အချစ်

in #myanmar7 years ago

ခွေးသွားစိတ်လေးက ဝင်ရိုးကိုခင်တွယ်သလိုမျိုး
ဓါတ်ခဲလေးအမိန့်ကို စက်သွားလေး နာခံသလိုမျိုး
ကိုယ်က မင်းကို
အဲ့ဒီလို …

ကျောက်ချထားတဲ့ သင်္ဘောတွေဟာ
အချိန်တန်ရင် ကမ်းကခွာမယ်ဆိုပေမယ့်
ကိုယ်က မင်းရင်ခွင်ဆိပ်ကမ်းမှာ
တစ်ဘဝစာ ကျောက်ချရပ်နားမယ့်
သစ္စာတွေအပြည့်တင်ဆောင်ထားတဲ့ သင်္ဘောကြီးပါ

မြစ်ကူးတံတားကြီးကို မြင်ရဲ့လား
ဒါဆို
နားလည်မှုတံတားကြီးနဲ့
ကိုယ်တို့ ရင်ဘတ်နှစ်ခု
ပေါင်းကူးလိုက်ကြစို့ အချစ်။

__________________________¥____¥¥¥