Toward My Dream

in #myanmar6 years ago

...မင်္ဂလာပါ မိတ်ဆွေတို့ရေ...
orca-image-1529674332037.jpg_1529674332140.jpeg
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိသည် ဟု Post တစ်ခု
ရေးခဲ့ဖူးပါသည်။ ထိုအိပ်မက်မှာ ပြင်ဦးလွင်မြို့ ဝန်းကျင်၌
ခြံဝန်းကျယ်ဖြင့် နှစ်ထပ်တိုက်ကလေး ဆောက်လုပ်နေထိုင်
ရန် ဖြစ်ပါသည်။ တိုက်ပုံစံကိုလည်း ကိုယ်တိုင် ခဲပန်းချီ
ဆွဲထားခဲ့ပါသည်။ ထို့ပို့စ်၏ link မှာ...
https://steemit.com/myanmar/@billionairehein/i-have-a-dream

ကျွန်တော်သည် ထိုအိပ်မက်နှင့် နှစ်ထပ်တိုက်ပုံကလေးကို
ဆွဲခဲ့စဉ်က ဟုမ္မလင်းမြို့နယ်ထဲရှိ ရွှေမှော် တစ်ခုတွင်
ဆေးခန်းလေး ဖွင့်၍ ဝင်ငွေ ရှာနေခဲ့ပါသည်။ ဆေးကုသခြင်း
ဖြင့် မချမ်းသာနိုင်ဟု စိတ်နေသဘောထား ရှိခဲ့သည့်အတိုင်း
တစ်လ ဝင်ငွေမှာ သုံးသိန်းလောက်သာ ရရှိခဲ့ပါသည်။
ငွေကြေးစီမံခန့်ခွဲမှု ကောင်းမွန်စွာ မရှိခြင်းနှင့် ငွေကြေးကို
ခိုင်းမစားတတ်သည့်အတွက် များများစားစား စုမိဆောင်းမိ
လည်း မရှိခဲ့ပါ။ ထို့အတွက် ပြင်ဦးလွင်အိပ်မက်ကို
အကောင်အထည် ဖော်ရန်မှာ အလုပ်အကိုင် ပြောင်းလဲမှ
ဖြစ်မည်ဟု ခံယူကာ မန္တလေးတွင် အလုပ်ရှာခဲ့ပါသည်။

မိမိအိပ်မက်ကို အကောင်အထည် ဖော်နိုင်မည့် ငွေကြေးကို
ရရှိဖို့ကား မိမိတတ်ထားသည့် ပညာဖြင့် ကုမ္ပဏီဝန်ထမ်း
အလုပ်ကား မဖြစ်နိုင်ချေ။ သို့ဖြစ်၍ ခေတ်စားလျက်ရှိသော
MLM နှင့် Online Investment တို့ကို လေ့လာ၍
အနည်းငယ် လုပ်ဖြစ်ခဲ့ပါတယ်။ သို့သော် စီးပွားရေးကား
မပြေလည်ခဲ့ပေ။

ဒီကြားထဲတွင် ချစ်သူမှလည်း အိမ်ထောင်ပြုဖို့ ပူစာလာပြီ
ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ပုံမှန်ဝင်ငွေ ရရှိရန် အလို့ငှါ ဆရာဝန်
တစ်ယောက်၏ ဆေးခန်းတွင် နေ့လည်ခင်း အချိန်ပိုင်း
လူနာကြည့်ဖို့ ဖြစ်လာခဲ့ပါတယ်။ ပထမတွင် လစာ ၂ သိန်းဖြင့်
နေခဲ့ပါတယ်။ အချိန်ပိုင်း ဆိုပြီး မိမိမှာ အချိန် အတော်များများ
ပေးဆပ်ခဲ့ရ၍ နှစ်လလောက် ကြာသောအခါ လစာ ၂သိန်း
အစား မိမိကြည့်၍ ရသော ဝင်ငွေမှ 20% ကို ယူဖို့
သဘောတူခဲ့ပါတယ်။ ထိုသောအခါ မိမိသည် ထိုဆရာဝန်
အပြင်သွားချိန်၊ အနားယူချိန်တို့တွင် လူနာကြည့်ခဲ့ရပါသည်။
တစ်လဝက်ငွေမှာ ၅သိန်းဝန်းကျင် ရရှိခဲ့ပါသည်။

ကျွန်တော်သည် ဆေးကုသခြင်းဖြင့် စီးပွားရှာခြင်းကို ရေရှည်
မလုပ်ဟု ဆုံးဖြတ်ထားသည်က တစ်ကြောင်း၊ ထိုဆရာဝန်
မိသားစု၏ ခွဲခြားဆက်ဆံမှုကို ခံရသည်က တစ်ကြောင်းနှင့်
ဆေးခန်းတွင် အချိန်များစွာ ပေးဆပ်နေရသည်က တစ်ကြောင်း
ကြောင့် ပျော်ရွှင်မှုကား မရရှိခဲ့ပါ။ ထိုအခါ အရက်သောက်
မိတတ်သည်များလည်း ရှိခဲ့ပါသည်။ သို့သော် ရည်ရွယ်ချက်
အိပ်မက်ရှိသည်ကြောင့် ပြုပြင်ပြောင်းလဲဖို့ ကြံစည်နေခဲ့ပါသည်။
မပျော်သော အလုပ်မှာ တိုးတတ်လမ်း မရှိဘူး ဖြစ်၍
အလုပ်ပြောင်းဖို့ ကြိုးစားနေခဲ့ပါတယ်။

ယခုသော် အခွင့်အလမ်းတစ်ခု ဝင်လာပါပြီ။ ထိုအရာမှာ
ပြင်ဦးလွင်မြို့အနီးရှိ တည်ဆောက်စ စက်ရုံတစ်ခုတွင်
တစ်လ ၂သိန်းဖြင့် ကမ်းလှမ်းမှု ရရှိခြင်း ဖြစ်ပါသည်။ ယခု
ဝင်ငွေ ၅သိန်းကို စွန့်လွှတ်ကာ အခြေခံဝင်ငွေ ၂သိန်းသာ
ရရှိမည် ဖြစ်သော အလုပ်ကို ပြောင်းဖို့မှာလည်း အတော်
စဉ်းစားရ ကြပ်ပါသည်။ အိမ်ထောင်ရှင်မကတော့ ပျော်ရာမှာ
လုပ်ဖို့ ခွင့်ပြုပါသည်။ ထိုအလုပ်၏ ပိုင်ရှင်သည် လွန်ခဲ့သော
၇ နှစ်လောက်ကတည်းက ခင်မင်ခဲ့သော မိတ်ဆွေ ဖြစ်သည်က
တစ်ကြောင်း၊ "ဝ" မရှိဘဲ "ဝိ" လုပ်မည် ဟူသော စိတ်ဓာတ်ဖြင့်
ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားနေသူ ဖြစ်သည်ကတစ်ကြောင်းနှင့်
မိမိ အိပ်မက်ရှိရာ ပြင်ဦးလွင်မြို့ အနီးမှာ ဖြစ်တာက တစ်ကြောင်း
ကြောင့် ထိုအလုပ်ကို လက်ခံဖို့ စိတ်ကူးမိပါသည်။ ထိုသူ၏
အလုပ် အောင်မြင်လျှင် မိမိသည်လည်း ကျွဲကူးရေပါ အောင်မြင်
မည်ဟု ယုံကြည်စိတ်ကြောင့် လောလောဆယ် ဝင်ငွေ နည်း
သော်လည်း အလုပ်ပြောင်းဖို့ စိတ်ကူးရှိနေပါသည်။
မှန်သည်၊ မှားသည်ကတော့ မိမိ၏ ကြိုးစားမှုနှင့် အချိန်ကို
စောင့်ကြည့်ဆုံးဖြတ်ရုံသာ ရှိတော့သည် မဟုတ်ပါလား။
ထို့ကြောင့် အိပ်မက်ရှိရာ သွားဖို့ စိတ်ကူးလေးကို ချပြလိုက်ပါ
တယ်။ မိတ်ဆွေတို့ရော ဘယ်လိုတိုက်တွန်းဝေဖန်ချင်ပါလဲဗျ။
Screenshot_2018_0623_081558.png
သွားရောက်နေထိုင်မည့် အဆောက်အဦးပုံ

မိတ်ဆွေများ ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ...

With A Dream,
@billionairehein

Sort:  

ပျော်ရွှင်အောင်မြင်ပါစေ ကိုရေ...

စိတ်ချမ်းသာမှအောင်မြင်မှုရနိုင်မှာပါ

ဟုတ်တယ်ဗျ...ဒါကြောင့် စိတ်ချမ်းသာမယ် ထင်တဲ့ဆီ ပြောင်းတော့မလို့

You got a 5.22% upvote from @minnowvotes courtesy of @billionairehein!

ဒူးစရာရှိတာ ဒူးတာဒူးပေါ့ဗျာ လုပ်ချင်တာ လုပ်ခွင့်ရတဲ့ အခွင့်အရေးက ထပ်ရဖို့ မလွယ်ဘူး ဖြစ်ချင်ရာကတော့ ကိုယ့်ဆန္ဒပဲ

စိတ်ကူးနှင့်ဘဝ ထပ်တူကျပြီး ဆန္ဒပြည့်အောင် ဖန်တီးကြည့်ရမှာပေါ့

အိမ်မက်ကို အကောင်အထည်ဖော်နိုင်ပါစေဗျာ။ ကြိုးစားနေသူအတွက် အောင်မြင်မှုက အဆင်သင့်စောင့်နေမှာပါ။

ကျေးဇူးပါဗျာ...အောင်မြင်အောင် ကြိုးစားရမှာပါပဲ

ဟုတ် ကြိုးစားသွားပါမည် ကျေးဇူးပါ

ကိုဟိန်းရဲ့ အိပ်မက်စိတ်ကူးတွေအတိုင်း ဖြစ်ပါစေ
ညီလေး ဆုပေးပါတယ်ဗျ

ကျေးဇူး ညီရေ

ဟိဟိ ပြင်ဦး လွင်ပြန်တိုင်း ကိုဟိန်းကိုဝင်တွေ့လို့ရပြီပေါ့ 😍😍😍

ဝိုင် အတူသောက်ကြတာပေါ့😁😁😁

ဆန္ဒာအဓိပတိ...
တနေ့..ရောက်လာရမှာပေါ့။

ကျေးဇူးပါ အန်တီရေ...
ဆန္ဒာဓိပတိ
စိတ္တေန နိယျတိ လောကော
စိတ်သည် လောကကို ဆောက်၏ ဆိုသလို
အောင်ရမည်ဟု ယုံကြည်ထားပါတယ်

စိတ်ကူး အိပ်မက်တွေ. အကောင်ထည်ဖော်လာနိုင်တဲ့နေ့  ပိုင်ဆိုင်နိုင်ပါစေ😋😋

ကျေးဇူးပါ @chitsone လည်း ပျော်ရွှင်အောင်မြင်ပါစေ

You got a 2.93% upvote from @upme thanks to @billionairehein! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).