myanmar
ဗမာပြည်က ကလေးတွေ ဂူထဲပိတ်မိခဲ့သည်ရှိသော်. . .
အရင်ဆုံးအနေနဲ့ အလှူခံဋ္ဌာနတွေ အမြောက်အများပေါ်လာလိမ့်မယ် ။ လှူ လည်းလှူကြလိမ့်မယ် ။ ဘဏ်အကောင့်ကနေလှူ ရတာ အားမရသူအချို့ကတော့ မြေပြင်အထိကိုယ်တိုင်ကိုယ်ကျသွားလှူ လိမ့်မယ် ။ ပြီးရင် ဘတ်စကားကျပ်တာကအစ ဆိုက်ကားခဈေးကြီးတာအဆုံး စီကာပတ်ကုံးရေးပြီး ဖေ့ဘုတ်ပေါ် ကိုယ့်ပုံကြီးနဲ့တွဲပြီးတင်လိမ့်မယ် ။
ဦးစံလင်းကတော့ ရေအောက်ကနဂါးသခင်လေးနဲ့ တောင်တော်သခင်မတို့ ချစ်ကြိုက်ပြီး ကျီစယ်နေတာကြောင့် ကလေးတွေကို ခေတ္တခဏဝှက်ထားတာဖြစ်ပြီး ၊ ကလေးတွေကို ပြန်တွေ့ချင်ရင် ခေါင်းလောင်းပြန်ဆယ်ရမယ့်အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်လိမ့်မယ် ။ မီဒီယာတချို့ကတော့ ဒါဟာ NLD အစိုးရစောက်သုံးမကျလို့ဖြစ်ပြီး ၊ အစိုးရဟာ စာသင်ကျောင်းတွေမှာ ရေကူး ၊ ရေငုပ်နဲ့ ဂူအောင်းနည်းသင်တန်းတွေကို သင်ကြားဖို့ပျက်ကွက်ခဲ့တာကြောင့် ကလေးတွေဂူရွှေးကုန်တာဖြစ်ကြောင်း ခေါင်းကြီးပိုင်းမှာရေးလိမ့်မယ် ။ ဒီအခါမှာ မေမေ့သားသမီးတချို့ကလည်း ကြက်ခေါင်းဆိတ်မခံ ဒီကိစ္စဟာ မေမေနဲ့မဆိုင်ကြောင်း ၊ နင့်အဘတွေက ရေကူးကန်တွေကို သူတို့အိမ်ထဲရွှေ့ပစ်တုန်းကတော့ နင့်စောက်ပေါက်ပိတ်နေတာလား အစချီပြီး တိုက်ပွဲတွေပြင်းထန်လာလိမ့်မယ် ။
ဘေးအန္တရာယ် နှင့် ကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေလည်း ဖေ့ဘုတ်မှာ အလျှိုလျှိုပေါ်လာလိမ့်မယ် ။ သူတို့ဟာ ကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်တွေကို စကြ၀ဠာအဆင့်တတ်မြောက်ထားသူတွေဖြစ်ပေမယ့် ဖေ့ဘုတ်ပေါ်မှာတော့ ဗမာစာနဲ့ပဲတင်လေ့ရှိတယ် ။ တချို့ဆို ကမ္ဘာ့စာပေတွေလေ့လာနေလို့လားမသိ . . . မြန်မာစာလုံးပေါင်းသတ်ပုံတောင် မေ့တေ့တေ့ဖြစ်နေဟန်ရှိတယ် ။
ပရဟိတမင်းသားချောလေးကတော့ ရေငုတ်ဝုတ်စုံဝတ်ရမှာမို့ ပျော်နေမှာဖြစ်ပြီး ၊ ပရိတ်သတ်တချို့ကတော့ မင်းသားကို ရေငုတ်ဝတ်စုံဝတ်တဲ့အခါ အပြည့်အစုံဝတ်စေချင်ပြီး လိုအပ်ရင်တစ်ရှုးစတွေထိုးထည့်ထားစေချင်ကြောင်း ၊ အရင်လို စပ်စပိုင်ဒါဝတ်ပြီး ထမင်းစားတဲ့ပုံထွက်တုန်းက မြင်လိုက်ရတဲ့ပဲမြစ်ကို အလွန်စိတ်ပျက်မိကြောင်း ၊ တစ်ရှုးစထည့်နည်းကို အောင်ရဲလင်းထံမေးမြန်းစေချင်ကြောင်း ပို့စ်တင်အကြံပေးလိမ့်မယ် ။
ဂိုရှယ်လေးကတော့ ဒါဟာ CIA လက်ချက်ဖြစ်ကြောင်း ၊ သို့ပေသိ အမေရိကန်လည်း လုပ်ပြီးမှ များစွာစိတ်မကောင်းဖြစ်မိကြောင်း ၊ နောင်တရပြီး ဒေါ်နယ်ထရမ့်ကိုယ်တိုင် ထမင်းထုပ်လာဝေမှာဖြစ်ကြောင်း ရှင်းပြလိမ့်မယ် ။ ဇာနည်တိုက်ကတော့ မေမေကိုယ်တိုင် ထမိန်စွန်တောင်ဆွဲပြီး ဂူထဲဝင်မယ့်အကြောင်း ပို့စ်တင်လိမ့်မယ် ။
ကလေးတွေပြန်လည်လွတ်မြောက်လာရင်တော့ ကလေးတွေအနား ပထမဆုံးကပ်ခွင့်ရသူဟာ ဘယ်လာဖြစ်လာလိမ့်မယ် ။
crd ဆြာတေ