ချစ်လှစွာသောသူငယ်ချင်းများဖြင့်ကျိုက်ပေါလောမှဲ့ရှင်ဘုရားသို့အလည်တခေါက်(အိမ်ပြန်ခရီး)
ဗုဒ္ဓရုပ်ပွါးတော်ကို သီဟိုဋ္ဌ်ကျွန်းမှ အဓိဋ္ဌာန်ဖြင့် ကျောက်
လှည်းဘီးပေါ်ကို ပလ္လင်ခံကာ သမုဒ္ဓရာသို့ မျှောလိုက်
ပြီး ကျိုက်ထိုမြို့ရှိချောင်းရိုးတစ်ခု အတွင်းသို့ဝင်ရောက်
ဝင်ရောက်လာသည်ကို နွားစာရိတ်နေသော ဦးထွန်းဘော်
ကတွေ့ရှိသဖြင့် ရွာမှလူများကိုပြောပြရာ တဆင့်စကား
တဆင့်ကြားပြီး လာရောက်ဖူးမျှော် ကြလေသည်။
ထိုနောက် ချောင်းရိုးထဲဆင်း၍ ကြိုးကြီးများဖြင့် ဆွဲယူ
တင်ဆောင်ရာ မူလနေရာမှာတင် စံပယ်လျှက်ရှိနေလေ
သည်။ ။ ။ ယခင်မှ အဆက်… …
ထိုသို့သောသတင်းကို သူဌေးကြီး ဦးဖိုးထော်၊ ဇနီး
ဒေါ်လုံမ အပြင် ဗျ ဂ္ဃမင်းကြီးတို့ လည်း ချက်ချင်း
ရောက်လာကြသည်ဟုဆိုသည်။သူဌေးကြီးလင်မ
ယား ကိုးကွယ်သော ဘုရားသုံးဆူတောင်မှ မဟာ
ဂုရုရသေ့ကြီး လည်းရောက်ရှိလာသည်။ကျောက်တုံး
ဟူလျှင်ရေမြုပ်မြဲ ဖြစ်သော်လည်း ယခု ကျောက်လှည်း
ဘီးကြီးသည်ရေပေါ်တွင်ပေါ်နေသည်မှာ ရုပ်ပွါးတော်
၏တန်ခိုးကြောင့်သာဖြစ်ပေမည်ဟု စဉ်းသားမိလေ
သည်။မည်သူတစ်ဦးတစ်ယောက်မျှ ပင့်ဆောင့်၍လဲ
မရခြင်းမှာလဲ သီလသမာဓိနှင့်ပြည့်စုံသော ဘုရားဒါ
ယကာဖြစ်ထိုက်သူမဟုတ်သေး၍ ချောင်းအတွင်းမှ
ပင့်ဆောင်၍ မရခြင်းဖြစ်ပေလိမ့်မည်ဟု လူအပေါင်း
တို့က အမျိုးမျိုးဝေဖန်ပြောဆိုကြလေသည်ဟုစာပေ
များတွင်ဖတ်ရှူ့ရပါသည်။
မည်သူမှပင့်ဆောင်၍မရသဖြင့် ဗျ ဂ္ဃမင်းကြီး ကိုယ်
တော်တိုင်ချောင်းရိုးထဲဆင်းပြီး ပင့်ဆောင်လေသည်။
ထိုသို့ပင်ဆောင်သော်လည်း မူလနေရာမှာပင် တည်
ရှိနေလေသည်။ပင်ဆောင်၍မရသည်ကို မဟာဂုရုရ
သေ့ကြီးမြင်သော် သူဌေးကြီးဦးဖိုးထောင်အားဆင်း
၍ပင့်ဆောင်စေသည်။ သူဌေးကြီးလဲ အားရဝမ်းသာ
စွာဖြင့်ဆင်း၍ပင့်ဆောင်လေသည်။ သူဌေးကြီးအမျိုး
မျိုးကြိုးစားသော်လည်း ဗုဒ္ဓရုပ်ပွါးတော်မှာ မူလနေရာ
တွင် တည်တည်ငြိမ်ငြိမ် ပင်စံပယ်နေလေသည်။
တဖန်ရသေ့ကြီးသည် ဒေါ်လုံမပြောသော အိမ်မက်
ကိုသတိရရှိပြီး ဒေါ်လုံမအားဆင်း၍ ပင့်ဆောင်စေ
ပြန်သည်။ဒေါ်လုံမလဲ သူ၏အိမ်မက်မက်ထားသည်
ကိုသတိရပြီးလျှင် ရသေ့ကြီးပြောသော အိမ်မက်နိ
မိတ်ကောက်ပေးပုံကို နားတွင်ကြားယောက်လာ
လေသည်။ဒေါ်လုံမ သည်ဘုရားကိုအာရုံပြု၍
ကြည်ညိုစွာ ဖူးဖော်ကန့်တော့လေသည်။ ထိုသို့
ဖူးမျှော်ကန်တော့ပြီးလျှင် အနီးနားတွင် ရပ်ကြည့်
နေသော အမျိုးသမီးတစ်ဦးကိုက်ထားသည့် ဗိုင်း
ထောင့်ချည်လုံးကို ခဏငှားယူပြီးလိုသလောက်
ချည်ကိုဖြတ်ပြီးလျှင် ရေထဲသို့ဆင်းလေသည်။
ရေထဲသို့ဆင်းပြီး ကျောက်လှည်းဘီးကြီးကို ရစ်
ပါတ်လေသည်။ ထိုသို့ရစ်ပါတ်သည်ကို လူထုပြင်
လျှင် လူတို့၏သဘာဝအတိုင်း ကဲ့ရဲ့ကြကုန်သည်။
လူပေါင်းများစွာခွန်အားဖြင့် ကြိုးကြီးကြိုးငယ် အ
သွယ်သွယ်ဖြင့် ပင့်ဆောင်သည်ကိုပင်မရသောရုပ်
ပွါးတော်ကို အပ်ချည် ဖြင့်ရစ်ပါတ် ပင့်ဆောင်သည်
မှာမဖြစ်နိုင်ဟု ပြက်ရယ်ပြုကြလေသည်။
မဟာဂုရု ရသေ့ကြီးကလဲ "ဘုရားဒါယိကာ ဖြစ်
ထိုက်က ပင့်ဆောင်၍ ရနိုင်ပေလိမ့်မည်။ပြက်ရယ်
မပြုကြလေနှင့်" ဟုပြောဆိုမှ လူထုကြီးလဲ ဒေါ်လုံ
မ ဘုရားပင့်နေသည်ကို တိတ်ဆိတ်စွာ ကြည့်
ကြကုန်သည်။
ဒေါ်လုံမလည်း "အိပ်မက်အရ ဘုရားဒါယိကာ
ဖြစ်ထိုက်က ဤချည်ကြိုးဖြင့် ဆွဲရုံမျှဖြင့် ကမ်းစပ်
သို့ အခက်ခဲမရှိ အလိုလို ကြွတော်မူပါဘုရား" ဟု
အဓိဋ္ဌာန်ပြုကာဆွဲတင်လေသည်။ ထိုအခါမှ ရုပ်ပွါး
တော်သည် ကျောက်လှည်းဘီးကြီးနှင့် အတူကမ်း
စပ်သို့ကြွလာပါတော့သည်။ ဒေါ်လုံမကိုလဲ လူထု
ကြီးက တရိုတသေ တလေးတစားအလေးပေး
ဆက်ဆံကြလာသည်ဟုဆိုလေသည်။
ထိုနောက် ရုပ်ပွါးတော်မြတ်အား ရေကောင်းရေး
သန့်၊ အမွှေးနံ့သာရည်တို့ဖြင့် ကောင်းစွာသွန်း
လောင်းသပ္ပာယ်ကြပြီး ရှိခိုးပူဇော်ကြလေသည်။
ထိုအခါ ရုပ်ပွါးတော်မြတ်သည် သက်ရှိထင်ရှား
ဘုရားရှင်ကဲ့သို့ မျက်တောင်တဖျက်ဖျက် ခတ်
လာလေသည် ကို ဘုရားဖူးလူထု ကြီးမျက်ဝါး
ထင်ထင်တွေ့လိုက် ရသောအခါ အလွန်အံ့သြ
ပြီးကြည်ညိုသဒ္ဓါထက်သန်စွာရှိခိုးပူဇော်ကြကုန်
လေသည်။
ထိုနောက် မင်းနှင့်တကွ ပြည်သူအပေါင်းတို့က
ရုပ်ပွါးတော်အား ကုန်းတွင်းပိုင်းသို့ ပန်းရထား
ဖြင့်ပင့်ဆောင်ကြလေသည်။လမ်းခုလတ် ယခု
တည်ရှိရာ ဂန္ဓကုဋီတိုက်နေရာသို့ရောက်သော
အခါ လုံးဝလှုပ်ရှားမှုမရတော့ပေ။ ပန်းရထား
ကိုဆက်ဖြင့်ဆွဲလေရာ ဆင်ပင်မဆွဲနိုင်ပဲ ငယ်
သံပါအောင် အော်မြည်ရသည်ဟုလေ့လာတွေ့
ရှိရသည်။ထိုအခါ ပြည်သူလူထုက ရုပ်ပွါးတော်
မြတ်သည် ယခုရပ်တန့်သည့် နေရာတွင် ကိန်း
ဝပ်စံပယ်လိုသည်ထင်၍ ယခုရပ်တန့်သည်နေ
ရာ ကိုရှင်းလင်းပြုပြင်၍ ရုပ်ပွါးတော်မြတ်ကို
အရှေ့ဘက်သို့မျက်နှာစံပယ်စေလျှက် ယာယီ
ဂန္ဓကုဋီတိုက် တည်ဆောက်ကြလေသည်။
မင်းကြီးသည် ရုပ်ပွါးတော်မြတ်အားစောင့်
ကြည့်ရန် နေ့ည တာဝန်ချထားပေးလေသည်။
အရှေ့ဘက်သို့ မျက်နှာမူပြီး သီးတင်းသုံးနေ
သောရုပ်ပွါးတော်သည် မည်သူတစ်ဦးတစ်
ယောက်မှ လှည့်ပေးခြင်းမရှိပဲ မည်သည့်အချိန်
ကအနောက်တောင်ဘက်အရပ်သို့ မျက်နှာ
တော်လှည့်နေသည်ကိုမသိလိုက်ကြပဲ ထူဆန်း
စွာ ဖူးတွေ့ရလေသည်။ထိုသို့ယာယီကျောင်း
တော်တည်ဆောက်နေစဉ် ယခုနေရာမှ အလံ
နှစ်ဆယ်ခန့်ဝေးသောကုန်းမြင့်တခုပေါ်ဝယ်
အနောက်တောင်အရပ်သို့ မျက်နှာမူလျက်
ကျောက်လှည်းဘီးပေါ်၌ သီးတင်းသုံးစံပယ်
တော်မူသည်ကိုထက်မံ တွေရှိ ဖူးတွေ့ကြရလေ
သည်။ထိုကြောင့်မြေနေရာ ရှာသူများလဲနောက်
ထက်မြေနေရာမရှာတော့ပဲ
ကုန်းမြင့်နေရာတွင်သာ ဂန္ဓကုဋီ တိုက်ကျောင်းဆောင်
တည်ဆောက်ကြလေသည်။( အနောက်တောင်အရပ်
သည် သီဟိုဠ် ဘက်ရှိသည့် အရပ်ဟုသိရှိရပါသည်။)
ကျောင်းဆောင်ကြီးတည်ဆောက်ပြီးသည့်အခါ ရုပ်ပွါး
တော်မြတ်အားတဖန် အမွှေးနံ့သာများဖြင့်သန့်စင်တော်
မူလေသည်။ ဤတွင်ရုပ်ပွါးတော် လပ်ယာဘက်မျက်ခုံး
တော်အထက်နားတွင် မှဲ့ တစ်လုံးတွေ့ရှိလေသည်။
ထိုမှဲ့တော်ကို အမည်းစက် ထင်မှတ်ပြီး အထပ်ထပ်
ပွတ်တိုက်ဆေးကြောရာလဲပျောက်သွားခြင်းမရှိဘဲ
ပို၍ ထင်ထင်ရှားရှားပေါ်ထွက်လာလေသည်။
ထိုနောက် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်ရွှေဆိုင်းတို့
ဖြင့်ရွှေချလေသည်။ ထိုမှဲ့နေရာအမည်းစက်ပေါ်တွင်
ထပ်ပြီးရွှေဆိုင်းများအထပ်ထပ်ချထားလေသည်။
ရွှေအထပ်ထပ်ချပြီး တစ်နာရီလောက်အကြာတွင်
ထိုမှဲ့တော်မှာ ပေါ်မြဲအတိုင်းပေါ်နေပြန်သည်။
ရွှေချသူတို့က ရွှေချနည်းသည် အထင်ဖြင့် တစ်ပြန်
ထူနိုင်သမျှ ထူအောင် ရွှေဆိုင်းအထပ်ထပ် ရွှေချ
ကြပြန်သည်။နောက်ပေါ်မြဲအတိုင်းပေါ်နေကြောင်း
တွေ့ရှိရလေသည်။ဤသို့မှ မှဲ့တော်သည် မှဲ့ရှင်တော်
ဖြစ်ကြောင်းသိရလေတော့သည်ဟု လေ့လာတွေ့ရှိ
ရပါသည်။ထိုအချိန်မှစ၍ "မှဲ့ရှင်တော်ဘုရား" ဟုအ
မည်တွင်လာလေသည်။ ကျိုက်ပေါလော အမည်တွင်
သည်မှာလဲ မွန်စကားမှကာလရွေ့လျားလာ၍
"ကျာတ်ပလော့"မှ "ကျိုက်ပေါလော"ဟု၍ဖြစ်လာ
ခြင်းဖြစ်သည်။ ထိုအကြောင်းကို ရေးလျှင်ပြီးဆုံး
တော့မည်မထင်။နောက် ကြုံကြိုက်မှပဲ ရေးသား
ဖော်ပြပါတော့မည်။
ရုပ်ပွါးတော်၏ ဥာဏ်တော်မှာ ၃ပေ ၆လက်မ၊ နောက်
အောက်ခံဖုံမှာ ၆ လက်မ၊ တင်ပျဉ်ခွေ ဒူးတော်နှစ်
ဘက်အကျယ် ၂ပေ ၆လက်မ၊ ပလ္လင်အမြင့် ၄ပေ
၇လက်မ ရှိပါသည်။
-ထိုရုပ်ပွါးတော်မြတ်ကို မျက်လုံးတော်အစုံတို့သည်
မျက်တော်ခတ်ကာ ပကတိမျက်လုံးတော်ကဲ့သို့
တည်ရှိတော်မူသောကြောင့်
"ကျိုက်ပေါလောမျက်ရှင်တော်ဘုရား"
ဟူ၍လည်းကောင်း၊
-ရုပ်ပွါးတော်မြတ် လက်ယာဘက် မှဲ့တော်တစ်ခုထူး
ထူးခြားခြားပေါ်ထွက်လာသောကြောင့်
ကျိုက်ပေါလော မှဲ့ရှင်ဘုရား"ဟူ၍လည်းကောင်း၊
-မျက်နှာတော်သည် အသက်ထင်ရှားရှိနေသကဲ့သို့
တည်ရှိတော်မူခြင်းကြောင့်
"ကျိုက်ပေါလော ရုပ်ရှင်တော်ဘုရား"
ဟူ၍လည်းကောင်း ယခုတိုင်အမည်တွင်လေသည်။
ကျွန်တော်တို့သူငယ်ချင်း တစ်စုလဲ ရုပ်ပွါးတော်
မြတ်သမိုင်းအားလေ့လာမှတ်သားပြီး ဘုရားဝန်းရှိ
မဟာဗောဓိစေတီကို ဆက်လျက် ဖူးမျှော်ကြလေသည်။
ထိုနောက် ထုံးစံအတိုင်းဓါတ်ပုံများရိုက်၍ မုန့်စားကြပါ
သည်။မုန့်ဟင်းခါးကောင်းသည်ဟုပြောသောကြောင့်
သွားစားရာ မုန့်ဟင်းခါး မစားခဲ့ရပေ။
သို့ပေမယ့်လဲ ရှိရာ ဝက်သားဒုတ်ထိုးပဲ စားခဲ့ရပါလေ
သည်။ မော်လမြိုင်ပြန်ရန် ကားချိန်ကလဲ နီးလာပြီဖြစ်
၍ ကားဂိတ်သို့ ပြန်လာပါတော့သည်။ ညနေ၆ နာရီ
တွင် ကျိုက်ထိုမှ မော်လမြိုင်သို့ပြန်ထွက်လာပါတော့
သည်။ဤတွင် ချစ်လှစွာသော သူငယ်ချင်းများနှင့်
ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ပြီးဆုံးပါလေပြီ။
ကျမ်းကိုးကား…
၁။ စာပေနှင့်ယဉ်ကျေးမှု(ဒဂုံဦးလှဖေ)
၂။ရာဇဘိဝံသကထာ (မွန်)
၃။မြန်မာ့စွယ်စုံကျမ်း
၎။ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ
၅။ကျိုက်ပေါလောမှဲ့ရှင်သမိုင်း(စိုးရာဇာ - ကျိုက်ထို)
သမိုင်းကြောင်းနှင့် စာလုံးပေါင်းသတ်ပုံများ မှားယွင်းပါက
အမှားထောက်ပြပြီးပြင်ဆင်ဖတ်ရှူ့အကြံပေးပါလို့
ကြိုတင်တောင်းပန်အပ်သည်။ ။
steemit မှ ဆရာ များနှင့် မိတ်ဆွေအပေါင်းသင်းများ
အကျိုးထူးတရားများစွာရပါစေဗျာ။
Writer @ayeminmaung
အရေးအသားအတော်ကေင်းလာတယ်။ ဒါပေမယ့် ဘုရားပေါ်ကုလားတွေရောက်နေတယ်ဟရို့။
ကျေးဇူးပါဆရာ။ နဂိုကလဲ ကုလားပုံပေါက်တာဆိုတော့ မိုးရေထဲ လမ်းလျှောက်လာလို့ ပိုပြီးကုလားပုံဖြစ်သွားတာဟဲ
nice post
thanks
များများပျော်
မနာလိုဖြစ်နေတယ်ထင်တယ်နော်။ နောက်တစ်ခေါက်ဆို လိုက်ခဲ့။
good
thanks
Thanks for sharing.
ရပါ့
good post!
thanks for sharing,brother!
ok! thanks for support
Wow! I wanna to come .
သွားရောက်လည်ပါတ်ကြည့်ပါလို့ ။ ။
Thanks for sharing.
ဟုတ်
စုံစုံလင်လင်လေးရေးထားတာသဘောကျတယ်အကိုရေ။
တော်တော်ရှာယူရတယ် bro မျက်လုံးပါပြာတယ်။
👍👍
thanks