော်စရာလေးပေါ့
ဝက်မတို့ ကြက်မတို့ ခုံးမ တို့ မိဘူးလား အောင်ကြီးရ ငါတောင် ငါးပြန်မျှားချင်စိတ်ပေါက်လာဘီနော် ငါးမျှားတဲ့အကြောင်းတွေဖတ်ဖတ်နေရတယ် ☺
ဟီးဟီး မမျှားပါနဲ့လေးစိုး
ဘာငါးတွေရလဲ
Posted using Partiko Android
ငါးကြင်းလေးတစ်ကောင်😂
ငါးကန်လေးကသာယာပါတယ်...
Posted using Partiko Android
ဟုတ် အမ