You are viewing a single comment's thread from:
RE: ကျွန်တော်နှင့် လွမ်းမောဖွယ်ကောင်းသော မန္တလေး ညများ - ( အပိုင်း - ၂ ) ( Henry Aung )
ကိုဟင်ရဲ့ ခြုံတိုးပြီး သောင်ခုံပေါ်သွားခဲ့ရတဲ့ အရသာ ပြောပြတော့
ကျွန်တော့ အတွေ့အကြုံလေး သွားသတိရမိပါတယ်။
ကျွန်တော်လည်း အစိုးရဝန်ထမ်းဘဝ သောင်ရင်းမြစ်တစ်လျှောက်
စစ်ကြောင်းနှင့်အတူ ခရီးသွားဖြစ်တုန်းကတော့ ဗိုက်က
မအီမသာ ဖြစ်လာတာနဲ့ အကြီးသွားဖို့ ကြံရပါတယ်။
စစ်ဖြစ်နေစဉ်ဆိုတော့ လမ်းမှာ ခြုံလည်း မတိုးရဲတော့
စစ်သားတွေ မိုင်းရှင်းပေးထားတဲ့ လူမြင်ကွင်းမှာပဲ ပုဆိုးခြုံပြီး
သွားခဲ့ရတယ်ဗျ။ ရှက်သွေးဖြာတဲ့ မျက်နှာလေးငုံ့လို့သာပေါဗျာ😁
လွမ်းမောဖွယ်ကောင်းသော မန္တလေးညကတော့ဖြင့် အပိုင်း
ဘယ်လောက်မှ ရောက်မယ် မသိဘူးနော်။
အဲဒီဒုက္ခက တကယ်ကို မသေးပါဘူး။ အဲဒီလို ကိစ္စမျိုးတွေ စင်္ကပူမှာလည်း ကြုံခဲ့ဖူးတယ်။ နောက်ပိုင်း ကြုံလို့ရှိရင် "ကျွန်တောပြောသော စင်္ကပူ " အခန်းဆက်မှာ ဖေါ်ပြပေးပါ့မယ်။ လောလောဆယ်တော့ မန္တလေး ရောက်နေပါပြီ။ သိပ်မလိုတော့ပါဘူး။