အမုန်းတို့ဖြင့် စတင်သော အချစ်
"အမုန်းတို့ဖြင့် စတင်သော အချစ်"
part -2
"ခြယ်မုန်းရံ… ……"
ခေါ်သံက ခက်ထန်နေခဲ့သည်။
"ခြယ်……" တစ်ယောက် နားပါးဆီမှ
ခေါ်သံကြောင့် လှည့် ကြည့်မိသည်။မှောင်ရိပ်ကျနေသည်မို့ ဝိုးတိုဝါးတားသာ မြင်ရသည်။
"မင်းသေဖို့ အချိန်တန်ပြီ…
သေပေတော့ …"
ထို့လူမျက်နှာကို မမြင်ရ……ထို့လူက
လက်ကိုမြောက်လိုက်ပြီး သူမရဲ ရင်ဘက်ကို ဓားဖြင့် ထိုးလိုက်သည်။
"စွပ်.……"
"အားး ……"
ရင်ဘက်ထဲက စူးအောင့်တက်လာသည်။
ခြယ်…အသက်ရှုရတာ မဝတော့။
"သူမ …သူမ သေရတော့မှာလား …"
"ဟင်အင်း……ခြယ်……ခြယ် "
"တူ……တူ……တူ"
အဆက်မပြက် မြည်နေသော ဖုန်း မြည်
သံကြောင့် ခြယ် အိမ်မက်ဆိုးမှ လန့်နိုး
လာသည်။
"ဟူး ……"
ခြယ် သက်ပြင်းချရင်း ဖုန်းမြည်သံကို
ကျေးဇူးတင်မိသည်။ သူမကို အိမ်မက်
ဆိုးကြီးမှ လန့်နိုးခွင့်ပေးလို့……။
"တူ……တူ……တူ……"
ခြယ် ဖုန်းနံပါတ်ကို ကြည့်လိုက်တော့
မင်းခေတ် ဆီမှ ဖြစ်သည်။
"အင်း ……မင်းခေတ်လား…ပြော…"
"နင်အသံက ဘယ်လို ဖြစ်နေတာလည်း
…ခြယ်…… "
"ငါ…ငါ အိမ်မက်ဆိုး မက်လို့"
ခြယ်က ကြောက်ရွံ တုန်လှုပ်စွာ ပြောတော့ ………
မင်းခေတ်က ရီကျဲကျဲ လေသံဖြင့်……
"ဘာလည်း ……ယောကျာ်းယူလိုက်တဲ့
ဆိုတဲ့ အိမ်မက်လား ……"
"မင်းခေတ်………"
"အဟား ……ငါက နင်ကြောက်စိတ်တွေ့ ပျောက်သွားအောင် စတာပါဟာ ……
ဘယ်လို့လည်း "ခြယ်…" နင် အသင့် ဖြစ်နေပြီလား …"
"ဘာကို………ဟာ "
သူမ မင်းခေတ် စကားကြောင့် ဖျက်ခနဲ့
သတိရမိသည်က ဒီနေ့ဟာ သူငယ်ချင်း "မေခေတ္တာ"ရဲ့ မွေးနေ့ပွဲ …။
သူမ …နာရီကို လှမ်း
ကြည့်လိုက်တော့နံနက် 7:45……။
"ခြယ်……နင်အဆင့်သင့် ဖြစ်ရင်ပြော… ငါလာကြိုမယ်…"
"အင်း …ငါပြင်ဆင်ရအုံးမယ်… မိနစ် 20 လောက်ဆို ထွက်လာခဲ့တော့ ……"
"အိုကေ……"
"ဒါဘဲနော် ……မင်းခေတ်…"
"ခဏလေး …ခြယ်…နင်မက်တဲ့ အိမ်
မက်က ဘာလည်း …ငါသိချင်လို…"
သူမ မင်းခေတ် စကားကြောင့် အိမ်မက်ကို ပြန်သတိရသွားပြီး… ကျောချမ်းသွားသည်။
"နင်နဲ့ တွေ့တဲ့ အခါမှဘဲ ပြောပြတော့
မယ်…မင်းခေတ်…"
"အိုကေ…bye…… "
"အင်း …bye "ခြယ် ဖုန်း ချရင်း ရေချိုးခန်းထဲ ဝင်ခဲ့သည်။
မြန်မာလူကြီးတွေ့ရဲ့ အယူအဆ အရ
…အိမ်မက်ဆိုး မက်ရင် ကံမကောင်း
ဘူးဟု အယူရှိကြပေမယ် ခြယ်ကတော့
ဒါတွေ့ကို မတွေးနိုင်။
သွက်သွက်လက်လက်နှင့်ပင် မိတ်ကပ်
လိမ်းလိုက်သည်။ နဂိုလှနေပြီးသား ဖြစ်သော ခြယ် မျက်နှာပေါ်ကို ထွေထွေ
ထူးထူး ဘာမှသိပ်မလိမ်းခြယ်ရ……။
ချစ်စရာ ကောင်းလှသည် 'ခြယ်' ကိုယ်ပေါ်မှာ ပန်းနုရောင် ဇာဂါဝန် အတို လေးကို ဝတ်ဆင်လိုက်သည်။
ကျောလယ်မရှိတရှိ
ဆံနွယ်ခွေခွေ လိမ်လိမ်လေးတွေ့
ကို ဒီအတိုင်း ဖြန့်ချထားလိုက်ပြီး
လျှင် သူမရဲ့ ပြင်ဆင်မူက ပြီးဆုံးသွား
သည်။
အောက်ထပ်ကို ဆင်းလာလျှင် အခုမှ
အိပ်ရာနိုးခါစ မေမေက ခြယ်ကို အံသြ
တအ ကြည့်လျှက်………
"ဟဲ……သမီး …မနပ်စောစောစီးစီး
ပါလား …ဘယ်သွားမလို့လည်း …"
"ဟို……ခေတ္တာ ရဲ့ မွေးနေ့ပါ မေကြီးရဲ့……"
"သြော်…ကောင်းကောင်းသွားနော်…
သမီး …ဘာနဲ့သွားမှာလည်း ……"
"မေကြီးရာ ……စိတ်ပူမနေနဲ့……
ဟိုကောင်မင်းခေတ် လာကြိုမှာ…"
"အေးပါ………သမီးရယ်"
မင်းခေတ် က သူမ မေကြီး နဲ့လည်း ခင်မင်ရင်းနီးနေပြီးသား …။သူမအိမ်
နှင့်လည်း အဝင်အထွက်ရှိသည် သူတစ်
ယောက်ဖြစ်သည်။
ခြယ် …မေကြီးကို အာပွားပေးရင်း…
"သွားပြီနော်………မေကြီ…"
"အေးအေး………"
မေကြီးကို နှုတ်ဆက်ရင်း သူမ တိုက်အိမ်
လေးထဲမှ ထွက်လာခဲ့သည်။
သူမ …မင်းခေတ် …စောင့်နေရမည်ဆိုး
၍ လမ်းထိပ် ကို ခပ်သွက်သွက်လေး
လျှောက်လာခဲ့သည်။
သူမ လမ်းထိပ်ရောက်သည် အထိ မင်းခေတ် အရိပ်အယောင်ကို မတွေ့
ရသေး။
သူမ ထို့နေရာလေးမှာ ရပ်၍ စောင့်နေမိသည်။ …………
အချိန်အတော်ကြာသည် အထိ မင်းခေတ်
ပေါ်မလာ သဖြင့် သူမ လက်ကိုင်အိပ်ထဲ
မှ ဖုန်းလေး ထုတ်လိုက်ပြီး မင်းခေတ် ကို ဆက်ရန် ပြင်လိုက်စဉ်…………
သူမ ဘေးနားသို့ ကားတစ်စီး ထိုးရပ်
သွားပြီး ကားထဲမှ မြင့်မားသော အရပ်ဖြင့် စမက်ကျကျဝတ်စားထားသည်
လူတစ်ယောက် ထွက်လာသည်။
ထိုလူက " ခြယ်မုန်းရံ " အနားလျှောက်
လာပြီး ………………
"ခြယ်မုန်းရံ……………"
"ဟင်…………"
ခြယ်……တစ်ယောက် သူမနမည်ကို ထို့လူ ခေါ် လိုက်သည်ကို ကြားလိုက်
သောကြောင့် အံသြတအ မော့ကြည့်သည်။
ထို့လူက မျက်မှန်ကို ချွတ်လိုက်ရင်း
"မင်းခေတ်က " ခြယ်မုန်းရံ " ကို ကြိုခိုင်း
လိုက်လို့ပါ……"
'ခြယ်' တစ်ယောက် သူမကို စကားပြောနေသည် ထို့လူကို ငေးကြည့်မိသည်။
စိမ်းစိုနက်မှောင်နေသည် မျက်ခုံး…စူရှ
လွန်းသည် မျက်ဝန်းအတူ နီရဲစိုဖက်နေ
သော နှုတ်ခမ်းတို့က ထို့လူ မျက်နှာနှင့်
လိုက်ဖက်စွာ …။
"ခြယ်မုန်းရံ………"
ထို့လူရဲ့ ခေါ်သံကို ကြားတော့မှ သူမ
အကြည့် ပြန်လွဲလိုက်ရင်း ………
"ဟို…မင်းခေတ်က …ဘာလို မလာနိုင်တာလည်း………"
"သူက မွေးနေ့ပွဲမှာ ဝိုင်းကူလုပ်ရင်း အလုပ်ရှုပ်နေလိုဗျ…အဲဒါကြောင့်
ကျွန်တော်ကို လာကြိုခိုင်းတာ ……"
"အော်………"
သူမ ထို့လူပုံစံကို ကြည့်ရင်း လိမ်နေတာ
တော့ ဖြစ်နိုင်မည် မထင်ဟု ယုံကြည်မိ
သည်။ အချိန်ကလည်း နောက်ကျနေပြီ
မဟုတ်ပါလား ……။
တက်ပါ…………"
နောက်တံခါးဆီကို ဦးတည်နေသည် ခြယ်
ခြေလှမ်းတွေ့က ရှေ့ကားတံခါးကို ဖွင့်ပေးနေသည် ထို့လူကို မြင်တော့
ခြေလှမ်းတွေ့က ရပ်သွားပြီး ကား ရှေ့ခန်းမှာဝင်ထိုင်လိုက်သည်။
"ခြယ်……မမြင်လိုက်မိသည်က ထို့လူ
ရဲ့ လျှိုဝှက်နက်နဲသော အပြုံးတစ်ခု ……။
…………………………………
"မင်းခေတ် …တစ်ယောက် 'ခြယ်'
ကို ကြိုရန် ကားမောင်း ထွက်လာခဲ့သည်။
"ခြယ်" ဆိုတာ သူနှင့် (9)တန်း ကနေ
တက္ကသိုလ် တက်သည် အထိ မခွဲတမ်း ခင်လာခဲ့သည် သူငယ်ချင်း
အရင်းအချာ ကြီးတွေ့ဖြစ်သည်။
ခြယ်မှာ ဖခင် မရှိတော့။ မိခင်သာ ရှိတော့ သည်။ အရမ်းကြီး မချမ်းသာ
သော်လည်း သူဖခင် ထားရစ်ခဲ့သည် ပစ္စည်းဥစ္စာ တွေ့နှင့် ခြယ်တို့ကောင်းကောင်း ရပ်တည်နေနိုင်သည်။
"ဟာ …"
မင်းခေတ် တစ်ယောက် ကားရှေ့သို့ ရုတ်တရက် ဝင်လာသော ကလေး
တစ်ယောက်ကို မြင်သည်နှင့် ဘရိတ် အုပ်
လိုက်သည်။
"ကျီ………"
ကလေးက ကားရှေ့မှာ ပစ်လဲသွား
သည်။
မင်းခေတ် …ကားကိုထိုးရပ်ရင်း လဲကျနေသော ကလေးဆီ ပြေးလာခဲ့သည်။
တော်သေးသည် ကလေးက ကားနဲ့ ခပ်
လှမ်းလှမ်းမှာ လဲကျနေသည်။ သူကားနှင့် မတိုက်မိ………။
"ဘာဖြစ်သွားသေးလည်း ကလေး…"
"အား ……သားခြေထောက်…နာတယ်
ဟီး……ဟီး…"
ကလေးက လဲသည် အရှိန်နှင့် ခြေထောက်ခေါက်သွားသည် ထင်။
အော်ငိုနေသည်။
လူတွေ့က ဝိုင်းအုံလာသည်။ သူကား
နှင့် မတိုက်မိသော်လည်း ပြဿနာ တက်မိဆိုး၍ သူ ကလေးကို ပွေ့ချီရင်း
……………………
"ဦး……ဆေးခန်းကို လိုက်ပြပေးမယ်
ကလေး…"
မင်းခေတ်…ကလေးကို ပွေ့ချီကာ ကားမောင်းထွက်လာခဲ့သည်။ ကားလေး
က ဆေးခန်းဆီကို ဦးတည်လျှက်………။
ကလေးကို ဆေးခန်းပို့နေရင်းပင်……
မင်းခေတ် "ခြယ်" ကို ဖုန်းပြောရန် ဖုန်း
ခေါ်လိုက်သည်။
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်း
မှာ စက်သွယ်မှု ဧရိယာ ပြင်ပသို့ရောက်
ရှိ…………"
"ကျွစ်…………"
သူ 'ခြယ်' ဖုန်းကို အကြိမ်ကြိမ် ဆက်သော်လည်း အဆက်အသွယ်လုပ်မရ…………။
……………………………………
"မင်းလက်ယာ……"တစ်ယောက် ကား
ကို လျှင်မြန်စွာ မောင်းနှင်ရင်း သူကား
ပေါ်မှာ ပါလာသည် ခြယ်ကို ကြည့်ကာ
မဲ့ပြုံးပြုံးသည်။
စီစဉ်ထားသည် ကိစ္စတွေ့က အခက်အခဲ
မရှိ အောင်မြင်သည်…။ တမလွန်မှ
အလင်းရောင်က များ ကူညီပေးနေလား
မသိ………။
"မင်းရဲ့ဘဝက ဒီနေ့အဆုံးသက်ပြီ ခြယ်မုန်းရံ………"
"ခြယ်……တစ်ယောက် ကားလေးပေါ်
မှာ တိတ်စိတ်စွာ လိုက်ပါလာရင်းမှ
ကားက မွေးနေ့ပွဲ ကို သွားရာ လမ်းမဟုတ်ဘဲ အဝေးပြေးလမ်းမကြီးပေါ် ရောက်နေသည်ကို သတိထားမိလာသည်။
"ဒီမှာ ……ဒီမှာ …ရှင်ဘယ်ကိုမောင်း
နေတာလည်း ……"
"မင်းလက်ယာ……" ဆီမှ အဖြေထွက်
မလာဘဲ မဲ့ပြုံးကို မြင်တော့ ခြယ်ရင်
ထဲ စိုးရိမ်စိတ်များ ဝင်လာသည်။
"ဒီမှာ …ကျွန်မ မေးနေတယ်လေ……ရှင်…ကားကို
အခုရပ်မှာလား မရပ်ဘူးလား …"
"ကျီ………" ထို့လူက ကားကို
ထိုးရပ်လိုက်ပြီး 'ခြယ်'ဆီကို ကြည့်လိုက်
သည် မျက်ဝန်းတွေက စိမ်းတောက်စွာ………။
'ခြယ်……ကားရပ်လိုက်သည်နှင့် သူမ
ကားပေါ်က ဆင်းပြေးဖို့ ပြင်သည်။
ထို့လူက သူမ လက်ကို စောင့်ဆွဲလိုက်
သည်။
"ရှင်……လွတ်နော်……ကျွန်မ လက်ကို အခုလွတ်……"
ခြယ် ……လက်ကို အတင်းရုန်းတော့
သည်။
"မင်းဘယ်ကို ပြေးမှာလည်း ခြယ်မုန်းရံ
……မင်းဘယ်ကို ပြေးပြေး ကြိုက်သလောက် ပြေး…မင်းသိထားဖို့က တမလွန်ကိုပြေးတောင် ငါလက်က မလွတ်ဘူး……"
ခက်ထန်သော မျက်နှာနှင့်အတူ အေးစက်စွာ ပြောနေသော ထို့လူရဲ့
စကားတွေ့ကြောင့် ခြယ် ကြောက်လန့်
တကြားမော့ကြည့်သည်။
ထို့လူက ခြယ်…ကြောက်လန့်နေသော
ပုံကို မြင်တော့ တဟားဟား အော်ရီသည်။
"ရှင်……ရှင်ဘယ်သူလည်း "
"ငါနမည်က မင်းလက်ယာ ဘဲ…"
ထို့နမည်မျိုးကို သူမ မသိ။
"ရှင်ကို…ကျွန်မ…ကျွန်မ မသိဘူး …ရှင် ကျွန်မကို ဘာလို ခေါ်လာတာလည်း …"
ထို့လူက သူမကို စိုက်ကြည့်ရင်း …
"မင်းကို ခိုးလာတာ ……"
"ဘာ ……ဟင်အင်း …"
သူမ လော့စ်ချထားသည် ကားတံခါးကိုသာ ထုရိုက်ရင်း မျက်ရည်များ ကျလာသည်။
"အဟင့်……ကားတံခါး ဖွင့်ပေးပါ……ရှင်ရှုးနေပြီ
လား ……ကျွန်မကို လွှတ်ပေးပါ…"
သူမ ငိုရှိုက်ကာ ပြောတော့ ထို့လူက
သဘောကျစွာ ရီသည်။
"မင်း မျက်ရည်ကျနေတာလား……ဒါဆို
ငါကျေနပ်တယ်…မင်းတစ်ဘဝလုံး မျက်ရည် များစွာနဲ့ ဖြက်သန်းစေရမယ်……"
"ဟင်အင်း ……ရှင်ရှုးနေပြီး …မင်းခေတ် ငါကို ကယ်ပါအုံး ……ကယ်ကြပါအုံး ……"
သူမ ကားထဲမှာ အသံကုန် အော်တော့ ထိုလူက သူမကို ဖမ်းချုပ်ရင်း နခေါင်းကို ပါဝါလေးဖြင့်ပိတ်လိုက်သော အခါ သူမ လောကကြီးအမှောင်ကျသွားတော့သည်။
သတိမေ့သွားသော "ခြယ်မုန်းရံ"ကို
ကြည့်ကာ ကားလေးကို မောင်းလိုက်ရင်း မင်းလက်ယာ ပြုံးလိုက်သည်။
"မင်းဘဝအတွက် အမှောင်နေ့ရက်တွေ့
ရောက်လာပြီ ခြယ်မုန်းရံ……"
အပိုင်း (3)မျှော်